ယခင်အစိုးရလက်ထက်က သတ်မှတ်အိမ်ရာ စီမံကိန်းများကို ပြည့်မီအောင် မတည်ဆောက်နိုင်ခဲ့ဟုဆို - Property News in Myanmar from iMyanmarHouse.com
1010 Views

ယခင်အစိုးရလက်ထက်က သတ်မှတ်အိမ်ရာ စီမံကိန်းများကို ပြည့်မီအောင် မတည်ဆောက်နိုင်ခဲ့ဟုဆို

ယခင်အစိုးရလက်ထက် တွင် သတ်မှတ်ထားသည့် အိမ်ရာ စီမံကိန်းများ ကို ပြည့်မီအောင် တည်ဆောက်နိုင်ခြင်း မရှိခဲ့ကြောင်း မြန်မာနိုင်ငံဆောက် လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

‘‘ပြီးခဲ့တဲ့ ငါးနှစ်က သူတို့ သတ်မှတ်ထားတဲ့အိမ်ရာတွေကို မထုတ်ပေးနိုင်ခဲ့ ဘူး။ တခြားအ ကြောင်းကြောင်းတွေနဲ့ ဘတ်ဂျက် နဲ့ ထုတ်တာဆိုတာေ တွကြောင့် မထုတ်နိုင်ခဲ့တာ ဖြစ်မယ်’’ဟု ဦးသာဌေးက ဆိုသည်။

၂၀၁၃ တွင် ဦးသိန်းစိန်အစိုးရက အိမ်ရာယူနစ်ပေါင်း တစ် သန်းကို နှစ် ၂၀ အတွင်း ထုတ်ယူ ရန် လျာထားရာ ငါးနှစ်တာအတွင်း၌ပင် သတ်မှတ်ထား သည့် အခန်းအရေအတွက်သုံးသိန်းကို မပြည့်မီကြောင်း ၎င်းက ဆိုသည်။

အိမ်ရာစီမံကိန်းများ ဖော် ထုတ်ခြင်းကို အစိုးရတစ်ခုတည်း လုပ်ဆောင်၍ မ ရဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မှသာ ပြည့်မီ မည်ဖြစ်ကြောင်း ဦးသာဌေး က ပြောသည်။

ယခင် အစိုးရလက်ထက် ၂၀၁၁ မှ ၂၀၁၅ အတွင်း တန်ဖိုးနည်း၊ တန်ဖိုး သင့်အိမ်ရာ အခန်း ပေါင်း ၃၆,၀၀၀ ကျော် တည် ဆောက် ခဲ့ကြော င်း ဆောက်လုပ် ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

လက်ရှိ အစိုးရလက်ထက် တွင် အိမ်ရာ စီမံကိန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနတစ် ခုတည်းကသာ တည်ဆောက်ခြင်း မဟုတ်ဘဲ ဆောက် လုပ်ရေးလုပ် ငန်းရှင်များအသင်းမှ ကုမ္ပဏီများ ပူးပေါင်းပါဝင်ပြီး တည်ဆော က်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိ ရသည်။

အစိုးရက တစ်နိုင်ငံလုံးတွင် အိမ်ရာစီမံကိန်းများ တည်ဆောက်ရန် ဆောက် လုပ်ရေးလုပ်ငန်းရှင်များ အသင်းကို ဦးဆောင်အဖွဲ့အစည်း အဖြစ် ဆောင် ရွက်ခွင့်ပေးထားကြောင်း သိရသည်။

‘‘ကျွန်တော်တို့ တစ်ဦးတစ် ယောက်တည်း လုပ်ပိုင်ခွင့်ကို ပေးတာ မဟုတ် ပါဘူး။ Organizer အ နေနဲ့ အားလုံးပူးပေါင်းပါဝင်လာ အောင် ဆောင် ရွက်ခွင့်ပေးထား တာပါ’’ဟု ဦးသာဌေးက ဆိုသည်။တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာဟူ၍ သတ်မှတ်ချက်နှင့် ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းကို နိုင်ငံ တ ကာက ထောက်ပံ့လာ သော ချေးငွေများဖြင့် ဖြေရှင်းမှသာ ချေးငွေစနစ်ဖြင့် တည် ဆောက်နိုင်မည်ဖြစ်သဖြင့် အဆင် ပြေနိုင်ကြောင်း ဦးသာဌေးက သုံး သပ်သည်။

