မူအလွန်ကောင်းတဲ့ ဂွန်ကယ်ညောင်း - Property News in Myanmar from iMyanmarHouse.com
1835 Views

မူအလွန်ကောင်းတဲ့ ဂွန်ကယ်ညောင်း

နိုင်ငံတစ်နိုင်ငံမှာ မြေဈေးတွေ အလွန်ကြီးမြင့်လာခြင်းရဲ့အကြောင်းရင်းဟာ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်တယ်။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ရင် မြေေ ဈးတွေ ကျဆင်းသွားမယ်လို့ အချို့သော ပြည်သူများက ပြောကြပါတယ်။ အဲ ဒီစကားဟာ မမှားပေမယ့် အပြည့်အဝမှန်ကန်မှုတော့မရှိပါဘူး။ လူ့အဖွဲ့ အ စည်း တစ်ရပ်မှာ လူနည်းစုလက်ထဲကို မြေတွေများများရောက်ရှိနေပြီး လူ များစု လက်ထဲမှာ နည်းနည်းရှိနေခြင်းဟာ မြေ ဈေးမြင့်တက်ခြင်းရဲ့ အဓိက အ ကြောင်းရင်းပဲဖြစ်ပါတယ်။ အဲဒါကို "Little for many, much for few"
ဖြစ်စဉ်လို့ ပညာရှင်များက ဖွင့်ဆိုကြပါတယ်။ အဲဒီလိုဖြစ်ပေါ် ခြင်းရဲ့ ပင်မ အကြောင်းတရားကို ရှာဖွေဆန်းစစ်ကြည့်ရင် အစိုးရရဲ့ မြေယာ မူဝါဒနဲ့ မြေ ယာစီမံခန့်ခွဲမှု အားနည်းချက်များကြောင့်ဖြစ် ကြောင်း တွေ့ရှိနိုင်ပါတယ်။ ချမ်း သာကြွယ်ဝတဲ့ နိုင်ငံများမှာပင် အထက်ပါ အားနည်းချက်များကို အေ ကြာင်းပြုပြီး မြေဈေးကြီးမြင့်နေ တာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့်မို့ အစိုးရတွေဟာ မြို့ပြဒေသမှာ မြေယာကို လူနည်းစုလက်ဝါးကြီးအုပ်ခြင်း (Land Grabbing)နဲ့ ဝယ်ယူဈေးကစား ခြင်း (Speculation) မပြုလုပ်နိုင်ရန် အတွက် အများပြည်သူအကျိုး စီးပွားကို ဦးစားပေးတဲ့ မြေယာမူဝါဒများ ချ မှတ်ပြီး ထိရောက်ကောင်းမွန်တဲ့ မြေယာ အသုံးချမှုနဲ့ မြေယာ စီမံခန့်ခွဲမှု လုပ်ငန်းများကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးကြ ရခြင်းဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ၂၀၀၂ ခုနှစ် က ၆၉ ရာခိုင်နှုန်းသော မြေတွေဟာ စုစုပေါင်း လူဦးရေရဲ့ ၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ လက်ထဲမှာ ရောက် ရှိနေကြောင်း သိရှိရပါတယ်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်းမှာ အစိုးရ ရဲ့ အထက်ပါလုပ်ငန်းအစီအစဉ်များကြောင့် ၁၀ ရာခိုင်နှုန်းရှိတဲ့ မြေတွေဟာ ယခင် ၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိတဲ့ လူနည်းစုရဲ့ ပိုင်ဆိုင်မှုလက်အတွင်းမှ လွတ်ကင်းသွားခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင် ငံများအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေ စဉ်မှာပဲ မြေဝယ်လှောင်မှုများ ကို နှိပ်ကွပ်ခြင်းနဲ့ မြေဈေးတည်ငြိမ်မှု ရရှိစြေ ခင်း (Supressing Land Speculation and Stabli-zing Land Price)ဆိုတဲ့ လုပ်ငန်းနှစ်ရပ်ကို အစီအစဉ်များ ချမှတ်ဆောင်ရွက်ကြရန် အထူး လိုအပ်ေ ကြာင်းလည်း တွေ့ရှိရပါတယ်။ အဲဒီလို မဆောင်ရွက်နိုင်သေးဘဲ မြေယြာ ဖည့်ဆည်းမှု (Land Sup-ply) ပြုလုပ်ရန် မြို့မြေတိုးချဲ့ခြင်း နှင့် မြို့သစ် တည်ဆောက်ခြင်း (Site and Services Schenes)စတဲ့ လုပ်ငန်းများကို လုပ်ဆောင် ပေးမယ်ဆိုရင် မြေရရှိရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ ရမယ့်အပြင် S.O.C (Social OverheadCapital) လို့ခေါ်တဲ့ လူမှုရေး ဝန်ေ ဆာင်မှုလုပ်ငန်းများအတွက် ငွေလုံးငွေရင်းများကိုပါ အလွန်အကျွံ ကျခံေ ဆာင်ရွက်ပေးရတဲ့အဖြစ်နဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအနေအထားမှာ အစိုးရနဲ့ ပုဂ္ဂလိ က ပူးပေါင်းဆောင်ရွက်မှုစနစ် (P.P.P) ကို ကျင့်သုံးရင်လည်း အကျိုးစီးပွားမျှတစွာ ခွဲဝေနိုင်ဖို့ အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ အကယ်၍ အဲဒီ အခက်အခဲများကို ကျော်လွှားပြီး အကောင်အထည် ဖော်နိုင်ခဲ့တယ် ဆိုရင် လည်း ‘သမင်မွေးရင်း ကျားစားရင်း’ဆိုသလို မြေယာလက်ဝါးကြီးအုပ်မှုရဲ့ ဝါးမျိုမှုအောက်မှာ လူနည်းစုလက်ထဲကို မြေတွေများများရောက်ပြီး လူများစု လက်ထဲမှာ မြေနည်းနည်းသာ ကျန်တဲ့ ဖြစ်စဉ်က ပြန်လည်ခေါင်းထောင် လာဦးမှာ သေချာပါတယ်။

