အသက်သွင်းနေပြီဖြစ်တဲ့ ရန်ကုန်တစ်ဖက်ကမ်း ဒလဘက်ခြမ်း အထူးစီးပွားရေးဇုန် - Property News in Myanmar from iMyanmarHouse.com
1864 Views

အသက်သွင်းနေပြီဖြစ်တဲ့ ရန်ကုန်တစ်ဖက်ကမ်း ဒလဘက်ခြမ်း အထူးစီးပွားရေးဇုန်

ရန်ကုန်မြစ်ရဲ့ တစ်ဖက်ကမ်းဒလဘက်အခြမ်းမှာ အကောင်အထည်ဖော်
ဆောင်ရွက်မယ့် မဟာဗျူဟာ အထူးစီးပွားရေးဇုန်ဟာ စီမံကိန်းနဲ့ ပတ်သက်ပြီး အကောင် အထည်ဖော်ဆောင်ရေးလုပ်ငန်းတွေကို စတင်နေပြီဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာနိုင်ရေးအတွက် ရည်ရွယ်ပြီး ဖွံ့ ဖြိုးမှု အနည်းဆုံးမြို့နယ်ဖြစ်တဲ့ ဒလဘက်ခြမ်းကို မျက်နှာမူ တည်ဆောက် သွားမှာဖြစ်တယ် လို့ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ရန်ကုန်တိုင်းေ ဒသကြီး အစိုးရအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းလင်းပြောဆို ထားတာဖြစ်ပါတယ်။

အဲသည်စီမံကိန်းဟာ လာမယ့် ၂၀၁၈ ခုနှစ်မှာ အကောင်အထည်ဖော်မှာ
ဖြစ်ပေမဲ့ လက်ရှိအချိန်ကတည်းက လမ်း၊ လျှပ်စစ်မီး စတာတွေအတွက် ပြင် ဆင်နေကြပြီဖြစ်ပါတယ်။

မြစ်ကမ်းတစ်လျှောက်မှာ ရေနက်ဆိပ်ကမ်းတွေ၊ လေဆိပ်တွေနဲ့ ခေတ်မီ အဆောက်အအုံတွေ၊ ပြည်သူတွေ အပန်းဖြေနိုင်ဖို့နေရာတွေကို ဖန်တီး တည်ဆောက်ပြီး စီးပွားရေးအတွက် အချက်အချာကျတဲ့ မြို့အဖြစ် ပြောင်း လဲနိုင်ဖို့ အကောင်အထည်ဖော်ဆောင်မယ့် အဲသည်အထူး စီးပွားရေးဇုန် ထဲမှာ ဒလမြို့နယ်အပြင် ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်တွေလည်း ပါဝင်ပါတယ်။

လမ်းတံတား

လောလောဆယ်မှာတော့ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းသွားရာ လမ်း မ တွေကို တိုးချဲ့ဖို့သက်ဆိုင်ရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာ ၀န်ရှိသူ တွေက ဆောင်ရွက်နေကြပါတယ်။

လမ်းတံတားတည်ဆောက်ရာမှာ ရေရှည်တည်တံ့ခိုင်ခံ့ရေးအတွက် ရည်ရွယ် ပြီး အဲသည်လမ်းတစ်လျှောက်ကို ကနဦးစမ်းသပ်စစ်ဆေးမှု နှစ်ကြိမ်နီးပါး လုပ်ဆောင်နေကြ ပါတယ်။

လောလောဆယ်မှာတော့ တခြားနေရာတွေမှာ စမ်းသပ်စစ်ဆေးမှု လုပ်ငန်းေ တွ ပြီးစီးနေပြီဖြစ်ပေမဲ့ တွံတေးမြို့နယ်ထဲက ၁၉ မိုင်လေးဖာလုံနီးပါးကတော့ တိုင်းထွာမှုလုပ်ငန်းအဆင့်မှာပဲရှိသေးတယ်လို့ ဒလမြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းရင်က ရှင်းပြပါတယ်။

