ရန်ကုန်မြို့သစ် စီမံကိန်းကို ဖေဖော်ဝါရီလကုန်တွင် စတင်မည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား - Property News in Myanmar from iMyanmarHouse.com
666 Views

ရန်ကုန်မြို့သစ် စီမံကိန်းကို ဖေဖော်ဝါရီလကုန်တွင် စတင်မည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်မြို့သစ်စီမံကိန်း ကို ဖေဖော်ဝါရီလကုန်တွင် ကြည့်မြင်တိုင် တစ်ဖက် ကမ်းကစ၍ အကောင်အထည်ဖော် မည်ဖြစ် ကြောင်း ဖေဖော်ဝါရီ ၁၈ ရက် ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ၌ပြုလုပ်သော နိုင်ငံ တော်ဒုတိယသမ္မတဦးမြင့်ဆွေနှင့် လုပ်ငန်းရှင် များ တွေ့ဆုံပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

‘‘ဒီဖေဖော်ဝါရီ လကုန်မှာ ကျွန်တော်တို့ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး စတင်တော့ မှာဖြစ်ပါတယ်။ ကြည့်မြင်တိုင် တစ်ဖက်ကမ်းကို ကျွန်တော်တို့စ တင်ဆောင်ရွက်ဖို့ ရှိပါတယ်’’ ဟု၎င်းကဆိုသည်။

စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများကို ပွင့်ပွင့်လင်း လင်းချပြရန် ရှိသည်ဟု လည်း ၀န်ကြီးချုပ် က ဆက်လက်ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်ရန် ရန်ကုန်တိုင်း အစိုးရက ဦးဆောင်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ ကိုလည်း ဖွဲ့စည်း ထားကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

အများပိုင်ကုမ္ပဏီတွင် တိုင်း အစိုးရ ပါဝင်ရခြင်းသည် မြို့ပြ ဖွံ့ဖြိုးရေး လုပ်ကိုင်ရာ၌ ဆောက် လုပ်ရေးကုမ္ပဏီ ၂,၀၀၀ ကျော် နှင့် ပူးပေါင်းဆောင် ရွက်နိုင်ရန် အစိုးရက ဦးဆောင်နေရခြင်း ကြောင့်ဖြစ်သည်ဟု ၎င်းကရှင်းပြ သည်။

အဆိုပါ စီမံကိန်းကို တိုင်း ဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ကွပ်ကဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းများ ပြုလုပ်ပြီးမှ ကုမ္ပဏီများကို တင်ဒါခေါ်၍ ကန်ထ ရိုက်ပေးပြီး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဟု ၂၀၁၆ စက်တင်ဘာ ၂၉ ရက် က ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာများ ၏ မေးမြန်းမှုကို စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ဖြေကြားထားသည်။

စီးပွားရေး လုပ်ငန်းရှင်များ သည် ၎င်းတို့ကိုယ်တိုင် ဒီဇိုင်းရေး ဆွဲပြီး ၎င်းတို့ ၏ အကျိုးအတွက် သာ လုပ်ဆောင်သောကြောင့် အစိုးရသစ် လက်ထက် တွင် မြို့ သစ်စီမံကိန်းကို ပြည်သူလူထုအ ကျိုးဖြစ်စေရန် အစိုးရ အဖွဲ့က ကြီးကြပ်ကွပ်ကဲခြင်း၊ ဒီဇိုင်းရေး ဆွဲခြင်းများပြုလုပ်၍ အကောင်အ ထည်ဖော် မည်ဟု ဒေါ်စန္ဒာမင်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ရန်ကုန်မြို့ထဲရှိ ဆောက်လုပ်ရေးအိမ်ရာ စီမံကိန်းအဟောင်းများကို ဂျပန်အပါအ ၀င် ပြည်ပနိုင်ငံများမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်း အကောင်အ ထည်ဖော်ရန်ရှိနေကြောင်း၊ ရန်ကုန်မြို့အနီးဝန်းကျင်ရှိ အိမ်ရာစီမံကိန်း အ တွက် မြေရယူထား မှုများကိုလည်း မတ်လနောက်ပိုင်း တွင် တည်ဆောက် အကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service