ဒေါ်လာနှင့် ရွှေဈေးနှုန်း ပြန်တက် - Property News in Myanmar from iMyanmarHouse.com
1992 Views

ဒေါ်လာနှင့် ရွှေဈေးနှုန်း ပြန်တက်

ပြင်ပ ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက် လာ သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောကြားသည်။

ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာတန်ဖိုးသည် ဖေ ဖော်ဝါရီ ၂၀ ရက် နံနက် ဈေးဖွင့် ချိန်၌ တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်သို့ မြင့်တက် လာ ပြီး ဖေဖော် ၀ါရီ ၂၁ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၆၈ ကျပ်သို့ ဆက် လက်မြင့်တက် ခဲ့သည်ဟု ပြင်ပငွေကြေး ဈေးကွက်တွင် အရောင်းအ ၀ယ် ပြုလုပ်နေသူတစ်ဦးက ပြောကြား သည်။

သွင်းကုန် ပစ္စည်းများ အ တွက် ငွေလွှဲပေးပို့ရမည့်ပမာဏ များနေချိန် တွင် ပြည်ပပို့ကုန်တင် ပို့မှုမှ အမေရိကန်ဒေါ်လာရရှိမှုက လည်း လျော့ နည်းနေခြင်းကြောင့် ဒေါ်လာဈေး မြင့်တက်လာခြင်း ဖြစ်နိုင်သည်ဟု ပြည်ပသို့ ဆန် တင်ပို့နေသည့် လုပ်ငန်းရှင်ဦးမျိုး သူရအေးက ဆိုသည်။

မြန်မာနိုင်ငံ၏ အဓိက ပို့ ကုန်တစ်ခုဖြစ်သော ပဲမျိုးစုံတွင် အိန္ဒိယနိုင်ငံ၌ အများဆုံး ရောင်း ချရသော မတ်ပဲသည် ၂၀၁၇ ဇန်န၀ါရီလလယ်ကစတင်၍ တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ မှ ၉၀၀ ကြား ရှိသည်။

ယခင်နှစ် ဇန်န၀ါရီလဆန်းတွင် မတ်ပဲတစ်တန်လျှင် ဒေါ်လာ ၁,၂၀၀ ခန့် ရရှိသောကြောင့်ပြည်ပပို့ကုန်မှ နိုင်ငံခြားဝင်ငွေ လတ်တလော လျော့ နည်းနေသည့် အခြေအနေမျိုးကလည်း ဒေါ်လာတန်ဖိုးမြင့်တက်စေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

ပြင်ပ ငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်သော် လည်း ဗဟိုဘဏ် ၏ ရည်ညွှန်း ငွေလဲနှုန်းသည် ယခု ရက်ပိုင်း၌ တစ်ဒေါ် လာလျှင် ၁,၃၆၀ ကျပ်ဖြင့် တည်ငြိမ်နေ သည်။ ပြည်တွင်း အခေါက်ရွှေ ဈေး သည် ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ် ကျပ် ၉၀၀,၀၀၀ခန့် ပြန် လည်မြင့်တက်လာသည်။

ဖေဖော်ဝါရီ ၉ရက်တွင် ပြည် တွင်းအခေါက်ရွှေဈေးသည် ကျပ် ၉၀၀,၀၀၀
ပေါက်ဈေးရှိပြီး ဈေးပြန်ကျခဲ့ရာမှ ဖေဖော်ဝါရီ ၂၂ရက်၌ ကျပ်ကိုးသိန်းအ ထိ ပြန်လည်မြင့်တက်လာသည်။

ရွှေဈေး ပြန်တက်လာခြင်း မှာ အမေရိကန်ဒေါ်လာဈေးနှင့် ကမ္ဘာ့ရွှေဈေး အနည်းငယ်မြင့် တက်လာခြင်းကြောင့်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၀ရက်တွင် အခေါက်ရွှေဈေးသည် တစ်ကျပ် သားလျှင် ကျပ် ၈၈၄,၅၀၀ရှိရာမှ ပြန်လည်ကျဆင်းလာပြီးနောက် ဖေဖော်ဝါရီ ၁၆ရက်တွင် ကျပ် ၈၉၀,၀၀၀ကျော်သို့ မြင့်တက်လာခဲ့သည်။

ထိုနောက်ပိုင်း ဈေးဆက်လက်မြင့်တက်ရာမှ ဖေဖော်ဝါရီ ၂၂ရက်တွင် ကျပ် ၈၉၈,၀၀၀ ဈေးပေါက်ခဲ့သည်။

‘‘ဒီရာသီမှာ ရောင်းကောင်း တဲ့ ရာသီဆိုတော့ ပုံမှန်ရောင်းနေ ရပါတယ်’’ဟု မန္တလေးမြို့ အောင် သမာဓိရွှေဆိုင်အထွေထွေမန်နေဂျာဦးမော်ကပြောသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service