စည်းမျဉ်းတင်းကျပ်မှုများကြောင့် တရုတ်အိမ်သစ်ရောင်းအားဖွံ့ဖြိုးမှုနှုန်း နှေးကွေး - Property News in Myanmar from iMyanmarHouse.com
808 Views

စည်းမျဉ်းတင်းကျပ်မှုများကြောင့် တရုတ်အိမ်သစ်ရောင်းအားဖွံ့ဖြိုးမှုနှုန်း နှေးကွေး

တရုတ်နိုင်ငံ၌ ယခုနှစ် ပထမလေးလတွင် စုစုပေါင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှုန်း မြင့်တက်ခဲ့သော်လည်း အိမ်သစ်ရောင်းအားဖွံ့ဖြိုးမှုနှုန်းမှာမူ
အသက်ဝင်ဆဲ တင်းကျပ်သော အိမ်ခြံမြေစည်းမျဉ်းများကြောင့် ဆက်လက်၍ နှေးကွေးကျဆင်းခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS)
က ယမန်နေ့ (မေ ၁၅) တွင် ထုတ်ပြန်သည့် အချက်အလက်များ
အရ သိရသည်။

"ပထမတန်းစားနဲ့ ဒုတိယတန်းစားမြို့ကြီးတွေမှာ စည်းမျဉ်းတွေ တင်းကျပ်လိုက်ပေမဲ့ တတိယတန်းစားနဲ့ စတုတ္ထတန်းစားမြို့အများအပြားမှာတော့ ဈေးကွက်ဖွံ့ဖြိုးနေဆဲပါပဲ။ ဒါကြောင့်မို့ နိုင်ငံတစ်ဝန်းခြုံငုံတွက်ဆလိုက်ရင် နှေးကွေးတဲ့နှုန်းနဲ့ ရောင်းအားမြင့်တက်ခဲ့ပါတယ်။ လာမယ့်လတွေမှာလည်း ဒီလိုပဲဆက်သွားနေမယ်လို့ ခန့်မှန်းရပါတယ်"
ဟု ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai
Centaline Property Consultants Co ၏ သုတေသနမန်နေဂျာ လုဝိန်စီကလည်း ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ် ၂ ဒသမ ၇၉ ထရီလျံ ယွမ် (အမေရိကန်ဒေါ်လာ ၄၀၃ ဒသမ ၄ ဘီလျံ) တန်ဖိုးကို ဇန်န၀ါရီမှ ဧပြီအထိ ယခုနှစ်ပထမလေးလအတွင်း ရောင်းချခဲ့ရကြောင်း၊ ယင်းသည် ယမန်နှစ် ပထမလေးလကထက် ၁၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ဧပြီလကိုထည့်မတွက်သည့် ယမန်နှစ် ပထမသုံးလထက် ယခုနှစ် ပထမသုံးလတွင် မြင့်တက်ခဲ့သည့်နှုန်း ၂၀ ဒသမ ၂ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ခြင်းဖြစ်သည်ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က ယမန်နေ့ (မေ ၁၅) တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်ပထမလေးလအတွင်း ရောင်းချရသည့် အိမ်သစ်ဧရိယာသည်လည်း ၃၆၅ ဒသမ ၂၅ သန်း စတုရန်းမီတာ ရှိခဲ့ပြီး ယမန်နှစ်ပထမလေးလထက် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ သို့ဖြစ်ရာ ဧရိယာတွင်လည်း ဧပြီလကိုထည့်မတွက်သည့် ယမန်နှစ်
ပထမသုံးလထက် ယခုနှစ် ပထမသုံးလတွင် မြင့်တက်ခဲ့သည့်နှုန်း ၁၆ ဒသမ ၉ ရာခိုင်နှုန်း အောက် ကျဆင်းခဲ့ခြင်းဖြစ်သည်။

လူနေအိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမလေးလအတွင်း ယမန်နှစ် ပထမလေးလကထက် ၁၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁ ဒသမ ၈၆၇ ထရီလျံ ယွမ် ရှိခဲ့သည်။

တရုတ်အဓိကမြို့ကြိးများတွင် အိမ်ခြံမြေဈေးကစားမှုများကို ထိန်းချုပ်ရန်နှင့် အိမ်ဈေးမြင့်တက်မှုနှုန်း မြန်ဆန်မှုကို လျှော့ချရန် အာဏာပိုင်များက အိမ်ဝယ်ယူမှုဆိုင်ရာကန့်သတ်မှု
များ၊ လက်ငင်းငွေချေရသည့် ပမာဏတိုးမြှင့်မှုများနှင့် အိမ်ဝယ်ယူမှုချေးငွေအတိုးနှုန်းတိုးမြှင့်မှုများနှင့် တစ်ဆင့်ပြန်လည်ရောင်းချခွင့်အချိန်ကာလတိုးမြှင့်မှုများ အပါအ၀င် အိမ်ခြံမြေစည်းမျဉ်းများစွာကို တင်းကျပ်မှုများ ပြုလုပ်ထားသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service