တေလာဆွစ် ငှားရမ်းနေထိုင်ခဲ့ဖူးသော နေအိမ်ကြီး အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com
1198 Views

တေလာဆွစ် ငှားရမ်းနေထိုင်ခဲ့ဖူးသော နေအိမ်ကြီး အရောင်းဈေးကွက် ဝင်လာ

ကမ္ဘာကျော် ပေါ့ပ် ကြယ်ပွင့် တေလာဆွစ်သည် ကန်ဒေါ်လာ သန်း ၇၀ တန်ကြေးရှိ ကိုယ်ပိုင်နေအိမ်ရှိသော်လည်း နယူးယောက်မြို့  west village တွင် အိမ်ငှား နေထိုင်ခဲ့ဖူးသည်။

နာမည်ကျော် tribecca အရပ်ရှိ သူ၏ နေအိမ်ကို ပြုပြင်မွမ်းမံနေစဉ် အိမ်ငှားနေထိုင်နေခြင်း ဖြစ်သည်။
တေလာဆွစ်သည် အဆိုပါ နေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၃၈၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နေအိမ်ပိုင်ရှင်က ကန်ဒေါ်လာ ၂၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက် တင်လာခဲ့ခြင်းဖြစ်သည်။

မန်ဟက်တန်ရှိ နာမည်ကျော် နေရာများတွင် တစ်ခုအပါအဝင်ဖြစ်သော ဝါရှင်တန် ဆကွဲယား ပန်းခြံအနီးတွင် တည်ရှိသည်။

နေအိမ်အကျယ်အဝန်း ၅၁၀ စတုရန်းမီတာ အထိ ကျယ်ဝန်းကာ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်သည်။
၃ လွှာတွင် တည်ရှိပြီး ကိုယ်ပိုင် ဂိုဒေါင် ၁ ခုလည်းပါဝင်သည်။
နာမည်ကျော် ကြယ်ပွင့်များ၏ နေအိမ်တိုင်းတွင် ရှိမြဲ ဖြစ်သည့်အရာများလည်း ပါဝင်ရာ မီးလင်းဖို ၃ ခု၊ ဝိုင် အအေးခံစက် ၁ခုနှင့် အနုပညာလက်ရာများ ထားရှိရန် အခန်းတစ်ခုတို့ ပါဝင်သည်။

သို့ရာတွင် ဤအခန်း၌ အခြားသူများတွင် ရှိလေ့ရှိထမရှိသည့် အရာတစ်ခုလည်း ပါဝင်ရာ မီးပန်းဆိုင်းတစ်ခုပါဝင်သည့် အိမ်တွင်းသီးသန့် ရေကူးကန် ပါဝင်ခြင်းဖြစ်သည်။

အိမ်အဝင် ဧည့်ခန်းတွင် ဗီနီရှင်း မူရာနို ဖန်မီးဆိုင်းကြီးတစ်ခုကို တွေ့ရသည်။
ညစာစားခန်းကို ပဲရစ်မှ အုတ်ခဲများဖြင့် အလှဆင်ထားသည်။
တေလာဆွစ်သည် နယူးယောက်သို့ ပထမဆုံးရောက်ရှိခဲ့စဉ်က west village တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေခဲ့ဖူးသည်ဟု ဆိုသည်။

နောက်ပိုင်းတွင်မူ tribecca ရှိ နေအိမ်ကိုသာ ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင်မူ တေလာဆွစ်သည် မွမ်းမံပြင်ဆင်ပြီးဖြစ်သော tribecca နေအိမ်တွင် ပြန်လည်နေထိုင်လျှက်ရှိနေပြီဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တေလာဆွစ် ငှားရမ်းနေထိုင်ခဲ့ဖူးသော နေအိမ်ကြီး အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တေလာဆွစ် ငှားရမ်းနေထိုင်ခဲ့ဖူးသော နေအိမ်ကြီး အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တေလာဆွစ် ငှားရမ်းနေထိုင်ခဲ့ဖူးသော နေအိမ်ကြီး အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တေလာဆွစ် ငှားရမ်းနေထိုင်ခဲ့ဖူးသော နေအိမ်ကြီး အရောင်းဈေးကွက် ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service