မြကျွန်းသာ အပန်းဖြေဥယျာဉ် အတွင်းရှိ စီမံကိန်းများ၏ မြေငှားရမ်းခများ ပေးသွင်းခြင်းကို လက်ရှိဘဏ္ဍာနှစ်မှ စ၍ လက်မခံတော့ဘဲ Master Plan ရေးဆွဲနေဟုဆို - Property News in Myanmar from iMyanmarHouse.com
2675 Views

မြကျွန်းသာ အပန်းဖြေဥယျာဉ် အတွင်းရှိ စီမံကိန်းများ၏ မြေငှားရမ်းခများ ပေးသွင်းခြင်းကို လက်ရှိဘဏ္ဍာနှစ်မှ စ၍ လက်မခံတော့ဘဲ Master Plan ရေးဆွဲနေဟုဆို

မြကျွန်းသာ အပန်းဖြေဥယျာဉ် အတွင်းရှိ စီမံကိန်းများနှင့် ပတ်သက်၍ မြေ ငှားရမ်းခများ ပေးသွင်းခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ လက်ခံတော့ မည် မဟုတ်ဘဲ Master Plan ရေးဆွဲနေကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။

“မြကျွန်းသာမှာရှိတဲ့ စီမံကိန်းတွေကို ရပ်ထားတာက ကြာပါပြီ။ လက်ရှိေ လာလောဆယ် ကော်မတီကနေပြီးတော့ Master Plan ပြန်ပြီး ရေးဆွဲနေ ပါတယ်။ လက်ရှိ အချိန်အထိလဲ ရပ်ထားပါတယ်။ Master Plan နဲ့ ပတ် သက်ပြီးတော့ ကော်မတီကို မေးမှပဲ သိမယ်။ ဒေါ်လှိုင်မော်ဦး ဦးစီးပြီး လုပ်နေပါတယ်။ မနှစ်က မတ်လအထိ ကျွန်တော်တို့ မြေငှားရမ်းခ ယူထား ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မြေငှားရမ်းခ ပေးသွင်းတာ ကို ရပ်တန့်ထားပါတယ်” ဟု ဦးကိုကိုလင်းက ပြောကြားသည်။

မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း စီးပွားဖြစ် အဆောက်အအုံများေ ဆာက်လုပ်ခြင်းသည် ပြည်သူများ၏ ရပိုင်ခွင့် ဆုံးရှုံးခြင်းဖြစ်ကြောင်း၊ ထို့ေ ကြာင့် စီးပွားဖြစ် အဆောက်အအုံများ ဆောက်လုပ်ရန် သင့်၊ မသင့်ကို ရန် ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် စဉ်းစားရန် လိုအပ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းေ ဒသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧပြီ ၂၆ ရက်တွင် ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“မြကျွန်းသာ အပန်းဖြေဥယျာဉ် ကိစ္စကို တင်ပြလိုပါတယ်။ အပန်းဖြေဥ ယျာဉ် အတွင်းမှာ မြေငှားရမ်းမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့ စာရင်း စစ်ချုပ် ဘက်ကနေပြီးတော့ ဘဏ္ဍာရေးအရ ဆုံးရှုံးနစ်နာခြင်း ရှိတယ်လို့ တင်ပြနိုင်သလို ကျွန်မတို့ လွှတ်တော်ဘက်ကလည်း ပြည်သူလူထုအတွက် အပန်းဖြေ အမှန်တကယ် ဖော်ဆောင်ထားသလား၊ ပြည်သူတွေရဲ့ ရပိုင်ခွ င့်တွေ ဆုံးရှုံးသွားသလားဆိုတာ ကြည့်ဖို့ လိုပါတယ်။ ပန်းခြံတွေကို ငှားရမ်း တဲ့ အခါမှာ ရာခိုင်နှုန်း ၂၀ ကိုသာ အကျိုးစီးပွားအတွက် အသုံးပြုခွင့် ရှိပါ တယ်။ ကျန်မြေတွေကို အများပြည်သူအတွက်ကို Public Area အဖြစ် ထားရပါတယ်။ ဒါ ကြောင့်မို့ လွှတ်တော်က မြကျွန်းသာ အပန်းဖြေဥယျာဉ် အတွင်းမှာ စီးပွားဖြစ် အဆောက်အအုံကြီးတွေ ဆောက်လုပ်ဖို့ မြေငှား ရမ်ြး ခင်းက အများပြည်သူရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးသွားခြင်း ဖြစ်တယ်လို့ ရန်ကုန် တိုင်းဒေသကြီး အစိုးရကို တင်ပြလိုပါတယ်။ မြကျွန်းသာ အပန်းဖြေဥယျာဉ် အတွင်းမှာ ငှားရမ်းခ နည်းပါတယ်ဆိုပြီး ကျွန်မတို့က မြေငှားရမ်းခကို တိုးေ တာင်းလိုက်မယ်ဆိုရင် တိုးပေးနိုင်တဲ့သူတွေချည်းပဲ ဖြစ်ပါတယ်။ အဲဒီလို ငှား ရမ်းခ တိုးလိုက်ခြင်းဖြင့် လက်ရှိလုပ်ကိုင်နေတဲ့ စီးပွားဖြစ် လုပ်ငန်းတွေကို ကျွန်မတို့ လွှတ်တော်အနေနဲ့ အသိအမှတ်ပြုရာ ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်အနေနဲ့ စဉ်းစားရမှာက ၎င်းမြကျွန်းသာ အပန်းဖြေ ဥယျာဉ်ကို စီးပွားဖြစ် အဆောက်အအုံတွေ ဆောက်လုပ်ခွင့် သင့် မသင့်ကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာတွင်ရှိသော မြကျွန်းသာ အပန်ြးေ ဖ ဥယျာဉ်သည် ခေတ်ကာလပေါက်ဈေးနှုန်း တစ်စတုရန်းပေလျှင် ကျပ်တစ်ေ ထာင် ပေးနေရချိန်တွင် စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီ ရှစ်ခုအား တစ်ဧက ကျပ် ၁၀ သိန်းနှုန်းဖြင့် ငှားရမ်းခဲ့ရာ တစ်စတုရန်းပေလျှင် တစ်လ ၂၅ ကျပ် သာ ရရှိသဖြင့် ငှားရမ်းခများ တိုးမြှင့်သတ်မှတ်ထားသည့်တိုင် တစ်လလျှင် ကျပ် ၁၈၀၂ ဒသမ ၄၆ သန်း တစ်နှစ်လျှင် ကျပ် ၂၁ ဒသမ ၆၂၉ ဘီလျံ နစ် နာနေကြောင်း “ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ၂၀၁၅-၂၀၁၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ” အရ သိရသည်။

