စွန့်လွှတ်မြေများ ပြန်လည် ပေးအပ်ရမှာ အခက်အခဲများရှိနေဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဆို - Property News in Myanmar from iMyanmarHouse.com
980 Views

စွန့်လွှတ်မြေများ ပြန်လည် ပေးအပ်ရမှာ အခက်အခဲများရှိနေဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဆို

မန္တလေးတိုင်းဒေသကြီးအတွင်း မြေယာအငြင်းပွားမှု အများဆုံး ဖြစ်နေ သည့် ပြင်ဦးလွင်မြို့နယ် အတွင်း သိမ်းယူထားသည့် မြေယာများကို စီမံ ကိန်း အကောင်အထည် မဖော်ခဲ့သည့်အတွက် သက်ဆိုင်ရာ အစိုးရ ဌာန များ မှ ပြန်လည် စွန့်လွှတ်ရာမှာ အငြင်းပွားမှုများရှိနေသည့်အတွက် အခက် အခဲများ ရှိနေကြောင်း ပြင်ဦးလွင်မြို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် များက ဆိုသည်။

''စွန့်လွှတ်မယ်ဆိုတဲ့ အသံကြားလိုက်တဲ့ အရင်ပိုင်ခဲ့တဲ့ သူတွေရော၊ဝယ် ထားတဲ့ သူတွေရော မညီမညွတ်ဖြစ်ပြီး၊ ပြဿနာတွေဖြစ်ပြီး ရှင်းမရအောင်ကို ရှုပ်တော့တာပဲ။ ရောင်းခဲ့တဲ့သူတွေကလည်းသူတို့ပဲပိုင်တဲ့ ပုံစံတွေလုပ်ပြီး ရယူချင်ကြတယ်။ ဒီကြားထဲမှာမှ ကျူးကျော်နေတဲ့ သူတွေကလည်း ရှိနေပြန်တော့ ပိုဆိုးတယ်။ တစ်နှစ်လောက် ကျူးကျော်နေတဲ့သူတွေ စာရင်း မရှိပေမဲ့ နေခဲ့ကြတာ ဆယ်စုနှစ်ကျော်လာတဲ့ သူတွေကိုတော့ စာရင်း လုပ်ထားတယ်။ တချို့နေရာတွေဆိုရင် မူလပိုင်ရှင်ဆိုတာ မရှိတော့ဘူး။
အားလုံးကို ခွဲပြီးရောင်းခဲ့ကြပြီးပြီ။ ပြန်စွန့်လွှတ်မယ်ဆိုမှ ဘယ်ကနေ ဘယ်လိုရောက်လာကြမှန်းမသိဘူး။ ဒါပေမဲ့ အားလုံး အဆင်ပြေပြေဖြစ်ဖို့ လုပ်ဆောင်သွားမယ်။ အခုလတ်တလော ပြန်စွန့်လွှတ်ဖို့ လုပ်နေတဲ့ကွင်းမှာ ကျူးကျော်နေတာ ၂၈ ဦး ရှိနေတယ်။ အားလုံးစာရင်းကောက်လိုက်တော့ လူဦးရေ ၄ဝ ကျော်လောက်ဖြစ်နေတယ်''ဟု ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦအောင်မင်းက ပြောသည်။

လက်ရှိ အနီးစခန်း၊ နှီးဘုရား အနီးရှိ ဖောင်းတောကွင်းကို ယခင်က ဆေး သုတေသန စီမံကိန်းလုပ်ဆောင်ရန် သိမ်းယူခဲ့သည့် မြေယာများထဲမှ ၄၇ ဧကကို ပြန်လည်စွန့်လွှတ်နိုင်ရန်အတွက်မြေလွတ်မြေရိုင်း စိစစ်ရေးကော်မ တီဖွဲ့စည်းပုံအရ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စား လှယ်၊မြေစာ ရင်း၊ သစ်တော၊ စိုက်ပျိုးမွေးမြူရေး အစရှိသည့် အဖွဲ့များ ပူးပေါင်းကာကွင်း ဆင်းစစ်ဆေးတိုင်းတာမှုများ လုပ်ဆောင်နေသည်။

ပြင်ဦးလွင်မြို့နယ်တွင် စီမံကိန်းလုပ်ဆောင်ရန် သိမ်းယူထား သည့် မြေယာ များအနက် ဇီးပင်ကြီးတစ်ဝိုက် မြေဧက ၄,၇ဝဝ ကို ပြန်လည်စွန့်လွှတ်ရာ တွင် အခက်အခဲများရှိခဲ့သော်လည်း ညှိနှိုင်းဆောင်ရွက်ချက်များအရ အဆင်ပြေချောမွေ့သွားခဲ့သည်။

ယခင်အစိုးရလက်ထက်က ပုဂ္ဂလိကလုပ်ငန်းရှင်များကို ချထားပေးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄ဝ,ဝဝဝ ကျော်ကို အသုံးမပြုသည့်အတွက် ပြန်လည်သိမ်းယူရန်လုပ်ဆောင်နေပြီး ဌာနဆိုင်ရာမှသိမ်းယူထားသည့် မြေယာများကိုလည်း တောင်သူများထံလက်ဝယ်ပြန်လည်ပေးအပ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောသည်။


Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service