လယ်မြေများကို အခြားမြေများအဖြစ် ပြောင်းလဲမှု ပိုမိုများပြားလာ - Property News in Myanmar from iMyanmarHouse.com
1816 Views

လယ်မြေများကို အခြားမြေများအဖြစ် ပြောင်းလဲမှု ပိုမိုများပြားလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်မြေများမှာ အခြားမြေများအြ ဖစ် ပြောင်းလဲမှု ပိုမိုများပြားလာနေပြီး နှစ်စဉ်လယ်မြေ ဧကများ လျော့ကြ လာနေကြောင်း သိရသည်။

လက်ရှိပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေတွင် လယ်ယာမြေများကို အခြားမြေများအဖြစ် မပြောင်းလဲနိုင်စေရန် တင်းကျပ်သောအချက်များ မပါရှိသောကြောင့် ထိုသို့ ပိုမိုဖြစ်လာရကြောင်းနှင့် ထို့အတွက် လယ်မြေမှ အခြားမြေအဖြစ်သို့ မပြောင်းလဲနိုင်သော ဥပဒေတစ်ခု အမြန်ပြဋ္ဌာန်း
သင့်ကြောင်း မြတ်မင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးအောင်မင်း က ပြောသည်။

''နှစ်စဉ်လျော့နည်းနေတဲ့ လယ်ယာမြေတွေကို ထိန်းသိမ်းဖို့ လယ်မြေကနေ အခြားမြေအဖြစ် အလွယ်တကူပြောင်းလို့မရတဲ့ ဥပဒေတစ်ခု အမြန်ဆုံြး ပဋ္ဌာန်းပေးဖို့ လိုအပ်နေပါပြီ။ အဲဒီလို မပြဋ္ဌာန်းပေးနိုင်သေးရင်တောင် လက် ရှိ ရှိနေတဲ့ လယ်မြေတွေကို လယ်မြေတွေအနေနဲ့ အသုံးပြုဖို့ အစိုးရက တိုက်တွန်းဖို့ လိုအပ်နေပါပြီ''ဟု ၄င်းက ပြောသည်။

ထို့ပြင် လက်ရှိကျန်နေသေးသော လယ်မြေများကို လယ်မြေအဖြစ် အသုံး မပြုဘဲ ခွင့်ပြုချက် မရှိဘဲ အခြားမြေအဖြစ် အသုံးပြုနေသူများကို အရေးယူမှု များ ပြုလုပ်ရန် လိုအပ်နေကြောင်း ဦးအောင်မင်းက ပြောသည်။

''ရန်ကုန်မှာ လယ်မြေကို မြေကွက်လွတ်ပဲ ထားသူတွေနဲ့ ခွင့်ပြုချက်မရှိဘဲ အခြားမြေအဖြစ် အသုံးပြုနေသူတွေကို ထိရောက်စွာ အရေးယူဖို့ လိုအပ်ေ နပါတယ်။ လယ်မြေကို လယ်မြေအနေနဲ့ အသုံးပြုနိုင်ဖို့ အစိုးရက အားပေး သင့်ပါတယ်။ အဲဒီလိုခွင့်ပြုချက် မရှိဘဲ အခြားမြေအဖြစ် ပြောင်းလဲ အသုံြး ပုနိုင်ရင် လယ်မြေတွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြော သည်။

အိမ်ခြံမြေဈေးများမှာမြင့်မားနေပြီး စိုက်ပျိုးရေးလုပ်ငန်းများ ကျဆင်းနေသော ယခုအချိန်တွင် လယ်မြေများကို ခွဲခြမ်းစိတ်ဖြာ ရောင်းချမှုများ ပိုမိုများပြား လာပြီး ရန်ကုန်မြို့ပြင်ဧရိယာရှိ လယ်မြေအများစုမှာ နေအိမ်များအဖြစ် အခြေတကျ နေထိုင်မှုများရှိနေကြပြီဖြစ်ကြောင်းထောက်ကြန့်မြို့နယ်မှ မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်သန်းက ပြောသည်။

လယ်မြေများကို ထိန်းသိမ်းနိုင်ရန်နှင့် တောင်သူလယ်သမားများ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစိုးရက လယ်မြေဈေးများကို တခြား မြေေ ဈးနှုန်းများထက် သိသာစွာ လျော့နည်းရန် ဆောင်ရွက် ပေးသင့်ပြီး လယ် ယာစိုက်ပျိုးသူများသာ လယ်မြေများကို ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ပေး သင့်ကြောင်း ၄င်းက ပြောသည်။