အဲဒီနေရာမှာ တောင်ကိုရီးယားနိုင်ငံရဲ့ အတွေ့အကြုံများကို လေ့လာတွေ့ ရှိခဲ့သမျှ ဆွေးနွေးဖော်ပြလိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၁၉၆၀ ခုနှစ် အလွန်မှစတင်ပြီး စက်မှုဖွံ့ဖြိုးရေးလုပ်ငန်း ကို အရှိန်အဟုန်မြှင့် ဆောင် ရွက်ခဲ့ပါတယ်။ စက်မှုဖွံ့ဖြိုးမှုနဲ့ မြို့ပြကြီးထွားမှုဖြစ်စဉ်ဟာ ဆယ်စုနှစ် ကာလ အတွင်း ယှဉ်တွဲဖြစ်ပေါ်လာပြီး မြေဈေးတွေ တရိပ်ရိပ် မြင့်တက် လာပါ တယ်။ အစိုးရရဲ့ ငွေကြေးဖြည့်ဆည်းမှု (Money Supply) ပမာဏမြင့် တက်လာခဲ့ ပြီး အဲဒီငွေကြေးအများစုဟာ မြေယာဈေးကွက်ထဲကို စီးဝင်လာ တဲ့အတွက် မြေဈေးတွေ ပိုပြီးမြင့်တက်လာပါတယ်။ ၁၉၇၈ ခုနှစ်က စပြီး အရှေ့အလယ်ပိုင်းဒေသမှာ ဆောက်လုပ်ရေး လုပ်ငန်းများ အောင်မြင်ခဲ့တဲ့ အတွက် ပြည်ပမှ နိုင်ငံခြားငွေများ စီးဝင်မှုများလည်း အလွန်မြင့်မား လာပါ တယ်။ အကျိုးဆက်အဖြစ် ဆိုးလ်မြို့ရဲ့ မြေဈေးဟာ ၁၃၈ ရာခိုင်နှုန်းအ ထိ မြင့်မားလာပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်မှာ ပြည်ပပို့ကုန်များ တိုး တက်လာခြင်းကြောင့် ကုန် သွယ်ရေးပိုငွေများစွာ ရရှိလာပြီး မြေဈေးတွေ တတိယအကြိမ် မြင့် တက်လာမှုနဲ့ တွေ့ကြုံရပြန်ပါ တယ်။ ၁၉၈၈ ခုနှစ် မှာ နိုင်ငံရဲ့ မြေ၆၅ ဒသမ ၂ ရာခိုင်နှုန်းကို မြေပိုင် ရှင် ၅ ရာခိုင်နှုန်းကသာ လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားပါတယ်။ ၁၉၇၅ ခုနှစ်မှာ အမျိုးသား မြေ တန်ဖိုး စုစုပေါင်းဟာ GDP တန်ဖိုးထက် ၁ ဒသမ ၉ ဆသာ မြင့်မားရာမှာ ၁၉၉၀ ပြည့်နှစ်မှာ ၉ ဒသမ၆ ဆမြင့်မားလာကြောင်း တွေ့ရှိရပါတယ်။

