လချုပ် နှစ်ချုပ် အိမ်ငှားသူတွေ ငွေကြေးအခက်အခဲ ကြုံကြရ - Property News in Myanmar from iMyanmarHouse.com
1679 Views

လချုပ် နှစ်ချုပ် အိမ်ငှားသူတွေ ငွေကြေးအခက်အခဲ ကြုံကြရ

အိမ်တွေ တိုက်ခန်းတွေကို ငှားရမ်းတဲ့အခါမှာ စပေါ်ငွေတင်ပြီး ငှားရမ်းသူတွေရှိသလို လချုပ်နှစ်ချုပ်တွေနဲ့ ငှားရမ်းတဲ့သူတွေလည်း ရှိနေကြပါတယ် ။ စပေါ်တင်ပြီး ငှားတဲ့သူတွေအတွက်တော့ အဆင်ပြေနိုင်ပေမဲ့ နှစ်ချုပ်လချုပ်တွေနဲ့ ငှားရမ်းသူတွေအတွက်တော့ အဆင်ပြေမှုမရှိဘဲ အခက်အခဲ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ သိရပါတယ် ။

‘လချုပ်တွေနဲ့ ငှားရမ်းတာကကျတော့ အိမ်ရှင်တွေအတွက် အဆင်ပြေတယ် ၊ စပေါ်နဲ့ဆိုရင်တော့ အိမ်ငှားအတွက် အဆင်ပြေနိုင်တယ် ၊ နှစ်ချုပ်တွေ ၊ လချုပ်တွေကျတော့ ငှားတဲ့သူက သူချုပ်ထားတဲ့ နှစ်ဒါမှမဟုတ် လပြည့်ပြီဆိုရင် ထပ်ပေးရမယ် ၊ အဲဒီအခါကျရင် ငွေလက်ထဲမှာရှိရင်တော့ အကြောင်းမဟုတ်ဘူး ၊ မရှိဘူးဆိုရင်ဒုက္ခရောက်မှာလေ ၊ ပြီးတော့ အိမ်ရှင်တွေကျတော့လဲ မငှားချင်လို့ အိမ်ငှားတွေ ပြန်ဆင်းတယ်ဆိုရင် ပြန်ပေးစရာ မလိုတော့ဘူး ၊ ဒါပေမဲ့ အိမ်ငှားမှာတော့ ပြသနာရှိနိုင်တယ်’ လို့ အိမ်ခြံမြေ အကျိုးဆောင် ဒေါ်လှလှဝေက ပြောပါတယ် ။

အိမ်ငှားတဲ့ သူတွေကျတော့ စပေါ်ငွေတင်ပြီး ငှားတဲ့ အိမ်တွေဆိုရင် တစ်လချင်းပေးရတာဖြစ်ပြီး အိမ်ပြန်ပြီး အပ်တဲ့အခါမှာလည်း စပေါ်ငွေကို ပြန်ရတဲ့အတွက် နောက်တစ်အိမ်ပြောင်းမယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ် ။ နှစ်ချုပ်တွေနဲ့ ငှားတဲ့အိမ်တွေကတော့ နှစ်စဉ် စာချုပ်ပြည့်တိုင်း ပေးရတဲ့အတွက် အခက်အခဲတွေရှိနေတာ ဖြစ်ပါတယ် ။ နောက်ထပ်အိမ်ပြောင်းမယ်ဆိုရင်လည်း ငွေကို နောက်ထပ်ထပ်ရှာရတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။

အိမ်ငှားသူတွေအနေနဲ့ စပေါ်တင်တစ်လချင်းပေးပြီး အိမ်တွေ ငှားရမ်းတဲ့အခါ အဆင်ပြေနိုင်ပေမဲ့ နှစ်ချုပ်တွေ ၊ လချုပ်တွေနဲ့ ငှားရမ်းတဲ့အခါမှာတော့ ငွေကြေးအခက်အခဲတွေကို ပိုပြီး ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ အိမ်ငှားသူတွေကလည်း နှစ်ချုပ်လချုပ်အိမ်တွေထက် စပေါ်တင်ပြီး တစ်လချင်းပေးလို့ရတဲ့ အိမ်တွေ ၊ တိုက်ခန်းတွေကိုသာ ရှာလာကြတယ်လို့ သိရပါတယ် ။


Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service