ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
1068 Views

ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

မြန်မာနိုင်ငံ၏ နံပါတ်တစ်လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂၀၁၇ ခုနှစ် မေလ ၁၉ ၊၂၀၊ ၂၁ ရက်နေ့များတွင် ရန်ကုန်မြို့  ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး” (ပဉ္စမအကြိမ်မြောက်)
ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတွင် ဆောက်လုပ်ရေး ကုမ္ပဏီ (၅၀) ကျော်မှ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီး ဖြစ်သော တိုက်ခန်းနှင့် ကွန်ဒိုများကို အထူး လျှော့ဈေးနှုန်းများ၊ (၁) နှစ်မှ (၁၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ပါဝင်ပြသ ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားခဲ့ပြီး ကျပ်ငွေ (၁၅) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်) တန်ဖိုးရှိသော တိုက်ခန်းနှင့် ကွန်ဒိုများကို ပြပွဲ (၃) ရက်အတွင်း ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ iMyanmarHouse.com ကျင်းပပြုလုပ်တဲ့ ဒီအိမ်ခြံမြေပြပွဲကတော့ ရန်ကုန်မှာ (၅) ကြိမ်မြောက် ရှိသွားပါပြီ။ မန္တလေးမြို့ မှာ (၁) ကြိမ်၊ တောင်ကြီးမြို့ မှာ (၁) ကြိမ်နဲ့ စင်္ကာပူနိုင်ငံမှာ (၃) ကြိမ် ကျင်းပပြုလုပ်ပြီးပါပြီ။ အခုပြပွဲအတွင်းမှာ YOMA Bank ကနေ Official Banking Partner အဖြစ် ပါဝင်ပြီး အိမ်ရာချေးငွေကို ပြပွဲအတွင်း ချက်ချင်းလျှောက်ထားနိုင်ရန် စီစဉ်ထားရှိပေးခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပါတယ်” ဟု iMyanmarHouse.com ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

ပြပွဲသုံးရက်အတွင်း အသိပညာရှင် အတတ်ပညာရှင် (၁၅) ဦးတို့မှ အိမ်ခြံမြေ နှင့် ပတ်သတ်၍ အသိပညာ ဗဟုသုတများကို ဆွေးနွေး ဟောပြောပေးသွားခဲ့ပါသည်။

“မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ကျွန်တော်တို့ iMyanmarHouse.com ဟာ လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်အပြည့်နဲ့ လုပ်ဆောင်နေပါတယ်။ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးလတ်ကနေ အဆင့်မြင့်ကွန်ဒိုတွေအထိ ပြည်သူတွေ အများအပြားပိုင်ဆိုင်နိုင်အောင်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ရော၊ အစိုးရနဲ့ပါ ပူးပေါင်းပြီး ဝန်ဆောင်မှုတွေပေးသွားနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

ပြပွဲသို့လာရောက်လေ့လာသူ ဧည့်သည်တော်များအတွက် Panasonic 32” TV ၊ Samsaung Tablet ၊ Huawei Handset များနှင့် အခြားကျပ်သိန်း ၅၀ တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးသွားကြောင်း သတင်းရရှိပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၅) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ပဉ္စမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service