မန္တလေးမြို့တွင် ဟိုတယ် အလုံးရေ ၃ဝ ကျော် ထပ်မံ ဆောက်လုပ်မည်၊ ယခုနှစ်ကုန်ပိုင်းတွင် ဟိုတယ် အလုံးရေ ၂၂ဝ ကျော် အထိ ရှိလာနိုင် - Property News in Myanmar from iMyanmarHouse.com
1462 Views

မန္တလေးမြို့တွင် ဟိုတယ် အလုံးရေ ၃ဝ ကျော် ထပ်မံ ဆောက်လုပ်မည်၊ ယခုနှစ်ကုန်ပိုင်းတွင် ဟိုတယ် အလုံးရေ ၂၂ဝ ကျော် အထိ ရှိလာနိုင်

နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနေပြီဖြစ်သည့် မန္တလေး မြို့တွင် ဟိုတယ်အလုံး ၃ဝ ကျော် ထပ်မံ အသစ်ဆောက်လုပ် မည်ဖြစ်သော ကြောင့် ၂ဝ၁၇ ခုနှစ်ကုန်ပိုင်းတွင် မန္တလေးမြို့၌ ဟိုတယ် အလုံးပေါင်း ၂၂ဝ ကျော်အထိရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အသစ်ဆောက်လုပ်မယ့် ဟိုတယ်တွေအတွက် ဝန်ကြီးဌာနကနေ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ကိုက်ညီမှု ရှိမရှိကို စစ်ဆေး လျက်ရှိပြီး မီးငြှိမ်းသတ်ကိရိယာတွေ၊ အချက်ပေးစနစ်တွေ၊ အရေးပေါ် ထွက်ပေါက်တွေပိုင်းနဲ့ ပတ်သက်လို့ ကတော့ အဆောက်အအုံ ဒီဇိုင်းပုံစံကို မီးသတ်ဦးစီးဌာနက နေစစ်ဆေးအကြံပြုပေးမှာပါ။ လက်ရှိမှာတော့ မန္တလေးမြို့မှာ ဟိုတယ်အလုံးရေ ၁၈၉ လုံး၊ အခန်းအားဖြင့် ၇၅၅၇ ခန်းအထိရှိရာမှာ ၂ဝ၁၆ ခုနှစ်ကဆိုရင် ဟိုတယ် အခန်းအရေအတွက် အားလုံးရဲ့ ၅၁ ရာခိုင်နှုန်းအထိ ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုမှု ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ အခန်းမလုံလောက်တာမျိုးတွေ မဖြစ်တော့ဘဲ ဝန်ဆောင်မှုပိုင်းမှာလည်း အပြိုင်အဆိုင်တွေများလာတာကြောင့် ခရီးသည်တွေအတွက် အကျိုးရှိစေပါ တယ်''ဟု မန္တလေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားမှု များပြားသော ရှေးဟောင်း ဒေသ များဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ မင်းကွန်းနှင့် အမရပူရတို့၌ ခရီးသွား လုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အီတလီနိုင်ငံ Flourence University မှ ကူညီရေးဆွဲပေးထားသည့် စီမံကိန်းအ တိုင်း ဆောင်ရွက် လျက်ရှိပြီး ၂ဝ၁၆ ခုနှစ်က မန္တလေးမြို့သို့ ကမ္ဘာလှည့်ခရီးသည် လေးသိန်း ဝင်ရောက်မည်ဟု ခန့်မှန်းထားသော်လည်း စုစု ပေါင်း ၃၈၅ဝ၃၁ ဦးသာ ဝင်ရောက်ခဲ့သဖြင့် လျာထားချက် အပြည့်နီးပါး အထိ ရှိခဲ့ကြောင်းသိရသည်။


Credit: Democracy Today

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service