မြေဈေးကြီးမားလာတာနဲ့အမျှ မြေယာလျော်ကြေးငွေကို ကာလပေါက်ေ ဈးနဲ့ ပေးရတဲ့ နှုန်းထားတွေ မြင့်တက်လာပါတယ်။ အဲဒီအခါမှာ စုစုပေါင်းေ ဆာက်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး အိမ်ရာများရဲ့ ရောင်းဈေးနဲ့ ငှားရမ်းခနှုန်းတွေ မြင့်မားမှုကိုပါ ကြုံတွေ့ရပြန်ပါတယ်။ အထူးသဖြင့် ဝင်ငွေ နည်းပြည်သူတွေနဲ့ ဝင်ငွေအလယ်အလတ်ပြည်သူတွေရဲ့ မိသားစုဝင်ငွေနဲ့ လက်လှမ်းမီနိုင်မှု (Affordablity) အတိုင်းအတာရဲ့ အပြင်ဘက် ကို ရောက် ရှိသွားပါတယ်။ အဲဒီအခါမှာ အလုပ်သမားများရဲ့ လုပ်အားခနှုန်းတွေကို မြှင့် တင်ပေးရပြန်တဲ့အတွက် ကုန်ထုတ်လုပ်မှု စရိတ်တွေ မြင့်တက် လာပြန်ပါ တယ်။ ဒီလိုနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး (Macro Economy) ကို ထိခိုက် လာကြောင်း တွေ့ရှိရပါတယ်။ မြေယာဝယ်ရောင်းသူတွေဟာလည်း မြို့ပြင် မှာရှိတဲ့ လယ်မြေနဲ့ သစ်တောများကိုပါ ချဲ့ထွင်ဝယ် ယူလာကြပါတယ်။ေ နာက်ဆုံး တော့ မြို့မြေ၊ လယ်မြေဈေးတွေ စုပြုံတက်လာပြီး ဆင်းရဲချမ်းသာ ကွာဟမှုတွေ ပိုမိုကြီးထွားလာပါတော့တယ်။

အဲဒီအခါမှာ အစိုးရဟာ မြေယာကဏ္ဍမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦး စားပေးမြှင့်တင်ရေး (Toenhance Public In-terest)ဆိုတဲ့ မူဝါဒကို ချမှတ် ကျင့်သုံးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ အဲဒီမူဝါဒအရ မူလက မြေယာလွှဲ ပြော င်းရောင်းချမှုအပေါ် သမားရိုးကျ အခွန်ကောက်ခံမှုစနစ်ကို ပိုမိုထိရောက်ေ အာင် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီပြင်ဆင်ကျင့်သုံးတဲ့ အစီအစဉ်ကို ‘ဂွန်ကယ်ေ ညာင်း’ (Gong-Kae-Nyom)လို့ အမည် ပေးခဲ့တာ တွေ့ရှိရပါတယ်။ အဓိ ပ္ပာယ်ကတော့ ‘ပြည်သူအကျိုး ပြု မူဝါဒ’ (Public Concept) ဖြစ်ပါ တယ်။ ဂွန်ကယ်ညောင်းရဲ့ အဓိကရည်ရွယ်ချက်က သာမန်ပြည်သူတို့ရဲ့ အိမ်ရြာေ မပိုင်ဆိုင်မှု၊ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ အသေး စားစက်မှုလုပ်ငန်းများအတွက် စက်ရုံမြေပိုင်ဆိုင်မှုများအပေါ် အခွန်ငွေနှုန်းထားကို တိုးမြှင့်မှု မပြုဘဲ မြေေ ဈးတက်ခြင်းကြောင့် ရရှိမယ့်အကျိုးအမြတ်ကို မျှော်ကိုးပြီး မလိုအပ်ဘဲ မြေ ယာတွေ အလွန်အကျွံ ပိုင်ဆိုင်ထားမှုများ (Unncessary and Excessive Land Holding) ကို အခွန်လက်နက်နဲ့ ဖြိုခွင်းရန် ဖြစ်ကြောင်း တွေ့ရှိရပါ တယ်။

