ရွာသာကြီးအနီးရှိ စိုက်ပျိုးမြေ ဧက ၉,၀၀၀ ခန့်ကို ပြည်ပရင်းနှီးမြှုပ်နှံသူများအား ရောင်းပေးရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
2416 Views

ရွာသာကြီးအနီးရှိ စိုက်ပျိုးမြေ ဧက ၉,၀၀၀ ခန့်ကို ပြည်ပရင်းနှီးမြှုပ်နှံသူများအား ရောင်းပေးရန် စီစဉ်

တောင်ဒဂုံမြို့နယ် ရွာ သာကြီးရပ်ကွက်အနီးရှိ ယခင်စစ် အစိုးရလက်ထက်က အကောင် အထည်ဖော်ခဲ့သည့် စိုက်ပျိုးရေး ဇုန်မှ မြေဧက ၉,၀၀၀ ခန့်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား သင့် တင့်သည့်ဈေးနှုန်းဖြင့် ရောင်းချ ပေးရန် စီစဉ်ထားကြောင်း ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက် စိုက်ပျိုးရေးဇုန် တည် ထောင်ခဲ့သော်လည်း အောင်မြင် မှုမရရှိသဖြင့် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ယင်းမြေ ကို ပြန်လည်ရယူ၍ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ် ငန်းရှင်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချရန် စီစဉ်ထားကြောင်း ဇန်နဝါရီ၁၃ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်၌ ပြုလုပ်သောဒုသမ္မတနှင့် စီးပွားရေးလုပ်ငန်း ရှင်များ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က လုပ်ငန်းရှင်များအား ပြောကြားသည်။


‘‘နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ၅၀ လောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အစိုးရက သင့်တင့်မျှတတဲ့နှုန်းနဲ့ ဒီနေရာကို မြေငှားလို့ရအောင် ဆောင်ရွက်ပေးမယ်။ ဒါကို အမြန်ဆုံးဆောင်ရွက်နိုင်အောင် ကျွန်တော်လုပ်နေပါတယ်’’ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် မြေဈေးကြီး ခြင်း၊ လျှပ်စစ်မီးရရှိရန် ခက်ခဲခြင်း တို့ကြောင့် နိုင်ငံခြားသား လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင်ရန်လက်တွန့်နေရသည်ဟု ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင် လေးက ဆိုသည်။

‘‘ပြည်တွင်းက လုပ်ငန်းရှင် ကလည်း ဒီမှာ မြေဝယ်လိုက်ပြီး ရင် လုပ်ငန်းလုပ်ဖို့ ရင်းနှီးငွေက ကုန်သလောက်ဖြစ်သွားပြီ။ ဒါ ကြောင့် မြေဈေးကျအောင် စက်မှု ဇုန်အသစ်တွေကို အစိုးရက ထပ်မံဖော်ပေးဖို့လိုပါတယ်’’ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။

ရွာသာကြီးရပ်ကွက်အနီးရှိ စိုက်ပျိုးရေးဇုန် အကောင်အထည် ဖော်ထားသည့် မြေနေရာနှင့်ပတ် သက်၍ ယခင်အစိုးရလက်ထက် ကလည်း လယ်သမားများနှင့် မြေ ရယူထားသော စီးပွားရေးလုပ်ငန်း ရှင်အချို့အကြား ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။

တောင်ဒဂုံမြို့နယ်သည် လက်ရှိအကောင်အထည်ဖော်နေ သီလဝါအထူးစီးပွားရေးဇုန် နှင့် ရေနက်ဆိပ်ကမ်းတို့နှင့် အနီးဆုံးနေရာတွင် တည်ရှိသဖြင့် စီးပွားရေးအရ အချက်အချာ ကျသည့် နေရာ တစ်ခု ဖြစ်လာနိုင်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အချို့က ခန့်မှန်းနေသည်။


Credit: 7DayDaily

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service