လေဒီဂါဂါ တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
1902 Views

လေဒီဂါဂါ တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာကျော် ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါ တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သော အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရန်ချိုမိုင်ရေ့ခ်ျရှိ နေအိမ်ကြီး အရောင်းဈေးကွက်သို့ ဝင်ရောက်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လေဒီဂါဂါသည် အဆိုပါအိမ်ကြီးကို အင်တာနက်အိမ်ငှားဝက်ဘ်ဆိုက်များမှတစ်ဆင့် ရှာဖွေငှားရမ်းခဲ့ခြင်းဖြစ်သည်။
ခြံဝန်းအကျယ်အဝန်း ၁ ဒသမ ၂၃ ဧကရှိသည့် နေအိမ်ကြီးကို ယခုအခါ ကန်ဒေါ်လာ ၅ ဒသမ ၇၅ သန်းဖြင့် ရောင်းချတော့မည် ဖြစ်သည်။

လေဒီဂါဂါသည် ပန်းရောင်ဆွယ်တာအင်္ကျီ၊ နေကာမျက်မှန်တို့ ဝတ်ဆင်ကာ အဆိုပါနေအိမ်ပြင်ပ ဟင်းလင်းပြင်မီးဖိုရှေ့တွင် ဆဲလ်ဖီးဓာတ်ပုံရိုက်ကာ သူ၏ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့ဖူးသည်။
Coachella Valley ဂီတနှင့်အနုပညာပွဲတော်အတွက်
အဆိုပါနေအိမ်ကြီးတွင် ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။

အင်စတာဂရမ်တွင် လေဒီဂါဂါက ရေးသားထားခဲ့သည်မှာ “ဒီအိမ်လေးအတွက် airbnb (အွန်လိုင်းနေအိမ်ခန်းငှားရမ်းသူ) ကို ကျေးဇူးတင်ပါတယ်။ အံ့သြဖို့ကောင်းတဲ့ လက်ဆောင်တစ်ပါးပါပဲ ” ဟု ရေးသားထားသည်။
နေအိမ်၏ ကိုယ်ရေးလုံခြုံမှုရှိခြင်းကို လေဒီဂါဂါအလွန်နှစ်သက်ခဲ့သည်ဟု အရောင်းဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင် မိုက်ခ် ပါတာကက်စ်က ပြောကြားသည်။

“လေဒီဂါဂါ ဒီအိမ်ကိုကြိုက်တဲ့ တခြားအချက်က အိမ်မကြီးနဲ့ ခွဲထားတဲ့ အိပ်ခန်း ၂ ခန်းပါ အိမ်လေးပါတာကို ဖြစ်ပါတယ်” ဟု မစ္စတာ ပါတာကက်စ်က ဆက်လက်ပြောကြားသည်။

အိပ်ခန်း ၇ ခန်းပါ အဆိုပါနေအိမ်သည် ပုံမှန်ကာလများတွင် ငှားရမ်းခ တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြစ်သော်လည်း ပွဲတော်ရက်များတွင်မူ တစ်ညလျှင် ကန်ဒေါ်လာ ၆၀၀၀၀ ခန့်အထိ ပေးရသည်။
ရောင်းချသူမှာ ရန်ချိုမိုင်ရေ့ခ်ျရှိ မိသားစုတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါနေအိမ်ကို ၂၀၁၃ ခုနှစ်တွင် အရောင်းဈေးကွက်သို့ ပထမဆုံးပို့ခဲ့ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၆ ဒသမ ၅ သန်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လေဒီဂါဂါ တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လေဒီဂါဂါ တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လေဒီဂါဂါ တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လေဒီဂါဂါ တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လေဒီဂါဂါ တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
လေဒီဂါဂါ တစ်ညလျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည့် နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service