‘ဂွန်ကယ်ညောင်း’ မူဝါဒအရ ပထမဦးဆုံးခြေလှမ်းအဖြစ် လယ်ယာမြေများ လွှဲပြောင်းရောင်းချရာမှာ မြေတန်ဖိုးဖြတ်မှုလုပ်ထုံးလုပ်နည်းအသစ်များကို ချမှတ်ပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရှစ်နှစ်ကြာ အချိန် ယူ ပြီး တစ်နိုင်ငံလုံးရှိ မြေအ မျိုးအစားအားလုံးရဲ့ ဧရိယာနဲ့ အမည်ပေါက် ပိုင် ရှင်များရဲ့ စာရင်းဇယားကို ပြုစုပြီး ကွန်ပျူတာနဲ့ မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရပါတယ်။ လူတစ်ဦးရဲ့ အမည်နဲ့ တစ် နိုင်ငံလုံးမှာ မြေမည်မျှ ပိုင်ဆိုင်ေ ကြာင်း စာရင်းတွေပေါ်ထွက်လာ တဲ့အခါ အမြောက်အမြား ပိုင်ဆိုင်သူများ ကို ရွေးထုတ်ပြီး ‘မြေအားလုံးပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့်အခွန်’ (Comprehensive Land holding Tax)စနစ်ကို ကျင့်သုံးကောက်ခံခဲ့ ပါ တယ်။ မြေရှင် ကြီးများအပေါ် အခွန်ဝန်ထုပ်ဝန်ပိုး ပိလာစေရန် ရည်ရွယ်ေ ကာက်ခံခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ပြည်သူတစ်ဦးချင်းအနေနဲ့ ထမ်းေ ဆာင်ရမယ့် မြေပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အခွန်စနစ်သုံးမျိုးကိုလည်း သီးခြာြး ပဋ္ဌာန်းထားတာ တွေ့ရှိရပြန်ပါတယ်။

ပထမအမျိုးအစားက အိမ်ရာမြေပိုင်ဆိုင်မှုကို ကန့်သတ်ပြီး ပိုမိုတဲ့ မြေ အ တွက် အခွန်နှုန်းသီး ခြားသတ်မှတ်ကောက်ခံခြင်းဖြစ်ပါတယ်။ အဲဒီအခွန်ကို ဆိုးလ်မြို့ အပါအဝင် မြို့ကြီးခြောက်မြို့မှာပဲ ကောက်ခံတာ ဖြစ်ပါတယ်။ သတ်မှတ်တဲ့မြို့ကြီးခြောက်မြို့မှာ နေထိုင်သော ပြည်သူတွေဟာ သက်ဆိုင် ရာ မြို့အတွင်း စုစုပေါင်း အိမ်ရာမြေအကျယ်အဝန်း ၆,၆၀၀ စတုရန်းပေ ထက်ပိုလျှင် အခွန်ဆောင်ရပါတယ်။ မြို့ရဲ့နှစ်နေရာ၊ သုံးနေရာမှာ မြေပိုင် ဆိုင်ထားရင် လည်း အားလုံးကို စုပေါင်းပြီး ၆,၆၀၀ အထိ ကင်းလွတ်ခွင့်ပြုပါ တယ်။ ပိုမိုပိုင်ဆိုင်တဲ့ မြေတန်ဖိုးရဲ့ ၇ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ ကိုနှစ်စဉ် အခွန်ပေးသွင်းရပါတယ်။

