၂၀၁၆ ၌ တရုတ်၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု စံချိန်တင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
537 Views

၂၀၁၆ ၌ တရုတ်၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု စံချိန်တင်ခဲ့

တရုတ်ပြည်မကြီးရင်းနှီးမြှုပ်နှံသူများ၏ ပြည်ပစီးပွားရေး(ကုန်သွယ်ရေး)
အဆောက်အအုံများနှင့် ပြည်ပလူနေအိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံကြမှုသည် ၂၀၁၆ ခုနှစ်တွင် ၂၀၁၅ခုနှစ်ကထက် ၅၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စံချိန်တင်ပမာဏ အမေရိကန်ဒေါ်လာ ၃၃
ဘီလျံရှိခဲ့ကြောင်း၊ အဓိကအားဖြင့် အာမခံကုမ္ပဏီများ၏ သိသိသာသာမြင့်တက်ခဲ့သော
ဝယ်ယူမှုများကြောင့်ဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံနှင့် ၀န်ဆောင်မှုကုမ္ပဏီJLL က ယမန်နေ့ (ဇန်န၀ါရီ ၂၄) က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်သုံးနှစ်အတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံကြမှု၏ ၉၀ ရာခိုင်နှုန်းသည် မြေယာ၊
ရုံးခန်းနှင့် ဟိုတယ်များတွင် ဖြစ်ခဲ့သည်။ ၂၀၁၆ တစ်နှစ်တည်းတွင်လည်း ဟိုတယ်နှင့်စက်မှုလုပ်ငန်းဆိုင်ရာ ကဏ္ဌများ၌ ရင်းနှီးမြှုပ်နှံကြမှုက အကြီးမားဆုံးမြင့်တက်ခဲ့သည်။
အမေရိကန်တွင် ရင်းနှီးမြှုပ်နှံကြမှုက သိသိသာသာမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အထင်ကရဖြစ်ခဲ့သော အရောင်းအ၀ယ်အချို့အား ဖော်ပြရသော် ပြီးခဲ့သည့်နှစ်က
Anbang Insurance အာမခံကုမ္ပဏီက Strategic Hotels and Resorts ကို အမေရိကန်ဒေါ်လာ ၆ ဘီလျံကျော်ဖြင့် ၀ယ်ယူခဲ့မှုနှင့် China Life Insurance အာမခံကုမ္ပဏီက Starwood Capital Group ကို ၀ယ်ယူခဲ့မှုတို့ ဖြစ်သည်။

"တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာ နောက်နှစ်အများအပြားတိုင်အောင် ကမ္ဘာ့အိမ်ခြံမြေ
ရင်းနှီးမြှုပ်နှံမှုငွေလုံးရဲ့ အဓိကအစိတ်အပိုင်းဖြစ်နေဦးမယ်လို့ ကျွန်တော်တို့အခိုင်အမာယုံကြည်ပါတယ်" ဟု JLL ၏ ကမ္ဘာ့ငွေအရင်းအနှီးဈေးကွက်များသုတေသနအဖွဲ့
ညွှန်ကြားရေးမှူး ဒေးဗစ်ဂရင်းမော်ဂန်က ပြောကြားခဲ့သည်။ သို့သော်လည်း
၂၀၁၇ တွင် အလားတူမြင့်တက်မှုမျိုးက ပြည်ပသို့ငွေကြေးစီးဆင်းမှုကို အစိုးရ၏
စောင့်ကြည့်စစ်ဆေးမည့် အစီအစဉ်ကို အကဲစမ်းနိုင်ကြောင်းလည်း သူက
ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က တရုတ်ပြည်မကြီးရင်းနှီးမြှုပ်နှံသူများသည် မြေယာဈေးကွက်သို့
ပြန်လည်မျက်စိကျခဲ့ကြသည်။ အမေရိကန်မြေယာတွင် ရင်းနှီးမြှုပ်နှံဝယ်ယူကြမှုသည်
သိသိသာသာမြင့်တက်မှုအဖြစ် ၄၄ ရာခိုင်နှုန်း ရှိခဲ့သည်။ အမေရိကန်ပြီးလျှင် ဟောင်ကောင်၊သြစတြေးလျနှင့်မလေးရှားတို့တွင်
မြေယာဝယ်ယူမှုအများဆုံးဖြစ်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service