‘‘ကျွန်တော်တို့ကို အစိုးရက တာဝန်ပေးရုံပဲ ပေးထားတာ။ ဘယ်လို လုပ်ဆို တာတွေကို အခု လာမယ့် ဘတ်ဂျက်မှ စတင်ပြီး အကောင်အထည်ဖော် ခွင့် ရမှာ’’ ဟု ဦးသာဌေးက ဆိုသည်။

လက်ရှိ အစိုးရသစ်လက် ထက်တွင် မြန်မာနိုင်ငံ၏ အိမ်ရာ ဖွံ့ဖြိုးရေး အ တွက် တစ်နိုင်ငံလုံး၌ ငါးနှစ်စီမံကိန်းဖြင့် အခန်းပေါင်း ၁ ဒသမ ၈ သိန်း အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ဘဏ္ဍာနှစ် ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ အထိ ရန်ကုန်နှင့်မန္တ လေးတို့တွင် အဓိ ကထားကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များအပါအဝင် ယင်းပမာ ဏကို တည်ဆောက်ရန် လျာထား ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ဆိုသည်။

‘‘အိမ်ရာစီမံကိန်းတွေ လုပ် မယ်ဆိုရင် ထိုင်းနိုင်ငံကို အတုယူ သင့်တယ်။ ဝယ်ယူလိုသူတွေကို ကာလရှည်ချေးငွေနဲ့ ချေးပေးပြီး တန်ဖိုးနည်းဆိုတဲ့ အိမ် ရာတွေက အထပ်နိမ့်ပြီး အဆင့်အတန်းမြှင့် တယ်’’ဟု မြို့ပြစီမံကိန်း ပညာ ရှင် ဦးမြင့်မိုရ်ဆွေက သုံးသပ်သည်။

‘‘ထိုင်းနိုင်ငံရဲ့ တန်ဖိုးနည်း အိမ်ရာအခန်းတစ်ခန်းဟာ စုစု ပေါင်း ၃၃၀ စ တုရန်းပေရှိပြီး ဘက် စုံသုံးအခန်း (Multipurpose Room) ခေါ်တဲ့ အခန်း တစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာခန်းနဲ့ ဝရန် တာပဲ ပါဝင်ပါတယ်။ အစိုး ရေ ထာက်ပံ့ငွေနုတ်ပြီး ရောင်းဈေး က ဘတ် ၃၉ သိန်း (မြန်မာငွေ ၁၁၇ သိန်း)လောက်ပဲရှိတယ်’’ ဟု ဦးမြင့်မိုရ်ဆွေက နှိုင်းယှဉ် ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် တန်ဖိုးနည်းအိမ်ရာများအကောင် အထည်ဖော် ပါက ထိုင်းနိုင်ငံကို အတုယူသင့်ကြောင်း ၎င်းက ဆို သည်။

ယခုအစိုးရလက်ထက်တွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ တည်ဆောက် ပါက ယခင်အစိုးရ လက်ထက်က အမှားများကိုရှောင်ရှားသင့်ကြောင်း ဦးမြင့်မိုရ်ဆွေက ဆိုသည်။

တန်ဖိုးနည်းအိမ်ရာများကို ဖော်ထုတ်ရာတွင် အစိုးရက ကျပ်သိန်း ၁၀၀ေ အာက်ဖြင့် မရောင်း နိုင်သောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံ အကူအညီတောင်းခံထားပြီး အရေအတွက် အမြောက်မြားဆောက်လုပ်နိုင် ရန် တိုက်တွန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်ကပြောကြားခဲ့သည်။



Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service