ဂျန်းရှင်းစီးတီး ရုံးခန်းတာဝါ ရုံးခန်းနေရာများ စတင်ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
2023 Views

ဂျန်းရှင်းစီးတီး ရုံးခန်းတာဝါ ရုံးခန်းနေရာများ စတင်ငှားရမ်း

မတ် ၃၁ ရက်က တရားဝင်ဖွင့်လိုက်ပြီးဖြစ်သည့် ဂျန်းရှင်းစီးတီး အထပ်မြင့်အဆောက်အအုံ
စီမံကိန်းတွင် စတုရန်းမီတာ သုံးသောင်းကျော် ကျယ်ဝန်းသော အထပ် ၂၃ ထပ်အမြင့်ရှိ ရုံးခန်းအဆောက်အအုံ Junction City Tower လည်းပါဝင်ပြီး အဆိုပါရုံးခန်းနေရာများကို စတင်ငှားရမ်းနေပြီဖြစ်သည်။

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် သုံးနှစ်ကျော် လေးနှစ်ကာလအတွင်း ဝယ်လိုအား မြင့်ခဲ့သည့် ရုံးခန်းနေရာလိုအပ်ချက်သည် ပြီးခဲ့သည့် အစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
စတင်ဝင်ရောက်ခဲ့သည့် အချိန်က စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လိုအပ်ချက်မြင့်မားလာမှုနှင့်အတူ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း
ရင်းနှီးမြှုပ်နှံသူများက ရုံးခန်းအဆောက်အအုံများကို ၄င်းတို့၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများထဲတွင် ထည့်သွင်းဆောက်လုပ်လာကြခြင်းဖြစ်သည်။

ယခုအခါတွင်လည်း ရန်ကုန်မြို့လယ်၌ စုစုပေါင်း စတုရန်းမီတာ ၃၃,၄ဝဝ ခန့်ကျယ်ဝန်းသည့် ရုံးခန်းနေရာလွတ်များကို ငှားရမ်းနိုင်တော့မည်ဖြစ်ပြီး ရုံးခန်းအငှားဈေးကွက်မှာလည်း ကောင်းမွန်နေဆဲဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ အိမ်ခြံမြေလေ့လာသူများနှင့်
အကျိုးဆောင်များက ဆိုသည်။

လက်ရှိတွင် ဂျန်းရှင်းစီးတီးတာဝါတွင် Allen and Gledhill, Wong Partnership, VDB Loi, Samsung, ZTE Corporation နှင့် ဗြိတိသျှကုန်သည်ကြီးများအသင်းတို့က
ရုံးခန်းနေရာများ ငှားရမ်းထားကြောင်း သိရသည်။

''ကျွန်မတို့ ရုံးခန်းတာဝါကို စတင်ငှားရမ်းနေပါပြီ။ နိုင်ငံတကာက လာပြီးတော့
ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေကို စပြီးငှားရမ်းရပါတယ်။ ငှားရမ်းမှုလည်း ကောင်းမွန်ပါတယ်။ နောက်ပြီး ကျွန်မတို့ရဲ့ ဈေးနှုန်းကလည်း သင့်တော်တဲ့ ဈေးနှုန်းနဲ့ ရေရှည်ကို မျှော်မှန်းပြီးတော့ နှစ်ရှည်ငှားရမ်းသွားမှာပါ။ ဈေးနှုန်းကလည်း သင့်တော်ရမယ်၊ နှစ်ရှည်လည်း ငှားရမ်းနိုင်အောင် ကျွန်မတို့ စီစဉ်ထားပါတယ်''ဟုရွှေတောင် ဆောက်လုပ်ရေး၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက
ပြောသည်။

Junction City Tower သည် စင်ကာပူနိုင်ငံ Keppel Land Limited နှင့်
လုပ်ငန်းပူးတွဲ တည်ဆောက်ထားခြင်းဖြစ်ပြီး အဆောက်အအုံဆောက်လုပ်ပြီးစီးမှု
လက်မှတ် (BCC) လည်း ရရှိထားပြီးဖြစ်ကာ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီ
အဖွဲ့အစည်းများအတွက် အဆင်သင့်ရွှေ့ပြောင်းနေနိုင်သည့်ွမေိန ဗ ရုံးခန်းများ
ဖြစ်သည်။

