Guardians of the Galaxy ရုပ်ရှင်ကားဒါရိုက်တာ ဂျိမ်းစ်ဂန်း၏ ကယ်လီဖိုးနီးယားနေအိမ်ရောင်းထွက်သွားရာ ဒေါ်လာတစ်သန်းခန့် မြတ်စွန်း - Property News in Myanmar from iMyanmarHouse.com
1098 Views

Guardians of the Galaxy ရုပ်ရှင်ကားဒါရိုက်တာ ဂျိမ်းစ်ဂန်း၏ ကယ်လီဖိုးနီးယားနေအိမ်ရောင်းထွက်သွားရာ ဒေါ်လာတစ်သန်းခန့် မြတ်စွန်း

ဒေါ်လာသန်းပေါင်း ၇၀၀ ကျော်ရရှိနေပြီဖြစ်သော Guardians of the Galaxy Vol. 2 (2017) ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ဂျိမ်းစ်ဂန်း၏ ကယ်လီဖိုးနီးယားနေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၈၇၅ သန်းဖြင့် ရောင်းထွက်သွားကြောင်း လော့စ်အိန်ဂျလိ အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဂျိမ်းစ်ဂန်းသည် အမေရိကန်ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊
ထုတ်လုပ်သူ၊ ဝတ္ထုရေးဆရာ၊ သရုပ်ဆောင်၊ ဂီတသမားတစ်ဦး ဖြစ်သည်။
၁၉၉၀ ပြည့်လွန်ကာလများတွင် ဇာတ်ညွှန်းရေးဆရာဘဝကို စတင်ခဲ့ပြီး ရိုမီယိုနှင့် ဂျူးလိယက်၊ စကူးဘီဒူး၊ အစရှိသောဇာတ်ကားများ အပါအဝင် ဇာတ်ကားအများအပြားဇာတ်ညွှန်းရေးခဲ့သည်။

၂၀၀၆ ခုနှစ်တွင် Slither ဇာတ်ကားဖြင့် ဒါရိုက်တာဘဝစတင်ခဲ့ပြီး Guardians of the Galaxy (2014) နှင့် Guardians of the Galaxy Vol. 2 (2017) တို့ ရိုက်ကူးခဲ့သည်။
ရောင်းချလိုက်သည့်နေအိမ်မှာ ၁၉၅၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတုရန်းပေ ၃၈၂၅ အကျယ်အဝန်း ရှိကာ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်သည်။

မှတ်တမ်းများအရ ရောင်းချလိုက်သည့်ဈေးမှာ ခေါ်ဈေးအောက် ကန်ဒေါ်လာ နှစ်သောင်းခန့်သာ လျော့နည်းပြီး ဈေးကွက်တင်ပြီး တစ်လအတွင်း ရောင်းထွက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

မစ္စတာဂန်းသည် ဇနီးဖြစ်သူ ဂျင်းနာ ဖစ်ရှာနှင့် လက်ထပ်ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ယင်းနေအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၈၇၅၀၀၀ ပေးခဲ့ရသည်ဖြစ်ရာ ယခုရောင်းချရာတွင် ကန်ဒေါ်လာ တစ်သန်းမြတ်စွန်းခဲ့သည်။

မစ္စတာဂန်းနှင့် ဂျင်းနာ ဖစ်ရှာတို့သည် ၂၀၀၈ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ကြပြီး ဖြစ်သည်။နေအိမ်အတွင်း မီးလင်းဖိုပါ မိသားစုအခန်း၊ ကြမ်းပြင်မှ မျက်နှာကျက်အထိမြင့်မားသည့် စာအုပ်စင်များ ပါဝင်သော စာကြည့်တိုက်၊ အဝတ်အစားထားသိုခန်းနှင့် ရေချိုးခန်းပါ ပင်မအိပ်ခန်းအပြင် အပေါ်ထပ်တွင် အိပ်ခန်း ၄ ခန်းတို့ ပါဝင်သည်။
ခြံဝန်းအတွင်းတွင် ခြံနောက်ဘက်၌ ဘောလုံးကွင်းငယ်တစ်ခုနှင့် ရေကန်တစ်ခု ပါဝင်သည်။

Guardians of the Galaxy (2014) သည် ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ သန်း ၇၇၀ ကျော် ရရှိခဲ့ပြီး နောက်ဆက်တွဲဇာတ်ကား ဖြစ်သော Guardians of the Galaxy Vol. 2 (2017) သည် အမေရိကတွင် ယခုနှစ်မေလအစောပိုင်း၌ စတင်ပြသခဲ့ပြီး တစ်လတာအတွင်း ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ သန်း ၇၄၀ ကျော်ရရှိနေပြီ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Guardians of the Galaxy ရုပ်ရှင်ကားဒါရိုက်တာ ဂျိမ်းစ်ဂန်း၏ ကယ်လီဖိုးနီးယားနေအိမ်ရောင်းထွက်သွားရာ ဒေါ်လာတစ်သန်းခန့် မြတ်စွန်း - Property News in Myanmar from iMyanmarHouse.com
Guardians of the Galaxy ရုပ်ရှင်ကားဒါရိုက်တာ ဂျိမ်းစ်ဂန်း၏ ကယ်လီဖိုးနီးယားနေအိမ်ရောင်းထွက်သွားရာ ဒေါ်လာတစ်သန်းခန့် မြတ်စွန်း - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service