ဘဏ်တွင် ငွေစာရင်းဖွင့်ထားသူများကို အစဉ်လိုက် အိမ်ရာ ရောင်းချခြင်းက အမှန်တကယ် နေထိုင်လိုသူထံ ရောက်သည့်နည်းလမ်းဖြစ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1988 Views

ဘဏ်တွင် ငွေစာရင်းဖွင့်ထားသူများကို အစဉ်လိုက် အိမ်ရာ ရောင်းချခြင်းက အမှန်တကယ် နေထိုင်လိုသူထံ ရောက်သည့်နည်းလမ်းဖြစ်ဟုဆို

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးတွင် ဘဏ်စာ
ရင်းဖွင့်လှစ်ထားသူများကို စီနီယာနံပါတ်အလိုက် တန်ဖိုးနည်း အိမ်ရာများရောင်းချခြင်းက အိမ်ခန်း အမှန်တကယ်ဝယ်လိုသူ
လက်ထဲ ရောက်ရှိသည့်နည်းလမ်းဖြစ်ကြောင်း မြို့ပြနှင့်
အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်
ဦးမင်းထိန်က ပြောသည်။

‘‘ဒီစနစ်က အဂတိလိုက်စား မှုမရှိနိုင်ဘူး။ ဘဏ်မှာအရင်ဆုံး ငွေစာရင်းလာဖွင့်တဲ့သူတွေ စီနီ ယာအလိုက်စီပြီး
နံပါတ်စဉ်အလိုက် ရောင်းပေးတယ်။ ဘဏ်က နေစာရင်းကို
သေချာပြုစု လုပ် ကိုင်တာဖြစ်တဲ့အတွက် အမှားအယွင်းမရှိဘူး။
ပိုပြီးသေချာခိုင်မာတယ်’’ဟု ဦးမင်းထိန်က ပြောသည်။

ပြီးခဲ့သည့် အစိုးရလက် လက်က အိမ်ရာဝယ်ယူလိုသူများ ကို မဲဖောက်ရောင်းချသည့်စနစ် သည် အမှန်တကယ်ဝယ်ယူလိုသူ နေထိုင်လိုသူများအတွက် အခန်း ရရှိရန် မသေချာသောကြောင့်
ယခုစနစ်သည် ပိုမိုအားသာပြည့်စုံ ကြောင်း ညွှန်ကြားရေးမှူးချုပ်
က ပြောကြားခဲ့ခြင်းဖြစ် သည်။

‘‘ဒီစနစ်က ပြည်သူတွေအ နေနဲ့ ငွေကိုစနစ်တကျစုဆောင်း တတ်တဲ့ အကျင့်ဖြစ်သွားတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။
ဇန်န၀ါရီ ၁၁ ရက်က လှိုင် သာယာမြို့နယ် ရွှေလင်ဗန်းအိမ် ရာ ၀ယ်ယူခွင့်ရရှိသူများနှင့် မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ
တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး အိမ်ရာများနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

အိမ်ရာဝယ်ယူခွင့်စာအုပ် (Housing Saving) အတွက် အကောင့်ဖွင့်လှစ်မှုကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့သည့်
သြဂုတ် ၁ ရက်က စတင်ပြုလုပ်ပေးခဲ့ရာ လက်ရှိတွင်ငွေစုစာအုပ် တစ်သောင်းကျော်သွားပြီဖြစ်သည်။

အဆိုပါ ဘဏ်စာရင်းများထဲ မှာ တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင် သည့်
ငွေစာရင်း ၃၀ ရာခိုင်နှုန်း စုဆောင်းထားနိုင်သူ ၁,၃၀၀ ကျော်အား
အသုတ်လိုက်ခွဲပြီး စတင်ရောင်းချပေးခဲ့ပြီဖြစ်သည်.
ရောင်းချရာတွင်လည်း အ စိုးရ၀န်ထမ်း၊ အငြိမ်းစား၊ ပုဂ္ဂလိ က
ကုမ္ပဏီဝန်ထမ်း၊ သာမန်ပြည် သူဟူ၍ ခွဲခြားကာ ၎င်းတို့ရရှိသည့် ၀င်ငွေအပေါ်မူတည်ပြီး လစဉ်ငွေ ပေးသွင်းရမည့် ပမာဏကိုတွက်
ချက်ကာ အရစ်ကျရောင်းချပေး နေခြင်း ဖြစ်သည်။

လက်ရှိတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ပြီးစီးသော ယုဇနအိမ်ရာမှ ၂၀၅ ခန်း၊ ကနောင်အိမ်ရာမှ အခန်း ၈၀ နှင့် ရွှေလင်ဗန်းအိမ်ရာမှ အခန်း ၆၀၀ကျော်ကို ဘဏ်စာရင်းဖွင့်လှစ်ထားသူများအား စတင်ရောင်းချနေပြီ ဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service