အွန်လိုင်းကနေ ဒေါ်လာ၊ ရွှေအရောင်းအဝယ်တွေ ပြည်ထဲရေးနဲ့ ဗဟိုဘဏ် ပူးပေါင်းစိစစ် အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
3403 Views

အွန်လိုင်းကနေ ဒေါ်လာ၊ ရွှေအရောင်းအဝယ်တွေ ပြည်ထဲရေးနဲ့ ဗဟိုဘဏ် ပူးပေါင်းစိစစ် အရေးယူမည်

အွန်လိုင်းကနေ ရွှေ၊ ဒေါ်လာ အရောင်းအဝယ်ပြုလုပ်တာတွေကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။

အွန်လိုင်းကနေ နိုင်ငံခြားငွေလဲလှယ်တဲ့ လုပ်ငန်းတွေမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်ပြီး ကုမဏီမှတ်ပုံတင်ယူကာ ဘဏ္ဍာရေးဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ တရားဝင်လုပ်ငန်းလုပ်ကိုင်နေတာတွေလည်း ရှိပါတယ်။ တရားဝင်မှတ်ပုံမတင်ဘဲ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေလည်း ရှိ တယ်လို့ သိရပါတယ်။

အွန်လိုင်းဈေးကွက်က သည်နှစ်ပိုင်းတွေမှာ တစ်ဟုန်ထိုး တိုးတက်လာတာနဲ့ အတူ လူသုံးကုန်ပစ္စည်းမျိုးစုံအပြင် ရွှေထည်ပစ္စည်းတွေကိုပါ ရောင်းချလာကြတာပါ။
ပြည်တွင်း ရွှေဆိုင်ဖွင့်လှစ်ထားသူတွေက ဈေးကွက်ချဲ့ထွင်တဲ့အနေနဲ့ အွန်လိုင်းကနေ ရောင်းချတာရှိသလို အပြင်မှာ ရတနာဆိုင်မဖွင့်ဘဲ အွန်လိုင်းသီးသန့် ရောင်းချတာတွေလည်း ရှိပါတယ်။

ဦးဆက်အောင်က “ဒေါ်လာ၊ ရွှေကို အွန်လိုင်းအရောင်းအဝယ်လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထဲရေးနဲ့လဲ ပူးပေါင်းပါတယ်၊ ဖြစ်လာတဲ့ပေါ်မှာ ဒီကိစ္စက တရားဝင်လား တရားမဝင်လားဆိုတာ ကျွန် တော်တို့က သဘောထားမှတ်ချက်တွေ ပေးပါတယ်”လို့ ပြောပါတယ်။

ရွှေနဲ့ဒေါ်လာ အွန်လိုင်းအရောင်းအဝယ်လုပ်တဲ့ လုပ်ငန်းတွေကို တရားဝင်လုပ်ကိုင်တာ ဟုတ်မဟုတ် စစ်ဆေးပါတယ်။ လက်ရှိမှာ တရားဝင်လုပ်ကိုင်နေပြီး နောက်ပိုင်းမှာ အများပြည်သူကို ထိခိုက်နိုင်ခြေရှိတဲ့လုပ်ငန်းတွေကိုလည်း စစ်ဆေး အရေးယူမှာပါ။

သည်လုပ်ငန်းက လက်ရှိ green ဧရိယာထဲမှာ ရှိနေတယ်လို့ ဗဟိုဘဏ်က မှတ် ချက်ပေးထားတယ်။ သည်လုပ်ငန်းကို ဆက်လုပ်နေရင်တော့ ပြည်သူလူထုကို ထိခိုက်စေတယ်လို့ မှတ်ချက်ပေးထားတဲ့ လုပ်ငန်းတွေကို ပြည်ထဲရေးဝန်ကြီးဌာန က အရေးယူမှာပါ။

အရေးယူတဲ့အပိုင်းကတော့ အုပ်ချုပ် ရေး ယန္တရားနဲ့သက်ဆိုင်လို့ ပြည်ထဲရေး ဝန်ကြီးဌာနကပဲ ဆောင်ရွက်မှာဖြစ်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်ကတော့ ပူးပေါင်းကူညီ ပေးတာလို့ ဦးဆက်အောင်က ရှင်းပြတယ်။

Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service