ထိုင်းတွင် အိမ်ခြံမြေလိမ်လည်မှုများ ပြုလုပ်ခဲ့မှုကြောင့် ဖူးခက်တွင် ဖမ်းဆီးရမိသည့် ရုရှားနိုင်ငံသားကို ရုရှားသို့ ပြန်လည်လွှဲပြောင်းပေး - Property News in Myanmar from iMyanmarHouse.com
1418 Views

ထိုင်းတွင် အိမ်ခြံမြေလိမ်လည်မှုများ ပြုလုပ်ခဲ့မှုကြောင့် ဖူးခက်တွင် ဖမ်းဆီးရမိသည့် ရုရှားနိုင်ငံသားကို ရုရှားသို့ ပြန်လည်လွှဲပြောင်းပေး

ထိုင်းနိုင်ငံတွင် အိမ်ခြံမြေလိမ်လည်မှုများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ရုရှားနိုင်ငံသားကို ထိုင်းနိုင်ငံက ရုရှားသို့ လွှဲပြောင်းပေးအပ် လိုက်ကြောင်း ရုရှား ပြည်ထဲရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်ဟု
ရုရှားဥပဒေ သတင်းအချက်အလက အေဂျင်စီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ပြစ်မှုကျူးလွန်သူမှာ ရုရှားနိုင်ငံ၊ ဗလာဒီ ဗော့စတော့မြို့ သားဖြစ်ပြီး
အသက် ၄၅ နှစ်အရွယ်ဖြစ်သည်။
တရားခံ၏ အမည်မှာ မက်ဗီ ရှူဗာလော့ဗ်ဖြစ်သည်။
ယခုအခါ ၎င်းကို ရုရှားနိုင်ငံတွင် စွဲချက်မတင်မီ တရားခံများကို ထိန်းသိမ်းထားသည့် ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ထားရှိသည်။
၎င်းသည် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လမှ ၂၀၀၈ ခုနှစ်၊ သြဂုတ်လအကြား ကြီးမားသည့်လိမ်လည်မှုများ ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးချက်များအရ ထိုင်းနိုင်ငံရှိ အိမ်ခြံမြေဆောက်လုပ်ရေးတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံသူ ၄ ဦးလိမ်လည်ခံခဲ့ရခြင်းဖြစ်ကာ တရားခံက ကန်ဒေါ်လာ ၁၄၇၅၀၀ ခန့် လိမ်လည်ရယူခဲ့သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့၏ အလိုရှိသူများစာရင်းတွင် ၎င်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဖော်ပြခဲ့သည်။

၂၀၁၇ ခုနှစ်၊ မတ်လတွင် ထိုင်းနိုင်ငံ၊ ဖူးခက်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖူးခက်အခြေစိုက် သတင်းရပ်ကွက်များ၏ အဆိုအရမူ ရှူဗာလော့့ဗ်၏ ကုမ္ပဏီဖြစ်သော Matvey Phuket Co.Ltd သည် ဖူးခက်တွင် အိမ်ခြံမြေရောင်းဝယ်မှု လိမ်လည်ခြင်းများပြုလုပ်ကာ ဘတ်ငွေ ၁၁ သန်းကျော် (ကန်ဒေါ်လာ ၃၂၂၀၀၀ ခန့်) လိမ်လည်သွားသည်ဟု ဆိုသည်။
ရှူဗာလော့ဗ်သည် အင်တာပို၏ အလိုရှိသူစာရင်းတွင် ပါဝင်နေသူဖြစ်ပြီး အင်တာပို၏ တောင်းဆိုချက်အရ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service