ပြင်ဦးလွင် ပဒေသာမြို့သစ်၌ အရောင်းအဝယ် လှုပ်ခတ် - Property News in Myanmar from iMyanmarHouse.com
3479 Views

ပြင်ဦးလွင် ပဒေသာမြို့သစ်၌ အရောင်းအဝယ် လှုပ်ခတ်

နေရာအနေအထား၊ မြေကွက်အကျယ်နဲ့ အဆောက်အအုံကိုလိုက်ပြီး ပျမ်းမျှ ကျပ်သိန်း ၅ဝဝ ကနေ ကျပ်သိန်း ၅,ဝဝဝ ပတ်ချာလည် အများဆုံး ခေါ်ဈေး ရှိခဲ့ရာမှာ အခုအခါ ယခင်ဈေးနှုန်းတွေထက် ထက်ဝက်လျှော့ချမှုများ ရှိသည်။

ပြင်ဦးလွင်မြို့ အိမ်ခြံမြေဈေးကွက်မှာ ပဒေသာမြို့သစ်ထဲက အကွက်အ ကွင်းတွေ ဈေးနှုန်း အပြောင်းအလဲ ရှိပြီး ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်ရင် အေ ရာင်းအဝယ် လှုပ်ခတ်မှုရှိနေကြောင်း ပြင်ဦးလွင်မြို့က အိမ်ခြံမြေ အကျိုးေ ဆာင်တချို့က ပြောပါတယ်။

ပဒေသာမြို့သစ်အတွင်းမှာ ရောင်းချလိုပေမဲ့ ငွေပူမရှိသေးလို့ ကြိုက်ဈေး ရ မှ ရောင်းဖို့စောင့်နေသူတွေရှိသလို တစ်ဖက်မှာ ဈေးနှုန်းကို အရင်က ခေါ် ခဲ့တဲ့ နှုန်းတန်းထက် သိသိသာသာ လျှော့ချပြီး ရောင်းချသူတွေ ရှိနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း မြို့ခံအိမ်ခြံမြေ အကျိုးဆောင် ဒေါ်ခင်စြော မင့်က ပြောပါတယ်။

''ဈေးနှုန်းကို ထိန်းထားတဲ့သူတွေလည်း ရှိပေမဲ့အရင်က ခေါ်တဲ့ဈေးတွေ ထက် သိသိသာသာ ချရောင်းတာမျိုးတွေ ရှိပါတယ်။ပဒေသာမြို့သစ်မှာက အရောင်းအဝယ်က နှစ်နဲ့ချီပြီး တော်တော်ပါးသွားတဲ့ အတွက် ဈေးနှုန်းက အရင်လို ခေါ်လို့မရတော့ပဲကြိုက်ရောင်း ကြိုက်ဝယ် လုပ်နေရတာများတယ်။ အခုလပိုင်းတွေမှာ အဝယ်မပါးပဲ အဝယ်ပြန်လိုက်နေတယ်'' လို့ ဒေါ်ခင်ေ စာမြင့်က မေ ၁ ရက်မှာ ပြောပါတယ်။

မြေကွက်အကျယ်တွေအနေနဲ့ ပဒေသာမြို့သစ်ထဲမှာ ပေ ၄ဝ x ပေ ၆ဝ၊ ပေ ၆ဝ ပတ်လည်၊ ပေ ၆ဝ x ပေ ၈ဝ၊ ပေ ၈ဝ x ပေ ၁၂ဝစသဖြင့် အမျိုးမျိုး ရှိနေ ပါတယ်။ နေရာ အနေအထား၊မြေကွက်အကျယ်နဲ့ အဆောက်အအုံကို လိုက် ပြီး ပျမ်းမျှ ကျပ်သိန်း ၅ဝဝ ကနေကျပ်သိန်း ၅,ဝဝဝ ပတ်ချာလည်အတွင်း အ များဆုံး ခေါ်ဈေးတွေ ရှိခဲ့ရာမှာ အခုအခါ အရင်က ခေါ်ခဲ့တဲ့ ဈေးနှုန်းတွေ ထက် ထက်ချိုးချပြီး ဈေးခေါ်နေတာမျိုးတွေ ရှိတယ်လို့ အကျိုးဆောင်တချို့က
ပြောပါတယ်။

''ကျပ်သိန်း ၁,၅ဝဝ ခေါ်ထားတဲ့ အကွက်ကို အခု ကျပ်သိန်း ၉ဝဝ လောက်နဲ့ အရောင်းအဝယ် တည့်သွားတာ။ အရင်က ကျပ်သိန်း၂,၅ဝဝ ခေါ်တာကို ၂,၂ဝဝ လောက်နဲ့ တည့်သွားတာတွေ ရှိပါတယ်။ ဈေးနှုန်းတန်းတွေက အ ရင်လို မဟုတ်တော့ ဝယ်သင့်တဲ့ အချိန်ဖြစ်နေတယ်'' လို့ ဒေါ်ခင်စောမြင့်က
ပြောပါတယ်။

ပဒေသာမြို့သစ်ဟာ စတည်ခဲ့တဲ့ ၁၉၉ဝပြည့်နှစ်လောက်က အနေအထား မျိုးနဲ့ မတူတော့ပဲ အိမ်ခြေ အဆောက်အအုံကောင်းတွေ၊ လူနေထိုင်မှုတွေ တိုးလာပြီး စည်ကားမှုလည်း အများကြီးပိုလာပြီလို့ ပြောပါတယ်။ မြေကွက် လွတ်လည်း အများကြီး မရှိတော့ပဲ လမ်းတွေလည်း ကောင်းမွန်ပါတယ်။ နွေ ရာသီမှာ အငှားလည်းသွက်ပြီး လပိုင်းငှားရမ်းမှုတွေလည်း ရှိသလို ကျပ် နှစ် သိန်းကနေ ကျပ် ငါးသိန်းလောက်အထိ ဈေးနှုန်းရှိတယ်လို့ သိရပါတယ်။

''အိမ်မြေ အခွန်နှုန်းထားကိုတော့ လက်ရှိထက် အရင်လို ပြန်ဖြစ်စေချင် တယ်။ အခုဆို အဝယ်စိတ်ဝင်စားသူတွေ ရှိပေမဲ့(အခွန်မဆောင်ချင်သေးေ တာ့) ပါဝါတိုက်ရိုက်ရမယ့် ပိုင်ရှင်ကို ရှာပေးပါဆိုတာမျိုးတွေ ရှိပါတယ်'' လို့ ဒေါ်ခင်စောမြင့်ကပြောပါတယ်။


Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service