မာရီလင်မွန်ရိုးသေဆုံးခဲ့သည့်နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
2644 Views

မာရီလင်မွန်ရိုးသေဆုံးခဲ့သည့်နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ရောင်းထွက်သွားပြီ

မာရီလင်မွန်ရိုးပိုင်ဆိုင်ခဲ့ဖူးသည့် တစ်ခုတည်းသောနေအိမ်၊
၁၉၆၂ ခုနှစ်တွင် ဆေးလွန်ကာ သေဆုံးခဲ့ရသော လော့စ်အိန်ဂျလိ နေအိမ်ကြီးကို အရောင်းဈေးကွက်တင်ထားခဲ့ရာမှ
ယခုအခါ ၇ ဒသမ ၂၅ သန်းဖြင့် ရောင်းထွက်သွားပြီဖြစ်ကြောင်း လော့စ်အိန်ဂျလိ အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းမှာ မူလခေါ်ဈေးထက် ကန်ဒေါ်လာ ၃၅၀၀၀၀ ခန့် ပိုမိုရရှိခဲ့သည်ဟု ဆိုသည်။
အကျယ်အဝန်း ၂၆၀၀ စတုရန်းပေရှိသည့် ယင်းနေအိမ်ကြီးကို
၂၀၁၇ ခုနှစ်၊ ဧပြီလကတည်းက Mercer Vine အိမ်ခြံမြေကုမ္ပဏီ မှတစ်ဆင့် အရောင်းဈေးကွက်တင်ထားခဲ့ခြင်း ဖြစ်သည်။

ဝယ်လက်မည်သူဖြစ်သည်ဆိုခြင်းကိုမူ ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိချေ။
မွန်ရိုးသည် ဤနေအိမ်ကို ၁၉၆၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၈၀၀၀၀ နီးပါးဖြင့် ဝယ်ယူခဲ့ကာ သူ၏အိမ်တော်ထိန်း ယူနစ်စ် မာရေးနှင့် အတူ နေထိုင်ခဲ့ကြသည်။

စပိန်ဗိသုကာဟန်ဖြင့်ဆောက်လုပ်ထားသော နေအိမ်ကို မွမ်းမံရန် အလှဆင်ပစ္စည်းများ ဝယ်ယူရန်အတွက် မက္ကဆီကိုအထိ ခရီးထွက်ခဲ့သည်ဟု ဆိုသည်။အသက် ၃၆ နှစ်သာရှိသေးသောအရွယ်တွင် မာရီလင်မွန်ရိုးကွယ်လွန်သွားချိန်၌ အဆိုပါနေအိမ်ကြီးမှာ တစ်စိတ်တစ်ပိုင်းမျှသာ အလှဆင်ပြီးစီးသေးသည်။
မာရီလင်မွန်ရိုးသည် ၁၉၆၂ ခု သြဂုတ်လ ၅ ရက် မနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

အိမ်အလုပ်သမားဖြစ်သူ ယူနိုက်စ် မာရေးသည် မနက် ၃နာရီခန့်တွင် အိပ်ယာမှ နိုးလာချိန်၌ မွန်ရိုး၏ အိပ်ခန်း မီးလင်းနေသည်ကို တွေ့ခဲ့ရပြီး သွားရောက်ခေါ်ငင်ရာ တုန့်ပြန်မှုမရှိဘဲ တံခါးကို အတွင်းမှ ပိတ်ထားသည်ကို တွေ့ရသည်။မာရေးက မွန်ရိုး၏ ဆရာဝန် ဒေါက်တာ ဟိုင်မန်း အန်ဂျယ်ဘာ့ ကို ခေါ်ယူရာ နံနက် ၃း ၅၀ အချိန်တွင် ရောက်ရှိလာခဲ့ပြီး အခန်းပြတင်းမှန်ကို ခွဲကာဝင်ရောက်ကြည့်ရှု ရာတွင် မွန်ရိုးသေဆုံးနေသည်ကို တွေ့ရှိရသည်။
နံနက် ၄း ၂၅ အချိန်တွင် လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

မွန်ရိုး၏ အမှုကို “လော့စ်အိန်ဂျလိစ် မိမိကိုယ်ကို အဆုံးစီရင်မှုကာကွယ်ရေးအသင်း” မှ ကျွမ်းကျင် ပညာရှင်များနှင့် ဆေးပညာရှင်များ စစ်ဆေးခဲ့ကြပြီး သေဆုံးရခြင်း အကြောင်းအရင်းမှာ ပြင်းထန်သည့် စိတ်ငြိမ်ဆေး အဆိပ်သင့်မှု ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
သူ၏သွေးထဲတွင် ကလိုရယ်ဟိုက်ဒရိတ် ရာခိုင်နှုန်း ၈ မီလီဂရမ်၊ ပန်တို ဘာပီတယ်ရာခိုင်နှုန်း ၄ ဒသမ ၅ မီလီဂရမ်အပြင် အသည်းအတွင်း၌ ပန်တိုဘာပီတယ်ရာခိုင်နှုန်း ၁၃ မီလီဂရမ် စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ပမာဏမှာ သေစေနိုင်သည့် အတိုင်းအတာထက် အဆပေါင်းများစွာ ကျော်လွန်နေသည်ဟု ဆိုသည်။

သူ၏ အိပ်ယာဘေးတွင်လည်း ဆေးပုလင်းအလွတ်များ တွေ့ရှိခဲ့သည်။
မွန်ရိုး ရုတ်တရက် သေဆုံးသွားမှုကို အမေရိကန်နှင့် ဥရောပရှိ သတင်းစာတိုင်းက မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ကြသည်။
မွန်ရိုး သေဆုံးပြီးနောက်ပိုင်း လော့စ်အိန်ဂျလိစ်တွင် မိမိကိုယ်ကို
အဆုံးစီရင်မှု နှစ်ဆခန့်မြင့်တက်လာခဲ့ပြီး သတင်းစာများ၏ ရောင်းအားမှာလည်း တစ်ဟုန်တိုး ထိုးတက်သွားခဲ့ကြသည်။
ချီကာဂိုထရီဗြွန်း သတင်းစာသို့ မွန်ရိုးသေဆုံးမှုနှင့် စပ်လျဉ်း၍
တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုပေါင်း တစ်နေ့လျှင် အကြိမ်ရာနှင့် ချီ၍ ရှိခဲ့သည်။

မာရီလင်မွန်ရိုး၏ နေအိမ်အရောင်းဈေးကွက်တင်ခဲ့သည့် သတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/601430 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မာရီလင်မွန်ရိုးသေဆုံးခဲ့သည့်နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်ရိုးသေဆုံးခဲ့သည့်နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်ရိုးသေဆုံးခဲ့သည့်နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်ရိုးသေဆုံးခဲ့သည့်နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com
မာရီလင်မွန်ရိုးသေဆုံးခဲ့သည့်နေအိမ်ကြီး ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် ရောင်းထွက်သွားပြီ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service