သြစတေးလျအိမ်ခြံမြေဝက်ဘ်ဆိုက်က အိန္ဒိယအိမ်ခြံမြေဝက်ဘ်ဆိုက်၏ရှယ်ယာ ကန်ဒေါ်လာ ၆၇ ဒသမ ၉ သန်းဖိုး ဝယ်ယူမည် - Property News in Myanmar from iMyanmarHouse.com
919 Views

သြစတေးလျအိမ်ခြံမြေဝက်ဘ်ဆိုက်က အိန္ဒိယအိမ်ခြံမြေဝက်ဘ်ဆိုက်၏ရှယ်ယာ ကန်ဒေါ်လာ ၆၇ ဒသမ ၉ သန်းဖိုး ဝယ်ယူမည်

သြစတေးလျအိမ်ခြံမြေဝက်ဘ်ဆိုက် realestate.com.au က အိန္ဒိယအိမ်ခြံမြေဝက်ဘ်ဆိုက် proptiger.com ၏ရှယ်ယာ ၁၄ ဒသမ ၇ ရာခိုင်နှုန်း၊ ကန်ဒေါ်လာ ၆၇ ဒသမ ၉ သန်းဖိုး ဝယ်ယူရန် သဘောတူညီချက်ရရှိခဲ့ကြကြောင်း သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိန္ဒိယအိမ်ခြံမြေဝက်ဘ်ဆိုက် proptiger.com သည် အိန္ဒိယတွင် အိမ်ခြံမြေဝယ်ယူရန်အတွက် အကောင်းဆုံး web portal တစ်ခုအဖြစ် သတ်မှတ်ထားပြီး online နှင့် offline ဝန်ဆောင်မှုနှစ်မျိုးလုံးပေးအပ်သည့် တစ်ခုတည်းသောကုမ္ပဏီ ဖြစ်သည်။

ရောင်းဝယ်မည့် အိမ်ခြံမြေတည်ရှိရာသို့ သွားရောက်ခြင်းများ၊ ဥပဒေရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးမှုများ ပြုလုပ်ပေးသည်ဟု ဆိုသည်။
အိန္ဒိယတွင် ထိပ်တန်း အိမ်ခြံမြေရောင်းဝယ်ရေးဝက်ဘ်ဆိုက် ၃ ခုရှိပြီး proptiger.com ၊ Makaan.com နှင့် Housing.com တို့ ဖြစ်ကြသည်။

သြစတေးလျဝက်ဘ်ဆိုက်က ယခုဝယ်ယူမှုကို ငွေသားဖြင့် ပေးချေမည်ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးမည့် အခွင့်အလမ်းများရှိခြင်းကြောင့် အိန္ဒိယဈေးကွက်တွင် ခြေချရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အိမ်ခြံမြေဈေးကွက်ဟာ ဒစ်ဂျစ်တယ်အိမ်ခြံမြေကြော်ငြာဆီကို ရွေ့လာဖို့ စောလွန်းသေးတယ်ဆိုပေမယ့် ၂၀၁၅ ခုနှစ်မှာ မြို့ပြလူဦးရေ သန်း ၄၂၀ ရှိရာက ၂၀၃၀ ပြည့်နှစ်မှာ ၅၈၃ သန်းအထိ မြင့်တက်လာမှာဖြစ်တာကြောင့် အိန္ဒိယမှာ ရေရှည်အတွက် ဒစ်ဂျစ်တယ်ဈေးကွက် အလားအလာကောင်းတွေရှိနေတာ ရှင်းပါတယ်” ဟု သြစတေးလျဝက်ဘ်ဆိုက်က ထုတ်ပြန်သည်။

သြစတေးလျဝက်ဘ်ဆိုက်၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီးနောက်ပိုင်း အိန္ဒိယအိမ်ခြံမြေဝက်ဘ်ဆိုက်၏ ရှယ်ယာဈေးနှုန်းမှာ မူလက ကန်ဒေါ်လာ ၅၇ ရှိခဲ့ရာမှ ၅၇ ဒသမ ၂၆ ဒေါ်လာအထိ ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သြစတေးလျအိမ်ခြံမြေဝက်ဘ်ဆိုက်က အိန္ဒိယအိမ်ခြံမြေဝက်ဘ်ဆိုက်၏ရှယ်ယာ ကန်ဒေါ်လာ ၆၇ ဒသမ ၉ သန်းဖိုး ဝယ်ယူမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service