ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက် တစ်ကျော့ပြန် ကောင်းမွန်လာရန် မျှော်လင့် - Property News in Myanmar from iMyanmarHouse.com
1505 Views

ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက် တစ်ကျော့ပြန် ကောင်းမွန်လာရန် မျှော်လင့်

အရောင်းအဝယ်ငြိမ်သက်နေခဲ့တာ
နှစ်အတန်ကြာနေပြီဖြစ်တဲ့ ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက်
မှာအခုအခါ ဝယ်ယူဖို့မေးမြန်းစုံစမ်းတာတွေ
ခပ်စိပ်စိပ်ရှိလာပြီး ဈေးနှုန်းသင့်တော်တဲ့ မြို့သစ်အကွက်
အကွင်းတွေမှာ အရောင်းအဝယ် ပြန်ဖြစ်လာတာတွေရှိ
တာကြောင့် အကျိုးဆောင်တချို့ဟာ ဈေးကွက်
တစ်ကျော့ပြန်ကောင်းမွန်လာဖို့ မျှော်လင့်နေကြပါတယ်။

ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက်ဟာ မန္တလေးအိမ်ခြံမြေဈေးကွက်
နဲ့လည်း ဆက်စပ်မှုရှိပါတယ်။
မန္တလေးမှာ အိမ်မြေအရောင်းအဝယ်လှုပ်ခတ်ရင် ပြင်ဦးလွင်မှာ
လည်းလိုက်ပြီး လှုပ်ခတ်တတ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်
နောက်ပိုင်းကစပြီး မန္တလေးအိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ်
သိသိသာသာ ငြိမ်သက်နေခဲ့ရာမှာ ပြင်ဦးလွင်မြို့ဟာလည်း
အလားတူပဲ ကြုံတွေ့နေခဲ့ရပါတယ်။

''ဒီမတ်လပိုင်းထဲမှာတော့ အရောင်းအဝယ်အတွက် အမေးအမြန်းတွေအတော်ရှိလာပါတယ်။
ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ မုံရွာ နေရာစုံကပါပဲ။
အကျိုးဆောင်တွေလည်း နွေရာသီမှာ ဝယ်လက်တွေလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိနေကြတယ်။ သင်္ကြန်အပြီး
အရောင်းအဝယ်ပိုသွက်
လာမယ်မျှော်လင့်တယ်''လို့ ပြင်ဦးလွင်မြို့
ကောင်းဟိန်းဆက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက
ဒေါ်ခင်သန်းက မတ် ၃၁ ရက်မှာ ပြောပါတယ်။

လတ်တလောမှာ ကျပ်သိန်းထောင်ဂဏန်းတန်ကြေးရှိတဲ့
အိမ်မြေတွေကို စိတ်ဝင်စားမှုများပြီးအရောင်းအဝယ်လည်း အနည်းငယ်ဖြစ်တယ်လို့ ပြောပါတယ်။ ကျပ်သိန်းသောင်း
ဂဏန်းကြေးရှိတဲ့အိမ်ခြံမြေတွေကတော့ အမေးသာရှိပြီး လက်တွေ့အရောင်းအဝယ် မဖြစ်သေးကြောင်းပြောပါတယ်။

ဈေးနှုန်းတွေအနေနဲ့ မြို့တွင်းအဓိကကျတဲ့နေရာက မန္တလေး-လားရှိုးလမ်းမပေါ်ကိုတင်ရင် ပေ
ကျယ်အလိုက် ကျပ်သိန်း ၁ဝ,ဝဝဝ ကျော်ကနေ ၂ဝ,ဝဝဝ ကျော်အတွင်း ခေါ်ဈေးရှိနေပြီး မြို့တွင်းနေရာကောင်းတွေက ကျပ် သိန်း ၁,ဝဝဝ ကျော်ကနေ သိန်း ၄,ဝဝဝ ပတ်ချာလည်အတွင်း
အစားစားရှိနေတယ်လို့ ဒေါ်ခင်သန်းက ပြောပါတယ်။

ကန်တော်ကြီးသွားတဲ့ လမ်းပေါ်မှာဆိုရင်တော့ ပေအကျယ်အလိုက် ပျမ်းမျှကျပ်သိန်း ၁ဝ,ဝဝဝ
ကျော်အထိခေါ်ဈေးရှိနေပါတယ်။ ပြင်ဦးလွင်မြို့က အိမ်ခြံမြေအကျိုးဆောင် ဒေါ်ခင်စောမြင့်က လက်ရှိမှာ အထူးသဖြင့် ပဒေသာမြို့သစ်ထဲကို စိတ်ဝင်စားသူ များပြားနေပြီး အရောင်းအဝယ်
လည်းဖြစ်တယ်လို့ ပြောပါတယ်။

''ပဒေသာမြို့သစ်ထဲမှာ ပေ ၄ဝ x ပေ ၆ဝ၊ ပေ ၆ဝx ပေ ၈ဝ အကျယ်မြေကွက်တွေ ဈေးကွက်
သွက်နေပါတယ်။ ကျပ်သိန်း ၁,၅ဝဝ ပတ်ချာလည်ဈေးနှုန်းရှိနေတာမှာ ဈေးအလျှော့အတင်း
ကောင်းရင် အရောင်းသွက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်လကျော်လောက်ကဆိုရင် ကျပ်သိန်း ၁,၅ဝဝ ဈေးခေါ်ထားတာကို ကျပ်သိန်း ၉ဝဝ ဝန်းကျင်နဲ့ ငွေပေါ်ချရောင်းခဲ့တာမျိုးတွေတောင်ရှိတယ်။
ဒါပေမဲ့ ငွေပူမရှိသူ (ငွေထားနိုင်သူ) တွေကတော့ ကြိုက်ဈေးစောင့်ရောင်းနေကြပါတယ်''လို့
ဒေါ်ခင်စောမြင့်က ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ ပဒေသာမြို့သစ်ဟာ အခုအချိန်မှာ ရင်းနှီးမြှုပ်နှံထားလိုသူတွေအတွက် အချိန်
ကောင်းဖြစ်နေတယ်လို့ ပြောပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်အေးနေတာကြာမြင့်လာလို့
ငွေထပ်မအောင်းချင်တော့တဲ့ သူတွေအနေနဲ့ ဈေးတွေမြင့်ခဲ့ချိန်က ရှိခဲ့တဲ့ခေါ်ဈေးတွေအောက်
သိသိသာသာချရောင်းလာတာမျိုးရှိတာကြောင့် ငွေထားနိုင်တဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက်
ကောင်းတယ်လို့ ပြောပါတယ်။

''အခုနွေအစမှာ တော်တော်အဝယ်ဝင်ပါတယ်။ ပြောရရင် အရင်လိုပဲ ဈေးကွက်အရောင်းအဝယ်ပြန်သွက်ချင်တယ်။ ဈေးနှုန်းမှန်၊ ပုံမှန်ဖြစ်တဲ့ အရောင်းအဝယ်မျိုးနဲ့ ဈေးကွက်ကို ပုံမှန်လည်ပတ်မှု
ရှိစေချင်တယ်''လို့ ဒေါ်ခင်စောမြင့်က ပြောပါတယ်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service