လက်ထဲမှာ မြို့မြေတွေ အများကြီး ပိုင်ဆိုင်ထားခြင်းကို ဖြိုခွဲရန်ဖြစ်ပြီး ဥပေ ဒပြဋ္ဌာန်းပြီးတဲ့ နောက် ၂ နှစ်တိတိ ကင်းလွတ်ခွင့်ပေးထားပါတယ်။ ၂ နှစ်ြ ပည့်ရင် အခွန်ပေးရတော့မှာကို ကြိုတင်သိရှိပြီး ရောင်းချရေး စီစဉ်နိုင် ရန် ဖြစ်ပါတယ်။ အမှန်တကယ်လည်း သတ်မှတ်တဲ့ မြို့ခြောက်မြို့တွင်း မ လိုအပ်ဘဲ မြေလှောင်ထားမှုတွေ လျော့ကျခဲ့တာတွေ့ရှိရပါတယ်။

ဒုတိယအမျိုးအစားက ‘မြေ ဖွံ့ဖြိုးမှုအမြတ်အပေါ် စည်းကြပ်မှု’ (Land Development Charge)ဖြစ်ပါတယ်။ ဥပမာပြရရင် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးဟာ လယ် မြေကိုဝယ်ပြီး အိမ်ရာစီမံကိန်း (သို့မဟုတ်) စက်မှုမြေ တည်ထောင်အသုံးပြုခွင့်ရတယ်။ အဲဒီစီမံကိန်းအရ ဆောက်လုပ်ပြီးတဲ့ အခါ မှာ မြေတွေက ဈေးတက်သွားပါတယ်။ အဲဒီမြေကို အဆောက်အအုံ ပါ သည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရောင်းချတဲ့အခါမှာ ၎င်းရင်း နှီးထားတဲ့ စရိတ် အားလုံးနုတ်ပြီး စုစုပေါင်း ပိုမိုရရှိလာတဲ့အမြတ်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို အ စိုးရကို ပေးသွင်းရပါတယ်။ သူဘယ်လောက်နဲ့ မြေဝယ်ထားတယ်ဆိုတဲ့ စာရင်းကို တာဝန်ရှိတဲ့ နယ်မြေအစိုးရအဖွဲ့အစည်းက မှတ်တမ်းတင်ထားရ ပါတယ်။ မြေကိုရင်းပြီး ဖွံ့ဖြိုးအောင်ဆောင်ရွက်ရာမှ မြေဈေး တက်လာခြင်း အတွက် အစိုးရက အမြတ် ၅၀ ရာခိုင်နှုန်းရယူတာ ဖြစ်ပါတယ်လို့ သိရှိရပါ တယ်။ ဒီ ဥပဒေက လယ်ယာမြေတွေကို အ သွင်ပြောင်းအသုံးချပြီး မြေေ လှာင်ဈေးကစားမှုများကို ထိန်းချုပ်တဲ့ ဥပဒေလည်းဖြစ်ပါတယ်။

တတိယအမျိုးအစားကတော့ ‘မြေဈေးတိုးမြင့်လာမှုအပေါ် အခွန်တောင်း ခံခြင်း’ (Land ValueIncrement Tax)ဖြစ်ပါတယ်။ ဝယ်ယူပြီးအောင်းထား တဲ့ တစ္ဆေ ခြံ (Ghost Plot) သို့မဟုတ် (Idle Land)များကို ရည်ရွယ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ အဲဒီမြေတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း အမျိုးသာြးေ မယာဈေးနှုန်းထက် မြင့်မားလာရင် မြင့်တက်လာတဲ့ မြေတန်ဖိုးခြားနားငွေရဲ့ ၅၀ ရာခိုင်နှုန်းကို သီးခြားကောက်ခံခြင်းဖြစ်ပါတယ်။ ဒီဥပဒေကြောင့် မြို့ ပြတွေမှာ အိမ်ရာမြေကွက်လပ်တွေ လုံးဝကိုင်မထားရဲကြဘဲ ရရာဈေး နဲ့ ရောင်းထုတ်လာကြပြီး မြေဈေးကျ ဆင်းလာပါတယ်။ ဒါပေမဲ့ ပြီးစလွယ် အိမ်တွေများစွာ ဆောက်လုပ်လာကြတဲ့ ဆိုးပြစ်ကိုလည်း တွေ့ရှိရပြန် ပါ တယ်။ စံချိန်စံညွှန်းနဲ့အညီ ဆောက်လုပ်ရေးအတွက် စစ်ဆေးရတဲ့ အလုပ် တာဝန်တွေ ပိုမိုလာကြောင်းနဲ့ နောက်ဆက်တွဲ အမိန့်ညွှန်ကြားချက်တွေနဲ့ တားဆီးရကြောင်း သိရှိရပါတယ်။

