ဖလော်ရီဒါပြည်နယ်အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ရှိ ဧက ၂၀ ကျယ်ဝန်းသော ကျွန်းတစ်ခု ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1008 Views

ဖလော်ရီဒါပြည်နယ်အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ရှိ ဧက ၂၀ ကျယ်ဝန်းသော ကျွန်းတစ်ခု ရောင်းချမည်

အမေရိကန်ပြည်ထောင်စု၊ တောင်ဖလော်ရီဒါပြည်နယ်၏ အရှေ့ဘက် မိုင် ၁၈၀ အကွာ ကမ်းလွန်ပင်လယ်ပြင်အတွင်း၌ တည်ရှိသော ဘဟားမားကျွန်းစုရှိ ဧက ၂၀ ခန့် အကျယ်အဝန်းရှိသော ကျွန်းတစ်ခု အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဘာကိုပင်လယ်ရေပြင်က ဝန်းပတ်ထားပြီး ကျွန်းပေါ်တွင် ပင်မနေအိမ်တစ်လုံးနှင့် ဧည့်ဂေဟာဆောင် ၂ ခုပါဝင်သည်။
ဖြူလွလွသဲသောင်များ ကျယ်ပြောစွာတွေ့မြင်ရမည်ဖြစ်သည့်အပြင် လူတို့ မထိတွေ့ရသေးသည့် စိမ်းလန်းသော သဘာဝအလှတရား များစွာရှိနေသည်ဟု ဆိုသည်။

“လှပတဲ့ကျွန်းတစ်ခုလုံး ပိုင်ဆိုင်ရမှာ ဖြစ်တဲ့အပြင် ပြင်ပလောကနဲ့ အလှမ်းကွာ တသီးတသန့်ရှိတဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့် ဝန်းကျင်မြို့တွေနဲ့ အရမ်းတော့ မဝေးကွာပါဘူး။ လီယိုနတ် သွမ်ပ်ဆင်နိုင်ငံတကာလေဆိပ်နဲ့ မိနစ် ၃၀ ခရီးပဲ ရှိပါတယ်” ဟု အရောင်းတင်သွင်းသည့် ဆောက်သ်ဘီမှ အကျိုးဆောင်တစ်ဦးဖြစ်သူ ခရစ္စတိုဖာ အယ်လ်ဘူရီက ပြောကြားသည်။

ပင်မနေအိမ်မှာ ကျွန်း၏ အမြင့်ဆုံးနေရာတွင် တည်ရှိပြီး အမိုးခုံးမျက်နှာကြက်ပုံဖော်ထားကာ ကြမ်းခင်းမှာ ထုံးကျောက်များဖြစ်သည်။
နေအိမ်ပြင်ပတွင် လူပေါင်း ၂၀ ခန့် ညစာစားနိုင်သည့် နေရာတစ်ခုပါဝင်ပြီး အနီးတွင် အိပ်ခန်း ၃ ခန်းပါ ဧည့်ဂေဟာဆောင်တစ်ခု တည်ရှိသည်။
ကျွန်းပေါ်တွင် အိပ်ခန်း ၂ ခန်းပါ အခြားဧည့်ဂေဟာဆောင်တစ်ခုရှိသေးရာ ကျွန်း၏ အခြားတစ်ဖက်စွန်းတွင် ဖြစ်သည်။

ကျွန်းပေါ်တွင် ငှက်သိုက်များစွာရှိနေပြီး လက်ရှိပိုင်ရှင်က သဘာဝဥယျာဉ်တစ်ခု ကျွန်းပေါ်တွင် ဖန်တီးထားသည်။
လက်ရှိပိုင်ရှင်သည် ကျွန်းကို ပိုင်ဆိုင်ထားခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီဖြစ်ပြီး မကြာခဏမလာရောက်နိုင်ခြင်းကြောင့် ရောင်းချရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

တင်းနစ်ကွင်း၊ အားကစားလေ့ကျင့်ရေးနေရာ၊ အရက်ဘားတို့ ပါဝင်သည့်အပြင် ၄၅ ပေအလျားရှိ လှေများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံ ၂ ခုလည်း ပါဝင်သေးသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အားလိုင်း မြေအောက်ကြိုးများ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ မြန်နှုန်းမြင့်အင်တာနက်၊ reverse osmosis ရေသန့်စနစ်နှင့် အလိုအလျောက်အသင့်လည်ပတ်ပေးမည့် မီးအားပေးစက်တို့လည်း ပါဝင်သည်။

Sotheby’s International Realty မှတစ်ဆင့် အရောင်းဈေးကွက်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၆ သန်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဖလော်ရီဒါပြည်နယ်အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ရှိ ဧက ၂၀ ကျယ်ဝန်းသော ကျွန်းတစ်ခု ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖလော်ရီဒါပြည်နယ်အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ရှိ ဧက ၂၀ ကျယ်ဝန်းသော ကျွန်းတစ်ခု ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖလော်ရီဒါပြည်နယ်အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ရှိ ဧက ၂၀ ကျယ်ဝန်းသော ကျွန်းတစ်ခု ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖလော်ရီဒါပြည်နယ်အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ရှိ ဧက ၂၀ ကျယ်ဝန်းသော ကျွန်းတစ်ခု ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖလော်ရီဒါပြည်နယ်အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ရှိ ဧက ၂၀ ကျယ်ဝန်းသော ကျွန်းတစ်ခု ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖလော်ရီဒါပြည်နယ်အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ရှိ ဧက ၂၀ ကျယ်ဝန်းသော ကျွန်းတစ်ခု ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖလော်ရီဒါပြည်နယ်အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ရှိ ဧက ၂၀ ကျယ်ဝန်းသော ကျွန်းတစ်ခု ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service