တစ်ချိန်က ချာလီချက်ပလင်နေထိုင်ခဲ့ဖူးသော နေအိမ်ကို အင်ဂျလီနာဂျိုလီ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
2619 Views

တစ်ချိန်က ချာလီချက်ပလင်နေထိုင်ခဲ့ဖူးသော နေအိမ်ကို အင်ဂျလီနာဂျိုလီ ဝယ်ယူ

(လိုရင်းအချက်အလက်များ)

ဝယ်ယူသူ- အင်ဂျလီနာ ဂျိုလီ
ရောင်းချသူများ- ရစ်ချတ် ဂရော့စ်မန်းနှင့် လီဆာ လိုင်ယွန်းစ်
တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ 
ဈေးနှုန်း- ကန်ဒေါ်လာ ၂၄၅၀၀၀၀၀
အကျယ်အဝန်း- စုစုပေါင်း ၁၁၀၀၀ စတုရန်းပေ (အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၁၀ ခန်း)

အမေရိကန်ပြည်ထောင်စု၏ ခေတ်ဦးရုပ်ရှင်ထုတ်လုပ်သူ စီစီ-ဘီ- ဒီမီလီ၏ လော့စ်အိန်ဂျလိနေအိမ်ကို ဟောလိဝုဒ်ကြယ်ပွင့် အင်ဂျလီနာ ဂျိုလီက ဝယ်ယူလိုက်ပြီဖြစ်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အရောင်းအဝယ်ဖြစ်ခဲ့သည့် နေအိမ်မှာ နာမည်ကျော်များ စုဝေးရာ လော့စ်အိန်ဂျလိမြို့ ၊ Los Feliz အရပ်တွင်တည်ရှိသည်။
အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၂၄ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်ကြောင်း နာမည်ကျော်တို့၏ အိမ်ခြံမြေ အရောင်းအဝယ် လှုပ်ရှားမှုများကို သတင်းရယူနေလေ့ရှိကြသော ဟာဗေး ဝေါလ်ဘန်ဂါနှင့် ပက်တီကိတ်တို့က ပြောကြားခဲ့ပြီး ဝယ်ယူသွားသူမှာ ကောလဟလထွက်နေသည့်အတိုင်း အင်ဂျလီနာဂျိုလီဖြစ်ကြောင်း ကျိန်ဆိုပြောကြားခဲ့ကြသည်ဟု ဆိုသည်။

လော့စ်အိန်ဂျလိမြို့  Los Feliz အရပ်တွင် နေအိမ်တစ်လုံးအတွက် အမြင့်ဆုံးဈေးနှုန်းအဖြစ် စံချိန်တင်သွားခဲ့ပြီး ယခင်က ယင်းဒေသ တွင် အမြင့်ဆုံးဖြစ်ခဲ့သည့် ဈေးနှုန်းထက် ၂ ဆနီးပါးရှိသည်။

စပိန်ကိုလိုနီ ရီဗိုက်ဘယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါနေအိမ်ကို လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ဟာသသရုပ်ဆောင် ခရစ္စ ဟာ့ဒ်ဝစ်ခ်နှင့် နာမည်ကျော်မီဒီယာသမား လိုင်ဒီယာ ဟာ့စ်ထ်တို့ ဝယ်ယူရန် ကြိုးပမ်းခဲ့ကြဖူးသည်။

ယခုရောင်းချသူများဖြစ်သော ဝတ္ထုရေးဆရာ ရစ်ချတ် ဂရော့စ်မန်းနှင့် အနုပညာအတိုင်ပင်ခံပုဂ္ဂိုလ် လီဆာ လိုင်ယွန်းစ်တို့သည် ၂ ဒသမ ၁ ဧက အကျယ်အဝန်းရှိ ဤနေအိမ်ကို ၁၉၉၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခင်က ကန်ဒေါ်လာ ၁၈ ဒသမ ၉၅ သန်းမှ ၂၆ ဒသမ ၂၅ သန်းအကြား ဈေးနှုန်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် အရောင်းဈေးကွက်တင်ခဲ့ ဖူးသော်လည်း ရောင်းမစွံခဲ့ချေ။

နေအိမ်အတွင်း အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်းအထိ ပါဝင်ပြီး စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၁၀၀၀ အကျယ်အဝန်းရှိပြီး ပင်မနေအိမ်မှာ စတုရန်းပေ ၇၅၀၀ နီးပါးကျယ်ဝန်းသည်။

ပင်မနေအိမ်ကို ၁၉၁၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အီတာလျံ ရီဗိုက်ဘယ်လ်ဗိသုကာဟန်ဖြစ်သည်။
အဆိုပါနေအိမ်ကို ရုပ်ရှင်ထုတ်လုပ်သူ ဒီမီလီက ရုပ်ရှင်ထုတ်လုပ်ရေးရုံးအဖြစ် အသုံးပြုခဲ့သည်။

ခြံဝန်းအတွင်းရှိ သေးငယ်သော အခြားနေအိမ်တစ်လုံးတွင် ယခင်က အသံတိတ်ခေတ်ရုပ်ရှင်ကြယ်ပွင့် ချာလီချက်ပလင် နေထိုင်ခဲ့ဖူးပြီး ၁၉၉၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင် ဂရော့စ်မန်း လိုင်ယွန်းစ်က ပိုင်ဆိုင်ခဲ့သည်။
နောက်ပိုင်းတွင်မူ အင်မီဆုရာ ရုပ်သံထုတ်လုပ်သူ ဂျွန် ဝဲလ်စ်သို့ ရောင်းချခဲ့ပြီး ဂျွန်ဝဲလ်စ်က ၂၀၀၇ ခုနှစ်တွင် ရုပ်ရှင်ထုတ်လုပ်သူ မေရီ ပေးရန့်သို့ ကန်ဒေါ်လာ ၆ သန်းဖြင့် ရောင်းချခဲ့ပြန်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တစ်ချိန်က ချာလီချက်ပလင်နေထိုင်ခဲ့ဖူးသော နေအိမ်ကို အင်ဂျလီနာဂျိုလီ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က ချာလီချက်ပလင်နေထိုင်ခဲ့ဖူးသော နေအိမ်ကို အင်ဂျလီနာဂျိုလီ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က ချာလီချက်ပလင်နေထိုင်ခဲ့ဖူးသော နေအိမ်ကို အင်ဂျလီနာဂျိုလီ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က ချာလီချက်ပလင်နေထိုင်ခဲ့ဖူးသော နေအိမ်ကို အင်ဂျလီနာဂျိုလီ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က ချာလီချက်ပလင်နေထိုင်ခဲ့ဖူးသော နေအိမ်ကို အင်ဂျလီနာဂျိုလီ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
တစ်ချိန်က ချာလီချက်ပလင်နေထိုင်ခဲ့ဖူးသော နေအိမ်ကို အင်ဂျလီနာဂျိုလီ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service