တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှုန်း မြန်ဆန်လာ - Property News in Myanmar from iMyanmarHouse.com
734 Views

တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှုန်း မြန်ဆန်လာ

တရုတ်နိုင်ငံတွင် ဇန်န၀ါရီမှ ဧပြီအထိ ယခုနှစ် ပထမလေးလအတွင်း စုစုပေါင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ၎င်းကာလအတွင်း ပြီးစီးခဲ့သော စုစုပေါင်းအိမ်ခြံမြေအရောင်းအ၀ယ်သည် ယမန်နှစ်ပထမလေးလကထက် အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က ယမန်နေ့ (မေ ၁၅) တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ယင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်ပထမလေးလကထက် ယခုနှစ် ပထမလေးလတွင် ၉ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဧပြီလကို ထည့်မတွက်သည့် ယမန်နှစ် ပထမသုံးလထက် ယခုနှစ် ပထမသုံးလတွင် မြင့်တက်နှုန်းထက်ပင် ပထမလေးလတွင်
မြင့်တက်နှုန်းသည် ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း NBS က ထုတ်ပြန်ခဲ့သည်။

လူနေအိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမလေးလအတွင်း ယမန်နှစ် ပထမလေးလကထက် ၁၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ လူနေအိမ်သစ်ဆောက်လုပ်မှု ကြမ်းခင်းဧရိယာသည်လည်း ၁၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

နိုင်ငံအလယ်ပိုင်းတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့ထက် မြန်ဆန်စွာဖြင့် ၁၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အရှေ့မြောက်ပိုင်းတွင်မူ ၁၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တရုတ်တွင် ဧပြီလကုန်အထိ ရောင်းမထွက်သေးသည့် အိမ်ခြံမြေ ၆၇၄ ဒသမ ၇ သန်း စတုရန်းမီတာ ကျန်ရှိသေးသည်။ ယင်းပမာဏသည် ၁၃ ဒသမ ၄ သန်း စတုရန်းမီတာကျန်ရှိခဲ့သည့် မတ်လကုန်အောက် လျော့နည်းခဲ့ခြင်းဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service