လန်ဒန်ရှိ "ဒိန်ခဲခြစ်ခုံ" မိုးမျှော်တိုက်ကို ဟောင်ကောင်ကုမ္ပဏီ ပိုင်ဆိုင်တော့မည် - Property News in Myanmar from iMyanmarHouse.com
795 Views

လန်ဒန်ရှိ "ဒိန်ခဲခြစ်ခုံ" မိုးမျှော်တိုက်ကို ဟောင်ကောင်ကုမ္ပဏီ ပိုင်ဆိုင်တော့မည်

တရုတ်အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ချောင်ချွန်ချို၏ ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CC Land က အင်္ဂလန်နှင့် ယူကေ၏ မြို့တော်လန်ဒန်ရှိ "Cheesegrater" ခေါ် "ဒိန်ခဲခြစ်ခုံ" မိုးမျှော်တိုက်ဟု ကြော်ကြားသည့် The Leadenhall Building ကို အမေရိကန်ဒေါ်လာ
၁ ဒသမ ၅ ဘီလျံနီးပါးဖြင့် ၎င်းတို့၏၀ယ်ယူမှုသည် ပြီးစီးတော့မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

CC Land က ဒိန်ခဲခြစ်ခုံနှင့်ဆင်တူသော ထို The Leadenhall Building ကို ၎င်းမိုးမျှော်တိုက်ကို ပေါင် ၁ ဒသမ ၁၅ ဘီလျံဖြင့် ၀ယ်ယူမည့်အကြောင်း ထိုအဆောက်အအုံ၏ လက်ရှိပိုင်ရှင်နှစ်ဦးအနက် တစ်ဦးဖြစ်သည့် လန်ဒန်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ British Land က မတ် ၁ ကတည်းက ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ကျန်ပိုင်ရှင်မှာ Oxford Properties ကုမ္ပဏီ ဖြစ်သည်။ ပေါင်ငွေတန်ဖိုး ကျဆင်းနေစဉ် နိုင်ငံခြားဝက်လက်များ၏ အမြတ်ထွက်မှုများအနက် တစ်ခုဖြစ်သည်။

ယခုအရောင်းအ၀ယ်သည် HSBC မိုးမျှော်တိုက်အား ကာတာကုမ္ပဏီတစ်ခုက ပေါင် ၁ ဒသမ ၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ) ဖြင့် ၂၀၁၄ ခုနှစ်တွင် ၀ယ်ယူခဲ့မှုနောက်ပိုင်း လန်ဒန်တွင် အကြီးဆုံးအိမ်ခြံမြေအရောင်းအ၀ယ်ဖြစ်သည်။

လန်ဒန်စီးပွားရေးခရိုင်၏ အမြင့်ဆုံးသော၊ ၂၂၄ မီတာ မြင့်ကာ အထပ်ပေါင်း ၄၆ ထပ်ရှိသည့် ထိုအဆောက်အအုံကို ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး စတုရန်းပေ ၁ ပေလျှင် ငှားရမ်းခ ပေါင် ၁၀၀ ကျော်ဖြင့် စံချိန်တင်ထားသည်။

လက်ရှိတွင် ယူကေနိုင်ငံရေးဂယက်များ မည်သို့ရှိနေစေကာမူ လက်ရှိတွင် လန်ဒန်သည် ကမ္ဘာတစ်ဝန်းမှ (အထူးသဖြင့် အာရှဒေသမှ) ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်နိုင်
စွမ်းရှိသောနေရာတစ်ခု ဖြစ်ဆဲဖြစ်ကြောင်း CC Land က ထုတ်ပြန်ခဲ့သည်။

လာမည့် ၁၈ ရက် (မေ ၁၈) တွင် CC Land ရှယ်ယာရှင်များ၏ အထူးအစည်းအဝေးပြီးနောက် ယခုလမကုန်မီတွင် အရောင်းအ၀ယ်ပြီးစီးရန် သက်ဆိုင်သူများက ခန့်မှန်းထားကြသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service