'ဒလဘက်အပိုင်းမှာတော့ စမ်းသပ်မှုတွေပြီးပြီ၊ တွံတေးဘက်မှာတော့ ကျန်ေ နသေးတယ်၊ တိုင်းထွာလို့ပြီးပြီ၊ စမ်းသပ်ဖို့ပဲ ကျန်တော့တာ၊ ကုန်းပေါ်မှာ မြေ ကြီးက ဘယ်လောက်အနေအထားအထိ ခံနိုင်ရည်ရှိတယ်ဆိုတာကို စမ်း သပ်နေပါတယ်။' လို့ဦးထွန်းရင်ကပြောပါတယ်။

အဲသည်စီမံကိန်းထဲမှာ အဓိက အသုံးပြုမယ့်လမ်းမတွေအဖြစ် ရှိနေတဲ့ လမ်း မ တွေကိုလည်း ချဲ့ထွင်ဖို့ လုပ်ဆောင်နေကြပါတ်ယ။

လတ်တလောမှာတော့ ဒလ-ဒနှုတ် ၁၃ မိုင်နဲ့ငါးဖာလုံက လမ်းမဟာ မူလက ၁၂ ပေအကျယ်သာရှိသောကြောင့် မြေသားတွေပြန့်တင်နေပြီး ၁၆ ပေအ ကျယ် ရှိအောင် ချဲ့မှာဖြစ်ပါတယ်။

' တစ်ဖက်သုံးပေထပ်ခင်းသွားမှာပါ။ ၁၆ ပေဆိုရင်ကားကြီးတွေသွားလို့ လွယ် အောင်၊ ရှောင်တိမ်းလို့ လွယ်သွားမယ်၊ အဲဒါကိုချဲ့နိုင်အောင် လုပ်ဖို့ ရှိတယ်၊ အခုက မြေသားလမ်းတွေဆိုတော့ကားဘီးတွေက လမ်းပေါ်က ချ ဆင်းလိုက်တာနဲပ နစ်သွား တာ' လို့ ဦးထွန်းရင်ပြောပါတယ်။

လက်ရှိမှာတော့ အဲသည်လမ်းမတွေကို ထပ်မံချဲ့ထွင်နေဆဲဖြစ်ပေမဲ့ လာမဲ့ေ အာက်တိုဘာလလောက်မှာ အပြီးလုပ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါ တယ်။

ဒလမြို့နယ်နဲ့ ရန်ကုန်မြို့တွင်းဘက်ကိုဆက်သွယ်သွားလာနိုင်မယ့် တံတား စီမံကိန်းတစ်ခု လုပ်ဆောင်ဖို့လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က စီးစဉ်ေ ဆာင်ရွက်နေပါတယ်။

အဲသည်တံတားနဲ့ပတ်သတ်ပြီးတော့လည်း စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ် ပြီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

'တံတားနဲ့လမ်းအပိုင်းကပြီးပါပြီ၊ Third party ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့ ထားတဲ့ အဖွဲ့ကလဲ လာစစ်ပြီးပြီ၊ အစီရင်ခံစာလဲတင်ပြီးပြီး၊ Third party ဆို တာက တစ်ခါလာစစ်ပြီ၊ ပြီးတဲ့အခါမှာလဲ ထပ်ပြီးစ်မှာပါ' လို့ ဦးထွန်းရင် က ပြောပါတယ်။

လာမယ့် စက်တင်ဘာလထဲမှာ အဲသည်စီမံကိန်းအတွက် တင်ဒါခေါ်ယူဖို့ ရှိနေပါတယ်။

ဒါ့အပြင် လာမယ့်ဒီဇင်ဘာလမှာ တံတားတည်ဆောက်ရေးစီမံကိန်းကို စ တင်အကောင်အထည်ဖော်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

တံတားဆောက်မယ့်အပေါ် ပြည်သူလူထုသဘောထားကောက်ခံမှုတွေကိုလည်း ဒလမြို့ ဖွံ့ဖြိုးတိုးတက်ရေးပရဟိတအသင်းနဲပ ဒလလူမှုကူညီရေး အ သင်းက ပြီးခဲ့တဲ့ မတ်လထဲမှ စတင်ပြီးလုပ်ဆောင်နေတာတွေရှိနေပါတယ်။

အဲသည်လိုပြုလုပ်ဖို့ဘတ်ဂျက်သိန်း ၅၀၀၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ က ဒလမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ေ တွက လက်မှတ်ရေးထိုးပြီး တောင်ယူခဲ့တာဖြစ်ပါတယ်။