''မြေဈေးနှုန်းတွေမြင့်မားပြီး လယ်မြေတွေကို အခြား အမြတ်ပိုရတဲ့ လုပ်င န်းတွေ လုပ်ကိုင်လာကြတော့ တောင်သူလယ်သမားတွေက လယ်မြေတွေ မှာ စိုက်ပျိုးဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။ အမြတ်ပိုရတဲ့ တခြားလုပ်ငန်းတွေ လုပ်ကိုင်လာကြတာဖြစ်ဖြစ်၊ အိမ်ရာ နေထိုင်လိုသူတွေ ကို မြေယာခွဲဝေရောင်းချတာဖြစ်ဖြစ်လုပ်လာတာတွေကို အချိန်မီတားဆီးပြီး ကျန်ရှိနေတဲ့ လယ်မြေတွေကို လယ်မြေအနေနဲ့ပဲ အသုံးပြုဖို့ လိုအပ်လာပါပြီ။ များပြားလာတဲ့ ရန်ကုန်မြို့ လူဦးရေအတွက်လည်း နေ့စဉ် စားသောက်ဖို့ စိုက်ပျိုးရေးကို ပိုမိုပြုလုပ်ဖို့ လိုအပ်ပါတယ်''ဟု ၄င်းက ပြောသည်။

စိုက်ပျိုးရေးကဏ္ဍအတွက် အခြားပြည်နယ်နှင့် တိုင်းများကို သီးသန့်ရွေးချယ် သင့်ပြီး စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ကုန်ထုတ်လုပ်ငန်းများနှ င့် စက်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန်သာ ဆောင်ရွက်သင့်ကြောင်းေ ဆာက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်ဖို့အတွက် အထူးပြုဆောင်ရွက်နေ တဲ့ ပြည်နယ်နဲ့ တိုင်းတွေ သီးသန့်ရှိရမှာဖြစ်ပြီး စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့က စက်မှုဇုန်လုပ်ငန်းတွေပိုမိုတိုးတက်ဖို့ ဆောင်ရွက်သင့်ပါတယ်။ အစိုးရကလည်း လယ်ယာမြေကနေ အခြားမြေအဖြစ်ပြောင်းလဲမယ်ဆိုရင် အလွယ်တကူ ပြောင်းလဲခွင့်ပြုပြီး စက်မှုလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်''ဟု ၄င်းက ပြောသည်။

နှစ်စဉ် လူဦးရေ ထူထပ်လာနေသည့် ရန်ကုန်မြို့အတွက် အိမ်ရာစီမံကိန်းများ တိုးချဲ့ဆောက်လုပ်ရန် လိုအပ်နေပြီး ထိုအိမ်ရာစီမံကိန်းများကို မြေနေရာ များစွာ ရှိနေသော မြို့သစ်များမှ လယ်ယာမြေများတွင် တည်ဆောက်သင့်ေ ကြာင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံ ဦးစီးဌာနမှ ဒေါ် လှိုင်မော်ဦးက ပြောသည်။

''အထပ်မြင့်အဆောက်အအုံနဲ့ တန်ဖိုးနည်းအိမ်ရာတွေကို မြေနေရာမျာြး
ပားစွာ ရှိနေသေးတဲ့ မြို့လယ်ကောင်မကျတဲ့ မြို့နယ်တွေမှာ ဆောက်သင့် ပါတယ်။ တန်ဖိုးသင့် အိမ်ရာတွေနဲ့ တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက် ဖို့ မြေဈေးနှုန်း မကြီးမြင့်သေးတဲ့ မြို့ပြင်က လယ်မြေတွေမှာ တည်ဆောက်ဖို့ သင့်တော်ပါတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးမြေများ ထားရှိခြင်းထက် များပြား လာသောလူဦးရေအတွက် လိုအပ်သော အထပ်မြင့်အဆောက်အအုံများ ပိုမိုတည်ဆောက်သင့်ကြောင်း ပညာရှင်များကပြော ဆိုကြသည်။

လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ လယ်ယာမြေကို အခြားနည်း လမ်းများအဖြစ် အသုံးပြုနိုင်ရန်အတွက် အပိုဒ် ၃ဝ (ခ)အရ တိုင်းဒေသ ကြီးနှင့် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၏ ထောက်ခံမှု မရှိမဖြစ် လိုအပ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ရရှိထားသူများအနေဖြင့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ထိုသူကို အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ ချမှတ်နို င်ပြီး ကျပ် ၁ဝ သိန်းအောက် မနည်းသည့် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော ငွေနှင့်ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ကြောင်း လယ်ယာမြေဥပဒေ အပိုဒ် ၃၇တွင် ဖော်ပြ ထားသည်။


Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service