ခြုံပြီးသုံးသပ်ကြည့်ရင် တောင်ကိုရီးယားနိုင်ငံဟာ ၁၉၉၆ ခုနှစ် အလွန်ကာ လများမှ စတင်ပြီး မြို့ပြဈေးတွေနဲ့ လယ်ယာမြေဈေးတွေ ကျဆင်းလြာ ခင်းနဲ့ ဈေးနှုန်းတည်ငြိမ်မှုရှိခြင်းစတဲ့အကျိုးတွေ ရရှိလာတာတွေ့ရှိရပါတယ်။ ‘ဂွန် ကယ်ညောင်း’မူအရ မြေအားလုံး ပိုင်ဆိုင်မှုအပေါ် အခွန်ကောက် ခြင်း (Comprehensive Hand-holding Tax)ဟာ တစ်နိုင်ငံလုံး ဖြန့်ကြက်ပြီး မြို့မြေလယ်မြေများဝယ်ယူပြီး လက်ဝါးကြီးအုပ်မှုကို ဖော်ထုတ် ဟန့်တားနိုင် ခဲ့တယ်။ လယ်လယ်ဝယ်ဝယ်တွေနဲ့ မြေရှင်းကြီးစနစ် ပုန်းလျှိုးကွယ်လျှိုး ပေါ် ထွန်းမလာနိုင်အောင် ထိရောက်စွာ တားဆီးနိုင်ခဲ့တယ်ဆိုတာကို အားကျ ဖွယ်မြင်တွေ့ခဲ့ရပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု အများဆုံးဖြစ်တဲ့ မြို့ကြီးခြောက် မြို့မှာ အိမ်ရာမြေပိုင်ဆိုင်မှု ကန့်သတ်တဲ့ (Ur-ban Land Cieling Act)အရ စီးပွားရေးအရ အထူးအာရုံစိုက်ရမယ့် မြို့ကြီးတွေမှာ မြေဈေးကျအောင်ေ ဆာင်ရွက်နိုင်ခဲ့ပြန်ပါတယ်။ ဖွံ့ဖြိုးမှုအပေါ် စည်းကြပ်မှု (Land Dev: Charges) အရ လယ်တွေဝယ်ပြီး အခြားနည်းအသုံးပြု သူတွေအနေနဲ့ အြ မတ်အစွန်းရယူ နိုင်ပေမယ့် ဖွံ့ဖြိုးရေးကြောင့် မြေဈေးတက်လာတဲ့အပေါ်မှာ အများပြည်သူပါ အကျိုးခံစားခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့တာ ကို တွေ့ရပါတယ်။ နောက်ဆုံး မြေကွက်လပ်တွေဝယ်ပြီး လှောင်ထားခြင်းကင်းအောင် (Land Price Incremental Tax)ဆိုတဲ့အခွန်နဲ့ ဆောင်ရွက်နိုင်ခဲ့ တာလည်း ထပ်မံတွေ့ရှိပြန်ပါတယ်။

စာရေးသူတို့နိုင်ငံမှာ မြို့မြေ များ လက်ဝါးကြီးအုပ်ပိုင်ဆိုင်မှုအပြင် လယ် လယ်ဝယ်ဝယ်ဆိုတဲ့ လယ်ယာမြေတွေ ဧကပေါင်းများစွာ ဝယ်လှောင် ထားကြတဲ့ အလေ့အကျင့်တွေ ပျောက်ကွယ်အောင် ‘မူအလွန်ကောင်းတဲ့ ဂွန်ကယ်ညောင်း’ကို နမူနာယူပြီး ဆောင်ရွက်နိုင်ကြရင်ကောင်းမယ်လို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service