ရရှိလာတဲ့ ဘတ်ဂျတ်ထဲက ကျပ်သိန်း ၂၅၀၀ ကို လမ်းတံတားအတွက် အ သုံးပြုမှာဖြစ်ပြီး ကျန်တဲ့သိန်း ၂၅၀၀ ကိုတော့ကျေးရွာတွေမှာ လျှပ်စစ် မီး လင်းစေရေးအတွက် အသုံပြုသွားမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ချဲ့ထွင်နေတဲ့ လမ်းမတစ်လျှောက်မှာ ရှိတဲ့ ကျေး ရွာတွေကို လျှပ်စစ်မီးပေးနိုင်ရေး ဓါတ်တိုင်တွေ စိုက်ထူနေကြတယ်လို့ သိရ ပါတယ်။

'မီးနဲ့ပတ်သက်လို့ကတော့ ပြုလုပ်နေဆဲကာလ၊ တပ်ဆင်နေဆဲ ကာလဖြစ် တယ်' လို့ဦးထွန်းရင်က ပြောပါတယ်။

ရေနက်ဆိပ်ကမ်းသစ်

စီမံကိန်းတည်ဆောက်မယ့်နေရာမှာ သဘောင်္များများဆိုက်ကပ်နိုင်အောင်၊ တန်ချိန်များများဝင်နိုင်အောင်၊ လက်ခုပ်ကုန်းကမ်းခြေတစ်ဝိုက်မှာ သေဘာၤေ တြ အချိန်မရွှေးဆိုက်ကပ်နိုင်ပြီး တန်ချိန်တစ်သိန်း တစ်ပြိုင်တည်း ဆိုက် ကပ်နိုင်တဲ့ ရေနက်ဆိပ်ကမ်းသစ်တည်ဆောက်ဖို့လည်းပါဝင်နေပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာရှိတဲ့ ဆိပ်ကမ်းတွေက စင်ကာပူနိုင်ငံကို အမှီပြုနေရပြီး အဆင့်ဆင့်ဖြတ်သန်းနေရလို့ ကုန်ကျတဲ့ စရိတ်ကိုလည်း လျှော့ ချနိုင်ဖို့ ရည်ရွုယ်ထားတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောဆိုထား တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။

ရန်ကုန်ဆိပ်ကမ်းမှာ တန်ချိန် ၁၅,၀၀၀၊ သီလ၀ါဆိပ်ကမ်းမှာ တန်ချိန် ၃၅,၀၀၀ သာဆိုက်ကပ်နိုင်သာဖြစ်လို့ တန်ချိန်များများနဲ့ အချိန်မရွေး ဆိုက် ကပ်နိုင်တဲ့ ရေနက်ဆိပ်ကမ်းတစ်ခုလိုအပ်တယ်လို့ စီးပွားရေးပညာရှင် ဦးဇော်ဖေ၀င်းက ပြောဆိုထားပါတယ်။

အဲသည်ရေနက်ဆိပ်ကမ်းစီမံကိန်းကတော့ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ အကောင် အထည်ဖော်နိုင်ဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။

'လောလောဆယ် လျာထားပြီးပြီ၊ ပညာရှင်တွေနဲ့ တိုင်တာတာ စီမံချက်တွေ လဲ ရေးဆွဲတာတွေပြီးပြီဆိုရင် လွှတ်တော်ကို တင်ပြီးတာနဲ့ စလုပ်နိုင်တော့ မှာပါ။ လောလောဆယ်နှုတ်ကတိတော့ သူတို့ပြောထားပြီးပြီ' လို့ ဦးထွန်းရင် က ပြောပါတယ်။

လေဆိပ်သစ်

လက်ရှိရန်ကုန်လေဆိပ်ဟာလည်း ထပ်ချဲ့ဖို့ မဖြစ်နိုင်တော့သလို အ သစ်ဖွင့်မယ်ဆိုတဲ့ ဟံသာဝတီလေဆိပ်ဟာလည်း ရန်ကုန်မြို့နဲ့ မိုင် ၄၀ နီးပါး ဝေးကွာနေတာကြောင့် နိုင်ငံတကာကို တိုက်ရိုက် ကူးပြောင်းသွား လာနိုင်တဲ့ လေဆိပ်တစ်ခုကိုလည်း အဲသည်စီမံကိန်းသစ်ထဲမှာ ထည့်သွင်း ထားပါတယ်။

