တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
1551 Views

တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး

iMyanmarHouse.com မှ ကြီးမှူး၍ တောင်ကြီးမြို့ Taunggyi Business Center (ကားကြီးဂိတ်) တွင် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး ကို ၃၁ မတ်လမှ ဧပြီ ၂ရက်နေ့အထိ (၃)ရက်တိုင်
တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိပါသည်။

အဆိုပါပွဲသည် iMyanmarHouse.com အနေဖြင့် တောင်ကြီးမြို့ တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အိမ်ခြံမြေ၊ ကားနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး ဖြစ်ပြီး ရှမ်းပြည်နယ်တစ်ခုလုံးတွင် အကြီးမားဆုံး ပြပွဲကြီးဖြစ်အောင် စီစဉ်ထားကြောင်း မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူမှ ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ရှိ တဝှမ်းလုံးမှ ဂုဏ်သရေရှိလူကြီးမင်းများ၊ အထူးဧည့်သည်တော်များ၊ ထိပ်သီးအစိုးရအရာရှိများ (ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင်)နှင့် ရန်ကုန်မြို့ မှ အထူးဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြောင်းလည်း သတင်းရရှိပါသည်။

ပွဲကို နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပမည် ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်များ၊ စာပေဟောပြောပွဲများ၊ နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြသည့် တင်ဇာမော်၊ အေးမြတ်သူ၊ အမ်ဆိုင်းလု၊ အွန်ဆိုင်း၊ ဘီလီလမင်းအေး တို့မှ ဖျော်ဖြေတင်ဆက်သွားမည့် အစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရပါသည်။

ဆောက်လုပ်ရေးလုပ်ငန်း (၁၃)ခုမှ တိုက်ခန်းကွန်ဒိုများ၊ ဘဏ်များ၊ လူသုံးကုန်ပစ္စည်းများ၊ Toyota နှင့် Ford Showroom များမှ ကားမော်ဒယ်အသစ်များကို ခင်းကျင်းပြသထားတာ တွေ့ရပါသည်။

ဒီပွဲမှာ ရန်ကုန်မြို့ မှ တိုက်ခန်း၊ ကွန်ဒိုတွေလည်း လာပြမယ်။ စာပေဟောပြောပွဲတွေလည်းပါတယ်လို့ ကြေငြာထားလို့ လာကြည့်တာပါ ဟု ပွဲသို့လာရောက်လေ့လာသူတစ်ဦးမှ မှတ်ချက်ပေးခဲ့ပါသည်။

ဒေါက်တာ ဦးထွန်းလွင် (မိုးလေဝသ)၊ ဦးမျိုးမြင့် (MKT Construction) ၊ ဦးကိုကိုထွေး (Taw Win Center) ၊ ဦးဝင်းဇော် (CHD Bank) ၊ ဦးစိုင်းအောင်ကျော် ( မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ရှမ်းပြည်နယ် ဥက္ကဌ) ၊ ဦးစိုးဟိန်း (SME Institute) ၊ ဦးပြည့်ဖြိုးပိုင် (BaganTrade) ၊ ဦးဇင်ဖြိုးပိုင် (MESI) ၊ ဦးနေမင်းသူ (iMyanmarHouse.com) စသည့် ကဏ္ဍအသီးသီးမှ ဆရာများက နေ့စဉ်ဟောပြောပေးမည်ဖြစ်သဖြင့် မည်သူမဆိုလာရောက် လေ့လာနိုင်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service