အဆိုပါ မြကျွန်းသာဥယျာဉ်တွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများမှာ Max Myanmar Group Co.Ltd, Eden Group Co.Ltd , Inya Palace Co.ltd , Magic Land Co.Ltd, Nay La Pwint Services Co.Ltd , MGS Resort and Entertainment Co.Ltd, Good Shan Brothers, RyuJi Co.Ltd တို့ ဖြစ်ကြောင်း သိရသည်။

မြကျွန်းသာ အပန်းဖြေဥယျာဉ်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးေ က်ာမတီက ပုဂ္ဂလိကကုမ္ပဏီ ရှစ်ခုသို့ ငှားရမ်းရာတွင် မြေငှားရမ်းမှုအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ခြင်း မရှိကြောင်း၊ ကုမ္ပဏီများသို့ မြေငှားရမ်းခြင်း အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ၂၀၁၃ ခုနှစ် မတ် ၁၈ ရက် ရက်စွဲပါ စာအမှတ် ၁/၂-၇ (၆) စီမံဖြင့် ခွင့်ပြုခဲ့ပြီး ယခင်ဆောင်ရွက်ဆဲ လုပ်ငန်းများအား စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ကြောင်း၊ မြကျွန်းသာ အပန်ြးေ ဖဥယျာဉ်အတွင်း ကုမ္ပဏီရှစ်ခုသို့ မြေငှားရမ်းမှု ကာလသည် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၇၃ ခုနှစ် မတ် ၃၁ ရက်အထိဖြစ်ပြီး နှစ် ၆၀ အတွက် တ စ်နှစ် လျှင် တစ်ဧကနှုန်း ကျပ် ၁၂ သန်းဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ခြင်ြး ဖစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရ သည်။

မြကျွန်းသာပန်းခြံအား ယခင်အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး အ စိုးရ အဖွဲ့က ပုဂ္ဂလိက လုပ်ငန်းရှင်များကို ငှားရမ်းပေးခဲ့ခြင်းဖြစ်ပြီး လွှတ်ေ တ်ာကိုယ်စားလှယ်များက တိုင်းဒေသကြီး လွှတ်တော်အတွင်း ကန့်ကွက်ေ ဆွးနွေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ်အတွင်း ပန်းခြံအတွင်းရှိ လုပ်ငန်းများကို ရပ်တန့်ထားရန် ကြေညာခဲ့ကြောင်း သိရသည်။


Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service