ရန်ကုန်မြို့ရှိ အဆင့်မြှင့်တင်မည့် ဈေး ၂၁ ဈေးကို အများပိုင် စနစ်ဖြင့် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
2521 Views

ရန်ကုန်မြို့ရှိ အဆင့်မြှင့်တင်မည့် ဈေး ၂၁ ဈေးကို အများပိုင် စနစ်ဖြင့် ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆင့်မြှင့်တင်ရန် လျာထားသည့် ဈေး ၂၁ ဈေးကို ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုစနစ် (Public Private Partnership PPP) ဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိ န်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဧပြီ ၂၄ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင်ပြောသည်။

'' မြို့တော်စည်ပင်သာယာရေးကော်မတီကွပ်ကဲမှု လက်အောက်ကနေပြီးေ
တာ့ ဈေးတွေကို အဆင့်မြင့် ခေတ်မီဈေးတွေဖြစ်လာစေဖို့ စီစဉ်ဆောင်ရွက် လျက် ရှိတယ်။ ဆောင်ရွက်တဲ့နေရာမှာ အစိုးရဘတ်ဂျက်နဲ့ မဟုတ်ဘဲနဲ့ ပီပီပီစနစ်နဲ့ အကောင်အထည်ဖော် စီမံဖို့ ဆောင်ရွက်လျက်ရှိတယ်။ ပထမ အဆင့်အနေနဲ့ ဦးစားပေးပြင်ဆင်မှုလုပ်နေတဲ့ ဈေးပေါင်း၂၁ ဈေးရှိတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါ ဦးစားပေးပြင်ဆင်ရန် စီစဉ်လျက်ရှိသည့် ဈေးပေါင်း ၂၁ ဈေးတွင် ပန်းဘဲတန်းမြို့နယ်ရှိ သိမ်ကြီးဈေး (စီ) ရုံ၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်ြ မင်တိုင် ညဈေးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိစံပြဈေးတို့လည်း ပါဝင်သည်။

အဆင့်မြှင့်မှုထဲတွင် ပါဝင်သည့် ပန်းဘဲတန်းမြို့နယ်ရှိ သိမ်ကြီးဈေး (စီ)ရုံ သည် ၁၉၆၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ကုန်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဝန်ကြီးဌာန၊ တပ်ရင်းတပ်ဖွဲ့များ၊ သမဝါယမ လုပ် ငန်းစုများကို အငှားချထားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အပ ကျန်ဝန်ကြီးဌာနများက အဆောင်အထပ်များကို ပြန်လည်အပ်နှံခဲ့ကာ ၁၉၉၈ ခုနှစ်တွင် ကုန်သွယ်ရေးဝန်ကြီးဌာနက ကျန်အဆောက်အအုံများ၊ ကျန်အထပ်များကို ဝန်ထမ်းသက်သာဆိုင်များ၊ သင်တန်းခန်းမများနှင့် ဂျီအီးစီ အရောင်းဆိုင်ခန်းများကို ဈေးများဌာနသို့ ပြန်လည် အပ်နှံခဲ့သည်ဟု သိရ သည်။

''ယခုလက်ရှိအခြေအနေမှာ ဈေးရုံအပြင်မှာပဲ အရောင်းအဝယ် များနေတာ ကို တွေ့ရတယ်။ ဈေးရုံအတွင်းမှာ ဆိုင်ခန်းတွေကို အသုံးချမှု နည်းပါးနေ တယ်။ ဓာတ်လှေကားတွေ၊ စက်လှေကားတွေ အထပ်အလိုက် ရှိတယ်။ ဒါပေမဲ့ တချို့ဟာတွေကို ရပ်ထားတယ်။ သိမ်ကြီးဈေး စီရုံကို 'က' အဆင့် သတ်မှတ်ထားပြီး အချက်အချာကျတဲ့ နေရာမှာရှိတယ်။ ဒါပေမဲ့ ဈေးကြီးက စည်ကား သင့်သလောက် မစည်ကားတော့ဘူး''ဟု ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ပြောသည်။

ထို့ပြင် ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင် တိုင်ညဈေးကို ၂ဝ၁၅-၁၆ ဘ ဏ္ဍာနှစ်တွင် အကြီးစား ပြုပြင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ေ ဆာင်ရွက်ခဲ့ပြီး ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်ကုန်ဆုံး သည့်တိုင် သံတိုင် နှစ်ထပ်ရုံ သုံးရုံနှင့် တစ်ထပ်ရုံ တစ်ရုံသာ ဆောက်လုပ်ရသေးပြီး ဆက်လက် ဆော က်လုပ်မှု ပြုလုပ်ပေးရန် အစီအစဉ် ရှိမရှိကိုလည်း ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်အမတ် ဦးခင်ဝင်းက လွှတ်တော်သို့ မေးမြန်းခဲ့သည်။

