မန်းစည်ပင်နယ်နိမိတ် မြေကွက်လပ်တွေ စည်းကမ်းအညီ လုပ်ဆောင်ဖို့ နောက်ဆုံးရက် သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
1602 Views

မန်းစည်ပင်နယ်နိမိတ် မြေကွက်လပ်တွေ စည်းကမ်းအညီ လုပ်ဆောင်ဖို့ နောက်ဆုံးရက် သတ်မှတ်

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြို့ကွက်သစ်ဖော်ထုတ်ချထားပေးခဲ့တဲ့ မြေ ကွက်တွေမှာ ဝင်းခြံကာရံတာတွေနဲ့ အဆောက်အအုံတွေကို ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့ နောက် ဆုံးထားပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက “အရေးယူ မှာ၊ တရားဝင်လဲ ကြေညာပြီးသား၊ ကြေညာချက်အတိုင်း မလုပ်ရင် စည်းကမ်းချက်မလိုက်နာရင် ဥပ ဒေအရ အရေးယူမယ်၊ ၂၀၁၃၊ ၂၀၁၄ မှာတုန်းကလဲ ကြေညာပြီး အရေးမယူခဲ့တော့ လူတွေက အရေး ယူမလား၊ မယူဘူးလားဆိုတာကို သံသယရှိပုံရတယ်” လို့ ပြောပါတယ်။

မြို့သာယာလှပရေးအတွက် ရည်ရွယ်ကာ မြို့ကွက်သစ်ဖော်ထုတ်ရေး ချထားပေးခဲ့တဲ့ မြေကွက်တွေ ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိဘဲ မြေကွက်လှောင်တဲ့ စီးပွားရေးသမားလုပ်ငန်းရှင် အ ချို့က မြေကစားနေတဲ့အတွက် စည်းကမ်းနဲ့အညီ အကောင်အထည် ဖော်ဖို့ကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခု နှစ်တုန်းကလည်း ကြေညာခဲ့ပေမဲ့ အရေးမယူခဲ့ပါဘူး။ အခု အစိုးရလက်ထက် ၁၆-၂-၂၀၁၇ က ကြေ ညာချက်ကတော့ သတ်မှတ်ရက်ပြီးတာနဲ့ အမှန်တကယ် အရေးယူမှာ ဖြစ်ပါတယ်။

“ဒါက MCDC ရဲ့ သဘောနဲ့ လုပ်တာ မဟုတ်ဘူး၊ လွှတ်တော်မှာ မေးလို့လဲ့ ဖြေခဲ့ပြီးပြီ၊ အဲ့ဒီအပေါ်မှာ လဲ တိုင်းအစိုးရ လမ်းညွှန်မှုနဲ့ လုပ်တာ” လို့ ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

စည်ပင်သာယာရေးနယ်နိမိတ်အတွင်းက မြေကွက်လပ်တွေကို မြေချထားမိန့်၊ မြေစလစ်မူရင်း လက် ဝယ်ကိုင်ဆောင်ထားပြီး မြေငှားဂရန် မလျှောက်ထားရသေးတဲ့ သူတွေအနေနဲ့ အမြန်ဆုံး မြေငှားဂရန် လျှောက်ထားရမှာ ဖြစ်တယ်။

မြေငှားဂရန် ရရှိထားတဲ့ သူတွေအနေနဲ့ကတော့ ခြောက်လအတွင်း အုတ်တံတိုင်းခတ်တာ၊ ဝင်းခြံကာ တာ၊ အဆောက်အအုံ ဆောက်တာတွေကို ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ လုပ်ဆောင်ရမှာ ဖြစ်တယ်။ ခွင့်ပြုမိန့် ရရှိပြီးတဲ့အခါမှာတော့ ကိုးလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကို မန္တလေးမြို့ တော် စည်ပင်သာယာရေး ကော်မတီပိုင် သတင်းစာကနေတစ်ဆင့် အခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် နေ့က အသိပေးချက် ထုတ်ပြန်ထားပါတယ်။


Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service