""ဖိလစ်ပိုင်၏ စင်္ကာပူ" ပြီးနောက် "ဖိလစ်ပိုင်၏ ဒူဘိုင်း" စီမံကိန်း" - Property News in Myanmar from iMyanmarHouse.com
805 Views

""ဖိလစ်ပိုင်၏ စင်္ကာပူ" ပြီးနောက် "ဖိလစ်ပိုင်၏ ဒူဘိုင်း" စီမံကိန်း"

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက "ဖိလစ်ပိုင်၏ စင်္ကာပူ" စီမံကိန်းကို ကြေညာပြီးနောက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် အိမ်ခြံမြေအခွန်ငွေ ရရှိစေနိုင်မည့်
"ဖိလစ်ပိုင်၏ ဒူဘိုင်း" စီမံကိန်း ပေါ်ထွက်လို့လာပြန်ပါပြီ။

မနီလာရွှေကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရင်း Manila Goldcoast
Development Corp (MGDC) က Manila Bay ပင်လယ်အော်ရှိ ကျွန်းသုံးကျွန်းကိုစုစုပေါင်း ၁၄၈ ဟက်တာကျယ်ဝန်း၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အပြည့်အ၀မှီခို
မည့် နေရောင်ခြည်စွမ်းအင်သုံးမြို့ "ဆိုလာစီးတီး" "Solar City" ဖန်တီးရန် မြေယာဖော်ယူနေပြီ ဖြစ်သည်။

ယူအေအီးနိုင်ငံ၏ ဒူဘိုင်းမြို့နှင့် ဆင်တူရန် ထိုကျွန်းများ၌ ထည့်သွင်းတည်ဆောက်ရန်
အစိုးရထံ အဆိုပြုတင်ပြထားသည့် အခြေခံအဆောက်အအုံများစွာထဲတွင်
နိုင်ငံတကာအပျော်စီးသင်္ဘောဆိပ်တစ်ခုနှင့် ကမ်းခြေတုတစ်ခုတို့လည်း ပါဝင်သည်။

ထို့ပြင် မြို့တော်မနီလာတွင် စဉ်ဆက်မပြတ်ပြဿနာတစ်ခုအဖြစ် ကြုံတွေ့နေရသော ကာဗွန်ထုတ်လွှတ်သည့် မော်တော်ယာဉ်များအား လိုအပ်ချက်ကို လျော့နည်းစေမည့်
တစ်လမ်းပြေးရထားပို့ဆောင်ရေးစနစ်လည်း ပါဝင်သည်။

Solar City သည် ၎င်းအားတည်ဆောက်မှုအဆင့်တွင် အလုပ်အကိုင်နေရာ ၁၀၀,၀၀၀ခန့် ဖန်တီးပေးနိုင်မည်ဖြစ်ကာ တည်ဆောက်ပြီးစီးပါက ၅၀၀,၀၀၀ နီးပါး ဖန်တီးပေးနိုင်
မည်ဖြစ်ကြောင်းလည်း MGDC က ကြေညာထားသည်။

ဆိုလာစီးတီးသည် ဖိလစ်ပိုင်အစိုးရအတွက် အိမ်ခြံမြေအခွန်ငွေ ဖီလစ်ပိုင်ပီဆို ၁၀ ဘီလျံ(အမေရိကန်ဒေါ်လာ သန်း ၂၀၀) နီးပါး ရရှိစေမည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်းလည်း
MGDC က အဆိုပြုထားသည်။ ၎င်းသည် သမ္မတရိုဒရီဂိုဒူတာတေး အစိုးရအဖွဲ့လက်ထက်ဖော်ဆောင်နေသည့် ကမ်းရိုးတန်းမြို့စီမံကိန်း ၈၀ အနက် တစ်ခုဖြစ်သည်။

ဖိလစ်ပိုင်တွင် ကျွန်းပေါင်း ၇,၁၀၇ နှင့် ဖြူလွှသော သဲသောင်ပြင်ကမ်းရိုးတန်းများနှင့်
သဘာဝရင်းမြစ်များစွာ တည်ရှိသည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ဖိလစ်ပိုင်ကျွန်းများကို နိုင်ငံခြားအဖွဲ့အစည်းများ
သို့ အငှားချရန် ယခုနှစ်အစောပိုင်းကတည်းက ကြေညာခဲ့ပြီးဖြစ်သည်။ "ကျွန်တော်တို့မြေကို စစ်အခြေစိုက်စခန်းတွေအတွက်တောင် အငှားချနိုင်ရန် ဟောင်ကောင်၊ ထိုင်ဝမ်၊စင်္ကာပူတို့လိုမျိုး ကျွန်တော်တို့ကိုယ်ပိုင်ကမ္ဘာ့ထိပ်တန်းမြေဖြစ်လာဖို့အတွက်လည်း
ဘာလို့အငှားမချနိုင်ရမှာလဲ" ဟု သူက ပြောကြားခဲ့သည်။

"အလုပ်အကိုင်တွေလည်း
ပေါလာမယ်။ နိုင်ငံခြားသွားပြီးအလုပ်လုပ်ချင်သေးသပဆို ဒါကိုယ့်အခွင့်အရေးပဲ။ စား
ဝတ်နေရေးအတွက် သွားမှဖြစ်မယ်ဆိုတာမျိုး ရှိမှာမဟုတ်တော့ဘူး" ဟုလည်း သူကပြောကြားခဲ့သည်။

ထို့အပြင် အငှားချခြင်းဖြစ်သဖြင့် နိုင်ငံအတွက် ၀င်ငွေတိုးမည်ဖြစ်ကြောင်းလည်း သူက
ပြောကြားခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service