ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင် တင်းဘားလိတ်နှင့် ဇနီးဖြစ်သူ သရုပ်ဆောင် ဂျက်ဆီကာ ဘိုင်ရယ် ကြယ်ပွင့်များစုဝေးရာ Tribeca တွင် Penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
1295 Views

ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင် တင်းဘားလိတ်နှင့် ဇနီးဖြစ်သူ သရုပ်ဆောင် ဂျက်ဆီကာ ဘိုင်ရယ် ကြယ်ပွင့်များစုဝေးရာ Tribeca တွင် Penthouse ခန်း ဝယ်ယူ

ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင် တင်းဘားလိတ်နှင့် ဇနီးဖြစ်သူ သရုပ်ဆောင် ဂျက်ဆီကာ ဘိုင်ရယ်တို့သည် ကြယ်ပွင့်များစုဝေးရာ Tribeca အဆောက်အအုံတွင် ကန်ဒေါ်လာ သန်း ၂၀ ကျော်ဖြင့် Penthouse
ခန်း တစ်ခန်းဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက်
အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အခန်းတည်ရှိသည့်နေရာမှာ နယူးယောက်မြို့ ၊ မန်ဟက်တန်အောက်ပိုင်း၊ ဂရင်းဝစ်ခ်ျရွာ အမှတ် ၄၄၃ ရှိ Tribeca အဆောက်အအုံတွင် ဖြစ်သည်။
မစ္စတာတင်းဘားလိတ်တို့ ဇနီးမောင်နှံသည် မန်ဟက်တန်တွင်ပင် အခြားအခန်းတစ်ခန်းဝယ်ယူထားသေးပြီး အဆိုပါအခန်း ဝယ်ယူစဉ်က ဆက်သွယ်ခဲ့သည့် အကျိုးဆောင်ကုမ္ပဏီထံမှပင် ယခုအခန်းကို ၂၀ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အိပ်ခန်း ၄ ခန်းပါ အဆိုပါကွန်ဒိုခန်းကို ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မူလက စာအုပ်ချုပ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရာ အဆောက်အအုံဖြစ်ပြီး နောက်ပိုင်းတွင် ဇိမ်ခံကွန်ဒိုအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ယင်းအဆောက်အအုံတွင် Penthouse ခန်း ၈ ခန်းပါဝင်ပြီး အကျယ်အဝန်း ၅၃၇၄ စတုရန်းပေရှိကာ စတုရန်းပေ ၂၄၀၀ အကျယ်အဝန်းရှိ အမိုးပေါ် သီးသန့်လသာဆောင်ပါဝင်သည်။

ပါပါရာဇီသတင်းထောက်တို့ရန်မှ ကာကွယ်နိုင်ရန် အထူးစီမံထားပြီး ကားရပ်နာရန် နေရာကိုလည်း အကန့်အသတ်ဖြင့်သာ ပြုလုပ်ထားသည်။
အဆောက်အအုံနောက်ဘက်တွင် စတုရန်းပေ ၄၀၀၀ ရှိ ခြံဝန်းနေရာလွတ်ပါဝင်သည်။

အဆောက်အအုံတွင် နေထိုင်သူအားလုံး အသုံးပြုနိုင်မည့်
အလျား ၇၁ ပေရှိ ရေကူးကန်၊ ကလေးကစားကွင်း၊
ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ရာစင်တာတို့လည်း ပါဝင်သည်။

မစ္စတာတင်းဘားလိတ်တို့ ဇနီးမောင်နှံပိုင်ဆိုင်ထားသော အခြား penthouse မှာ သုံးဘလောက်ခန့်သာ ကွာဝေးသော SoHo Mews အဆောက်အအုံတွင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်အတွင်း
ကန်ဒေါ်လာ ၇ ဒသမ ၆၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုဝယ်ယူလိုက်သော အဆောက်အအုံတွင် ဂျနီဖာလောရင့်စ်နှင့် ရိုင်ယန်ရေးနိုးတို့လည်း နေထိုင်လျက်ရှိကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင် တင်းဘားလိတ်နှင့် ဇနီးဖြစ်သူ သရုပ်ဆောင် ဂျက်ဆီကာ ဘိုင်ရယ် ကြယ်ပွင့်များစုဝေးရာ Tribeca တွင် Penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service