ကမ္ဘာကျော် Google ကုမ္ပဏီဝန်ထမ်း အိမ်လခသက်သာစေရန် ကုမ္ပဏီကားပါကင်ရှိ ထရပ်ကားပေါ်တွင် နေထိုင်လျက်ရှိ (ထူးခြားဆန်းပြား ကမ္ဘာ့အိမ်ခြံမြေလောကအဖြစ်သနစ်များ -၂ ) - Property News in Myanmar from iMyanmarHouse.com
3809 Views

ကမ္ဘာကျော် Google ကုမ္ပဏီဝန်ထမ်း အိမ်လခသက်သာစေရန် ကုမ္ပဏီကားပါကင်ရှိ ထရပ်ကားပေါ်တွင် နေထိုင်လျက်ရှိ (ထူးခြားဆန်းပြား ကမ္ဘာ့အိမ်ခြံမြေလောကအဖြစ်သနစ်များ -၂ )

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုရှိ နာမည်ကျော် ဆီလီကွန်တောင်ကြားအခြေစိုက် Google ကုမ္ပဏီမှ ဝန်ထမ်း
တစ်ဦးဖြစ်သူ ဘရန်ဒန်သည် အိမ်လခသက်သာစေရန် ကုမ္ပဏီ
ကားပါကင်ရှိ ထရပ်ကားပေါ်တွင် နေထိုင်လျက်ရှိသည်မှာ
ယနေ့အထိဖြစ်ပြီး တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။

Google ဝန်ထမ်းတို့၏ ပျှမ်းမျှလစာငွေမှာ တစ်နှစ်လျှင်
ကန်ဒေါ်လာ ၂၀၀၀၀၀ ဝန်းကျင်ဖြစ်၏။

သို့ရာတွင် ဆန်ဖရန်စစ္စကို၊ ဆီလီကွန်တောင်ကြားသည် အမေရိကန်ပြည်ထောင်စုတစ်ခုလုံးတွင် အိမ်ငှားခ ဈေးအမြင့်ဆုံး နေရာဖြစ်သည်။
Google ဝန်ထမ်းတို့၏ လစာငွေမြင့်မားသည့်နည်းတူ
နေစရိတ်မှာလည်း ကြီးမြင့်လှသည်။

ထို့ကြောင့် ဘရန်ဒန်က အိမ်မငှားတော့ဘဲ ထရပ်ကားတစ်စင်း
ဝယ်ယူကာ ကုမ္ပဏီကားပါကင်တွင် အမြဲရပ်နားထားပြီး အခြေစိုက် နေထိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးသော ဘရန်ဒန်သည် ကားပါကင်မှ ရုံးတက်ရခြင်းဖြစ်ရာ ကမ္ဘာပေါ်တွင် ရုံးနှင့်အနီးဆုံးဝန်ထမ်းဟု ဆိုလျှင် ရနိုင်မည်ထင်၏။နေ့လယ်စာ၊ ညစာစားခြင်း၊ ရေချိုးခြင်းများကို Google ကုမ္ပဏီဝန်းအတွင်း ပြုလုပ်ရ၏။
ယင်းသို့ နေထိုင်ခြင်းကြောင့် လစာ၏ ၉၀ ရာခိုင်နှုန်းအထိ
စုဆောင်းမိကြောင်း ဘရန်ဒန်က ပြောကြားသည်။

အကယ်၍ နေအိမ်ခန်းငှားရမ်းနေထိုင်မည်ဆိုလျှင် အိပ်ခန်းတစ်ခန်းပါအခန်းငှားမည်ဆိုလျှင်ပင် ကန်ဒေါ်လာ ၂၅၀၀ ခန့် ကုန်ကျမည်ဖြစ်သည်။သူ၏ ထရပ်ကားမှာ စတုရန်းပေ ၁၂၈ ပေ အကျယ်အဝန်းရှိပြီး အခန်းငယ်တစ်ခန်းကဲ့သို့ ပြင်ဆင်ထားကာ အိပ်ယာ၊ အဝတ်စင်တို့ပါဝင်သည်။လက်ပ်တော့နှင့် ဘက္ထရီအပိုတစ်ခုကို ရုံးတွင် အားသွင်းခဲ့ပြီး အလုပ်နားချိန် ထရပ်ကားသို့ ပြန်လာလျှင် နားကြပ်နှင့် လက်ကိုင်ဖုန်းတို့သို့ တဆင့်ပြန်လည်အားသွင်းသည်ဟု ဆိုသည်။
ယင်းသို့နေထိုင်ခြင်းကြောင့် တစ်လလျှင် ကုန်ကျစရိတ် ၁၂၁ ဒေါ်လာခန့်သာရှိသည်ဟု ဆိုသည်။

ဘရန်ဒန်က သူ၏အကြောင်းကို အင်တာနက်တွင် ဘလော့တစ်ခုရေးသားလွှင့်တင်ထားရာ https://frominsidethebox.com/
တွင် ကြည့်ရှုနိုင်ပါသည်။

သူ၏ ဘလော့တွင် မိတ်ဆက်ဖော်ပြထားရာ၌ “ကျွန်တော် ဘရန်ဒန်ပါ။ Bay Area မှာ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ပါတယ်။
၁၆ ပေရှိတဲ့ ထရပ်ကားထဲမှာ နေလာတာ အခုဆိုရင် တစ်နှစ်၊ ၇ လ၊ ၁ ပတ်၊ ၅ ရက်၊ ၃ နာရီ၊ ၄၄ မိနစ်နဲ့ ၃၅ စက္ကန့် ရှိပါပြီ” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

(မှတ်ချက်- ဇန်နဝါရီ ၅ ရက်တွင် တွေ့ခဲ့ရသော ကြာချိန်မှတ်တမ်းဖြစ်ပါသည်။)

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော် Google ကုမ္ပဏီဝန်ထမ်း အိမ်လခသက်သာစေရန် ကုမ္ပဏီကားပါကင်ရှိ ထရပ်ကားပေါ်တွင် နေထိုင်လျက်ရှိ (ထူးခြားဆန်းပြား ကမ္ဘာ့အိမ်ခြံမြေလောကအဖြစ်သနစ်များ -၂ ) - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော် Google ကုမ္ပဏီဝန်ထမ်း အိမ်လခသက်သာစေရန် ကုမ္ပဏီကားပါကင်ရှိ ထရပ်ကားပေါ်တွင် နေထိုင်လျက်ရှိ (ထူးခြားဆန်းပြား ကမ္ဘာ့အိမ်ခြံမြေလောကအဖြစ်သနစ်များ -၂ ) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service