ဘာရိန်းတွင် လာမည့် ၅ နှစ်တာ ကာလအတွင်း ကန်ဒေါ်လာ ၁၀ ဘီလီယံသုံးစွဲကာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်များစွာ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
1134 Views

ဘာရိန်းတွင် လာမည့် ၅ နှစ်တာ ကာလအတွင်း ကန်ဒေါ်လာ ၁၀ ဘီလီယံသုံးစွဲကာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်များစွာ ဆောက်လုပ်မည်

ဘာရိန်းနိုင်ငံတွင် လာမည့် ၅ နှစ်တာ ကာလအတွင်း ကန်ဒေါ်လာ ၁၀ ဘီလီယံသုံးစွဲကာ ကြယ်ငါးပွင့်အဆင့်ဟိုတယ်နှင့် ကြယ်လေးပွင့် အဆင့် ဟိုတယ် ၁၅ လုံးခန့် ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။

ကမ္ဘာကျော်ဟိုတယ်အမှတ်တံဆိပ်များပါဝင်မည်ဖြစ်ပြီး The One&Only Resort၊ Wyndham Grand Hotel၊ Fairmont၊ Vida Hotel & Resort၊ The Address Hotel & Resort၊ Ibis Hotel နှင့် Pullman Hotel တို့ ပါဝင်မည်ဖြစ်ကြောင်း ဘာရိန်း စီးပွားရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့ (EDB) ၏ သုံးလပတ်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဘာရိန်းတွင် လက်ရှိအားဖြင့် ဟိုတယ်နှင့် အပန်းဖြေစခန်းပေါင်း ၁၉၀ ကျော် တည်ရှိပြီး ဖြစ်ရာ ကြယ်ငါးပွင့်အဆင့်ဟိုတယ် ၁၈ လုံး၊ ကြယ်လေးပွင့်အဆင့် ၄၈ လုံး၊ ကြယ်သုံးပွင့်အဆင့် ၃၅ လုံး၊ အသင့်နေလူနေခန်းပေါင်း ၈၁ ခုနှင့် အပန်းဖြေစခန်း ၁၁ ခုတို့ ပါဝင်သည်။

ယင်းဟိုတယ်တို့၏ စုစုပေါင်းအခန်းအရေအတွက်မှာ အခန်းပေါင်း ၁၆၅၀၀ ခန်းကျော်ဖြစ်သည်။
ဘာရိန်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ ၂၀၂၀ ပြည့်နှစ်အရောက်တွင် ဂျီဒီပီသို့ ကန်ဒေါ်လာ ၁ ဘီလီယံ ဖြည့်တင်းပေးနိုင်ရန် ရည်မှန်းထားသည်။

ဗြိတိန်၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျာမနီနှင့် ရုရှားတို့ကဲ့သို့ နိုင်ငံတကာဈေးကွက်များတွင် ဘာရိန်းခရီးသွားလုပ်ငန်းကို ကမ္ဘာက အာရုံပြုမိ လာစေရန်အတွက် နိုင်ငံတကာတွင်လည်း ရုံးခွဲ ၆ ခုဖွင့်လှစ်ထားသည်ဟု ဆိုသည်။

ဘာရိန်းနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုပမာဏ ၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ခရီးသည် ၁၂ ဒသမ ၂ သန်းဝင်ရောက်ခဲ့ရာ ဆက်လက်မြင့်တက်လာမည့် အလားအလာများကြောင့် ၂၀၂၀ ပြည့်နှစ်သို့အရောက်တွင် ဟိုတယ်ခန်းပေါင်း ၄၀၀၀ ခန့် ထပ်မံဖြည့်တင်းနိုင်ရန် ရည်မှန်းထားသည်။

ခရီးသွားလုပ်ငန်းသည် ဘာရိန်းစီးပွားရေး၏ အဓိကဒေါက်တိုင်တစ်ခုဖြစ်ခြင်းကြောင့် ခရီးသွားလုပ်ငန်းကို ပံ့ပိုးပေးမည့် အခြေခံအဆောက်အအုံစီမံကိန်းများစွာကို ကန်ဒေါ်လာ ၃၂ ဘီလီယံကျော် အကုန်အကျခံ၍လည်း အကောင်အထည်ဖော်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service