'ရန်ကုန်တိုင်းဒေသကြီးကို ခြုံငုံသုံးသပ်လိုက်ရင် ကွမ်းခြံကုန်း-ကော့မှူးကျေး ရွာကြား သောင်ကုန်းကျေးရွာ ပတ်ဝန်းကျင်မှာ လေဆိပ် လုပ်ဖို့ နေရာ အကောင်းဆုံးဖြစ်တယ်လို့ လျာထားတယ်။ အကွာအဝေးကို ကြည့်လို့ ရှိ ရင်လဲပဲ ရန်ကုန်နဲ့မိုင် ၂၀ လောက်ပဲရှိတယ်' လို့ဦးထွန်းရင်ပြောပါတယ်။

အဲသည်စီမံကိန်းနဲပ ပတ်သတ်ပြီးတော့လည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ က ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို အလွတ်သဘောခေါ်ြ ပီးတော့ တွေ့ဆုံဆွေးနွေးတာတွေ၊ အစည်းအဝေးမှာ ရှင်းပြပြောဆိုတာတွေ ရှိတယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ကွမ်းခြံကုန်းမြို့နယ်ဘက်မှာ အဲသည်စီးမံကိန်းနဲ့ ပတ်သတ်ပြီး ညွန်ကြားမှုတစ်စုံတစ်ရာမရရှိသေးတာကြောင့် ထူးထူးခြားခြား လုပ်ကိုင်နေကြတာတော့မရှိသေးဘူးလို့ ကွမ်းခြံကုန်းမြို့နယ် တိုင်းဒေ သကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းကပြောပါတယ်။

အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သတ်ပြီး ကော့မှူးမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်ခံြေ ဖဆိုခြင်းမရှိသေးပါဘူး။

ရန်ကုန်မြစ်တစ်ဖက်ကမ်းမျာတည်ဆောက်မယ့် စီမံကိန်းသစ်နဲ့ပတ်သတ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က master plan ရေးဆွဲနေဆဲဖြစ်ပြီး ၂၀၁၈ ခုနှစ် မှာ အကောင်အထည်ဖော်နိုင်ဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။

အထူးစီးပွားရေးဇုန်နဲ့ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေ ကိုေ တာ့ ပြည်ထောင်စုအစိုးရကို တင်ပြပြီးမှသာ ဖော်ပြနိုင်မှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တွေက ပြောဆိုထားပါတယ်။

လက်ရှိအထူးစီးပွားရေးဇုန်ထဲမှာပါဝင်တဲ့ ဒလမြို့နယ်ဘက်အခြမ်း က မြေ ကွက်တွေကို ကိုရီးယား၊ ဂျပန်တို့လို နိုင်ငံတွေက လုပ်ငန်းရှင်တွေကိုေ စာင့်ကြည့်နေကြတယ်လို့ ဦးထွန်းရင်က ပြောပါတယ်။

အဲသည်စီမံကိန်းအပါဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တည်ဆောက် မယ့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ၂၀၁၆ ခုနှစ်အောက်တိုဘာလထဲ မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံကာ ချပြထားဖူးတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေထံက သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အချက်အချာကျတဲ့ စီးပွားရေးဇုန်ဖြစ် လာဖို့ ရည်မှန်းထားတဲ့ အဲသည်အထူးစီးပွားရေးစီမံကိန်းထဲမှာတော့ ဓါတ်ေ ငွ့ထွက်စေပြီး လေထုညစ်ညမ်းစေမယ့် စက်ရုံအလုပ်ရုံမျိုးတွေကို ထည့် သွင်းထားခြင်းမရှိဘူးလို့ သိရပါတယ်။

အဲသည်စီမံကိန်းကို စတင်အကောင်အထည်ဖော်တဲ့အခါမှာလည်း အမျာြး ပည်သူအပန်းဖြေနိုင်တဲ့နေရာတွေ၊ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်ဇုန်တွေ ကိုတော့ ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Credit: The Kumudra

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service