''Junction City Tower ကို ရွှေတောင်ကုမ္ပဏီနဲ့ ပူးတွဲဆောင်ရွက်ရတာဟာ
မြန်မာနိုင်ငံလို တိုးတက်မှု အလားအလာကောင်းရှိတဲ့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမယ်
ဆိုတဲ့ Keppel Land ရဲ့ဗျူဟာနဲ့ ကိုက်ညီပြီး ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုအစုကိုလည်း
ထပ်မံတိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အခုလိုပြီးစီးသွားတဲ့ အချိန်မှာ ကျွန်တော်တို့အနေနဲ့ Keppel Land ဒီနိုင်ငံရွဲ့မေိန ဗ အဆင့် ရုံးခန်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းပါပဲ''ဟု Mr. Ang Wee Gee ၏ အမှုဆောင်အရာရှိချုပ် Mr. Ang Wee Gee က ပြောသည်။

ဂျန်းရှင်းစီးတီး ပထမအပိုင်း စီမံကိန်းတွင် ရုံးခန်းအဆောက်အအုံအပြင် Junction City
ဈေးဝယ်စင်တာနဲ့ Pan Pacific Yangon ဟိုတယ်ဖွင့်လှစ်မည့် အဆောက်အအုံတို့လည်း
ပါဝင်သည်။ ယင်းစီမံကိန်းသည် ရန်ကုန်မြို့၏ အထင်ကရ အထပ်မြင့်အဆောက်အအုံ
စီမံကိန်းများထဲမှ တစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ရှိသော စီမံကိန်းလည်းဖြစ်ကာ ရန်ကုန်၏ မြို့လယ်ဧရိယာတွင် ကနဦး ဆောလျင်စွာ ထွက်ပေါ်လာသည့်
ဘက်စုံသုံးစီမံကိန်း တစ်ခုဖြစ်သည်။

ဂျန်းရှင်းစီးတီးစီမံကိန်းကို ရွှေတောင်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံပြီး အခြားနိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်ကာ ယခုပထမအပိုင်းတွင် ရုံးခန်းတာဝါကို စင်ကာပူနိုင်ငံ
Keppel Land Limited နှင့် လုပ်ငန်း ပူးတွဲတည်ဆောက်ထားပြီး Pan Pacific Hotels and Resorts က Pan Pacific Yangon ကြယ်ငါးပွင့်ဟိုတယ်ကို ၂ဝ၁၇ နှစ်ကုန်ခန့်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

ဂျန်းရှင်းစီးတီး ဈေးဝယ်စင်တာတွင် မြန်မာ့ဈေးကွက်သို့ စတင်ဝင်ရောက်လာမည့်
နိုင်ငံတကာအမှတ် တံဆိပ်ဆိုင်များဖြင့် အရောင်းဆိုင်ခန်း ၂၄ဝ ရှိသည်။

ရုံးခန်းအဆောက်အအုံမှာ အဆောက်အအုံဆောက်လုပ်ပြီးစီးမှု BCC လက်မှတ်ရရှိထားပြီး
ဖြစ်သည့်အတွက် ရုံးခန်းနေရာလွတ်များကို စတင်ငှားရမ်းနိုင်မည်ဖြစ်ပြီး စုစုပေါင်း အကျယ်အဝန်း ၃၃,၄ဝဝ စတုရန်းမီတာ ကျယ်ဝန်းသည်။

Pan Pacific Yangonဟိုတယ်မှာလည်း အခန်းပေါင်း ၃၄၈ ခန်း
ရှိမည်ဖြစ်ကာ စင်ကာပူနိုင်ငံ အမှတ်တံဆိပ် Pan Pacific Hotels and Resorts ၏ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်မှုလည်း ဖြစ်သည်။

ထို့ပြင် ဂျန်းရှင်းစီးတီးစီမံကိန်းကြီး၏ မြေနေရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်ဖြစ်သည့်အတွက် စည်ပင်နှင့် ရွှေတောင်တို့မှာ အကျိုးတူပူးပေါင်းဆောင်ရွက်
ထားပြီး ယခင်ဗိုလ်ချုပ်ဈေးသစ် (လဟာပြင်ဈေး)မှ
ဆိုင်ခန်းပေါင်း ၄ဝဝကျော်ကိုလည်းယခင်မူလ
ဆိုင်းခန်းများအတိုင်း ပြန်လည်ပေးအပ်ပြီးဖြစ်သည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service