ကမ္ဘောဒီးယားတွင် သီးနှံများစိုက်ခင်းများကို မြေတူးစက်ဖြင့် ဖျက်ဆီးကာ မြေယာသိမ်းဆည်းခံရသူများက နိုင်ငံတော်အဆင့် ဖြေရှင်းပေးရန် တောင်းဆို - Property News in Myanmar from iMyanmarHouse.com
656 Views

ကမ္ဘောဒီးယားတွင် သီးနှံများစိုက်ခင်းများကို မြေတူးစက်ဖြင့် ဖျက်ဆီးကာ မြေယာသိမ်းဆည်းခံရသူများက နိုင်ငံတော်အဆင့် ဖြေရှင်းပေးရန် တောင်းဆို

ကမ္ဘောဒီးယားနိုင်ငံ၊ အန်လောင်ဘန်ခရိုင်တွင် ဒေသတွင်းအာဏာပိုင်
တို့က သီးနှံများစိုက်ခင်းများကို မြေတူးစက်ဖြင့် ဖျက်ဆီးကာ မြေယာသိမ်းဆည်းခံရသူများက နိုင်ငံတော်အဆင့်
ဖြေရှင်းပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့ကြကြောင်း
ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခု
တွင် ဖော်ပြသည်။

မြေယာသိမ်းဆည်းခံရသူများအနက် အိမ်ထောင်စု ၂၅ ခုက ၎င်းတို့အားအမည်ပေါက်ပိုင်ဆိုင်ခွင့်ပေးပါရန် ကမ္ဘောဒီးယား အမျိုးသားညီလာခံသို့ အသနားခံစာတင်သွင်းခဲ့ကြခြင်း ဖြစ်သည်။
ကျေးရွာကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆက်ဘိုရက်သ်က ပြောကြားရာတွင် အဆိုပါဒေသတွင် အိမ်ခြေ ၁၀၀ ကျော် နေထိုင်ခဲ့ကြပြီး အငြင်းပွားမြေယာများတွင် မိသားစုတစ်စုချင်းသည် ၁ ဒသမ ၅ ဟက်တာမှ
၅ ဟက်တာအကြား ပိုင်ဆိုင်လုပ်ကိုင်ခဲ့ကြကြောင်း ပြောကြားသည်။

ခရိုင်အာဏာပိုင်တို့က သိမ်းဆည်းလိုက်သည့်မြေယာများအတွက် လျော်ကြေးအဖြစ် မိသားစုတစ်စုလျှင် စတုရန်းမီတာ ၁၆၀၀ ရှိ
မြေနေရာ ပြန်လည်ပေးအပ်သော်လည်း မိသားစု ၂၅ ခုက
ငြင်းပယ်ခဲ့ကြခြင်းဖြစ်ကြောင်း ဘိုရက်သ်က ပြောကြားသည်။

အန်လောင်ဘန်ခရိုင် အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ ငုအွန်လင်းက ပြောကြားရာတွင် အငြင်းပွားမှုပေါ်ပေါက်ရခြင်းမှာ ကျေးရွာသားများသည် နိုင်ငံပိုင်မြေပေါ်တွင် တရားမဝင်နေထိုင်ခဲ့ကြ၍ဖြစ်ကြောင်း ပြောကြားသည်။
“အငြင်းပွားနေရမှုမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ ဒါကြောင့် သူတို့ကို မြေကွက်တွေ အစားပေးဖို့ စီစဉ်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ငုအွန်လင်းက ပြောကြားသည်။

အန်လောင်ဘန်ကျေးရွာအုပ်စုအကြီးအကဲ ဗောင်ဖက်ကမူ အငြင်းပွားမှုဖြစ်ပွားသည့် မိသားစုမှာ ၃၅ ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး “သူတို့က ဒီပြဿနာကို နိုင်ငံတော်အဆင့်က
ဖြေရှင်းပေးစေချင်နေကြတယ်” ဟု ဖြည့်စွက်ပြောကြားသည်။

Adhoc မှ ခရိုင်ညှိနှိုင်းရေးမှူး ဆရေး နာရန်ကမူ ရွာသားများသည် နိုင်ငံတော်ပိုင်မြေပေါ်တွင် အခြေချနေထိုင်ခဲ့ကြဖွယ်ရှိသည်ဆိုခြင်းကို အသိအမှတ်ပြုကြောင်း၊ သို့ရာတွင် ဒေသတွင်း အာဏာပိုင်တို့၏
ချဉ်းကပ်ပုံနှင့် စပ်လျဉ်း၍ သဘောမတူကြောင်း ပြောကြားသည်။

အာဏာပိုင်တို့အနေဖြင့် ရွာသားများ နှစ်ပေါင်းများစွာအခြေချ နေထိုင်လာခဲ့ကြပြီးဖြစ်သည့် မြေပေါ်တွင် နေထိုင်ခွင့်ပေး
သင့်ကြောင်း နာရန်က ဆိုသည်။
“အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ မြေယာတွေကို သိမ်းဆည်းမယ်
ဆိုရင်ဒါက တရားမျှတမှုမရှိပါဘူး” ဟုလည်း နာရန်က ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service