''နှစ်ထပ် သံထည်လေးရုံနဲ့ တစ်ထပ်ရုံသုံးရုံ၊ လျှပ်စစ်မီးများ သွယ်တန်းခြင်း လုပ်ငန်း၊ဈေးဧရိယာ ပတ်လည်ကို ခြံစည်းရိုးကာရံခြင်း လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ခြင်း မပြီးဆုံးဘူး၊ အကြီး စား ပြင်ဆင်ရန်အတွက် တောင်းခံထားတဲ့ ငွေကြေး ပမာဏက ကျပ်သန်း ၁,၁၁၅ သန်းဖြစ်ပြီး အဲဒီငွေကြေးနဲ့ တည်ဆောက်ပေးရမယ့် သံထည် နှစ် ထပ်ရုံ ခြောက်ရုံ၊ တစ်ထပ်ရုံ လေးရုံ၊ လျှပ်စစ်လုပ်ငန်း၊ ခြံစည်းရိုး ကာရံခြင်း တို့ကို သတ်မှတ်ချက်နဲ့အညီ ဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိမရှိ သိလိုပါ တယ်'' ဟု ၄င်းက မေးမြန်းခဲ့သည်။

သို့သော် ဝန်ကြီးဦးမြင့်သောင်းကမူ ခေတ်မီဈေးများအဖြစ် ပြောင်းလဲမည်
ဖြစ်သောကြောင့် ကြည့်မြင်တိုင်ညဈေး၏ အကြီးစားပြင်ဆင်မှုကို ရပ်ဆိုင်း လိုက်ခြင်းဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ထို့ပြင် တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်အပိုင်းနှင့် သံသုမာလမ်းမ ကြီးပေါ်ရှိ (ဃ)အဆင့်ရှိ သီရိမြင်သာဈေးကို အဆင့်မြှင့်တင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ပြီး အဆိုပါဈေးမှာ ပီပီပီစနစ်ဖြင့်ဆောင်ရွက်မည့် အထဲတွင် ပါဝင်သော်လည်း ဦးစားပေး အဆင့်မြှင့်တင်မည့် ဈေး ၂၁ ခုထဲတွင် မူမပါ ဝင်ပေ။

၂ဝ၁၆ ခုနှစ် ဖော်ဖော်ဝါရီလတွင် ပြန်လည်ပြင်ဆင်ရန် တင်ဒါခေါ်ယူခဲ့သော မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စံပြ ညဈေးမှာလည်း ယခုတိုင် တင်ဒါဖွင့်ဖော က်ခြင်း မရှိသေးဘဲ ဈေးအခြေအနေမှာ ပျက်ယွင်းနေပြီး မီးဘေးအန္တရာယ် စိုးရိမ်ရသည့် အနေအထားထိ ရှိနေသည့်အတွက် အမြန်ဆုံး ပြန်လည်
ပြင်ဆင်ပေးရန်ကို မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးရန်အောင်က လွှတ်တော်သို့ တင်ပြခဲ့သည်။

အဆိုပါ စံပြညဈေးအတွက် အစိုးရအနေဖြင့် ဦးစားပေး အဆင့်မြှင့်တင် မည့် ဈေး ၂၁ ခုထဲတွင် ထည့်သွင်းထားပြီး အမြန်ဆုံးပြန်လည် ပြင်ဆင် သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်သောင်းက ပြောခဲ့သည်။

''ပထမအဆင့် ဈေး ၂၁ ခုစလုံးအတွက် ပြင်ဆင်တဲ့ အပိုင်းမှာ မြန်မာနိုင်ငံ ဗိသုကာ အသင်းရဲ့အစီအစဉ်နဲ့ ဘယ်လို အဆောက်အအုံကို ဘယ်လိုပုံစံ မျိုးနဲ့ ဆောက်မလဲဆိုတာကို ဒီဇိုင်းပြိုင်ပွဲကို ခေါ်ယူခြင်း၊ ရွေးချယ်ခံရတဲ့ ဒီ ဇိုင်းနဲ့ ဆောက်ဖို့ တင်ဒါခေါ်ယူခြင်း ဆိုတဲ့ အဆင့်ဆင့်နဲ့ စနစ်တကျ ဆောင် ရွက်သွားမှာ ဖြစ်တယ်။ အခု ပထမဆုံးအနေနဲ့ဒီဇိုင်းပြိုင်ပွဲ စတင်ဖို့ ဆောင် ရွက်တော့မှာ ဖြစ်တယ်''ဟု ၄င်းက ပြောသည်။


Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service