သက်ကြီးရွယ်အိုများအတွက် ရေပန်းစားလာသည့် စင်္ကာပူအစိုးရ၏အစီအစဉ် - Property News in Myanmar from iMyanmarHouse.com
4835 Views

သက်ကြီးရွယ်အိုများအတွက် ရေပန်းစားလာသည့် စင်္ကာပူအစိုးရ၏အစီအစဉ်

စင်္ကာပူနိုင်ငံတွင် အသက် ၇၂ နှစ်ရှိ မစ္စတာ ဆင်မ်ကော့ကန်၏ အိမ်တွင်း သန့်စင်ခန်းသို့သွားသည့် ပုံမှန်သမားရိုးကျသွားလာလှုပ်ရှားမှုတစ်ခုက
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်မူ
သူ့အား မချိမဆံဝေဒနာတစ်ခုကို ကာလကြာရှည်ခံစားစေခဲ့သည်။

Woodlands မြို့၌နေထိုင်သူ မစ္စတာ ဆင်မ်က သူ၏နေအိမ်တိုက်ခန်းရှိ သန့်စင်ခန်းရေအိမ်ကို အသုံးပြုပြီးနောက် မတ်တပ်ရပ်စဉ် ခွပ်ခနဲအသံတစ်သံကြားလိုက်ရပြီး ပြင်းပြင်း
ထန်ထန်နာကျင်ခံစားခဲ့ရခြင်းဖြစ်သည်။ သူ၏ ၀ဲဘက်ခြေဖနောင့်ရိုး အက်ကွဲသွားခြင်း
ဖြစ်ကြောင်း ဆရာဝန်များနှင့်ပြသပြီးနောက် သူ သိခဲ့ရသည်။

ဟင်းသီးဟင်းရွက်ရောင်းချသူဟောင်းတစ်ဦးဖြစ်သည့် မစ္စတာဆင်မ်သည် ကလေးဘ၀၏ကတည်းက ပိုလီယိုခံစားခဲ့ရခဲ့ဖူးသဖြင့် လမ်းလျှောက်ရခက်ခဲနေခဲ့မှုတွင် ယင်းထိခိုက်ဒဏ်ရာက သူ့အား သွားလာလှုပ်ရှားရပိုမိုအခက်တွေ့စေခဲ့သည်။

သို့သော် ပြီးခဲ့သည့်နိုဝင်ဘာ (၂၀၁၆ ခုနှစ် နိုဝင်ဘာ)တွင် အဆင့်မြှင့်တင်ခဲ့သော သူ၏
တိုက်ခန်းက သူ့အား အကူအညီပေးနိုင်ခဲ့ပြီဖြစ်သည်။

မစ္စတာဆင်မ်နှင့် သူ၏ဇနီး အသက် ၆၄ နှစ်ရှိ ဂျန်နီကိုးတို့၏ ထိုတိုက်ခန်းသည် သက်ကြီးရွယ်အိုများအတွက်အိမ်တွင်းသွားလာလှုပ်ရှားရ
အဆင်ပြေစေရေးနှင့်
နေအိမ်အဆင့်မြင့်စေရန် လိုအပ်သည့်နေရာများအား ပြန်လည်ပြုပြင်ပေးခြင်းအစီအစဉ်
တွင် ပြီးခဲ့သည့် နိုဝင်ဘာအထိ လျှောက်ထားခဲ့ကြပြီးသော တိုက်ခန်း ၂၂၀,၀၀၀ အနက် တစ်ခန်းအပါအ၀င်ဖြစ်သည်။ ၎င်းအစီအစဉ်တွင် သက်ကြီးရွယ်အိုများအိမ်တွင်းသွားလာ
လှုပ်ရှားရအဆင်ပြေစေရေးချည်း သက်သက်အတွက်လည်း လျှောက်ထား၍ ရသည်။ ထိုသို့လျှောက်ထားသူမှာ ၁၀၅,၅၀၀ ရှိသည်။

စင်္ကာပူအစိုးရ၏ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သည့် ထိုအစီအစဉ်သည် အစိုးရ(ကုန်ကျငွေအများစု) နှင့်အစီအစဉ်လျှောက်ထားသည့်ပြည်သူ နှစ်ဖက်မျှဝေအကုန်အကျ
ခံကာ အစီအစဉ်အတွက် လျှောက်ထားသူတို့၏ တိုက်ခန်းများတွင် အထူးသဖြင့် သန့်စင်ခန်းကဲ့သို့သောနေရာများတွင် လက်ကိုင်တန်းများ၊ ခြေချော်ဒဏ်ခံ ကြမ်းခင်းနှင့် ဆင်ခြေလျှောလမ်းများ၊ စောင်းလျှောများအား တပ်ဆင်ပေးခြင်းနှင့် နေအိမ်အဆင့်မြင့်စေရန် လိုအပ်သည်များ ပြုပြင်ပေးခြင်းတို့ဖြစ်သည်။

ထိုတိုက်ခန်း၂၂၀,၀၀၀ တွင် တိုက်ခန်း ၇၄,၀၀၀ ခန့် ပြုပြင်တပ်ဆင်ပြီးစီးကာ
၉၃,၀၀၀ ကို လက်ရှိတွင် ဆောင်ရွက်နေဆဲဖြစ်သည်။ ၂၀၁၆ ခုနှစ်မတ်လအထိမူ
စင်္ကာပူအစိုးရသည် အိမ်တွင်းသွားလာလှုပ်ရှားရအဆင်ပြေစေရေးနှင့် နေအိမ်အဆင့်မြင့်စေရန်
လိုအပ်သည့်နေရာများအား ပြန်လည်ပြုပြင်ပေးခြင်းအစီအစဉ်အတွက် စင်္ကာပူဒေါ်လာ
၁,၄၇၀ သန်းနှင့် သက်ကြီးရွယ်အိုများအိမ်တွင်းသွားလာလှုပ်ရှားရအဆင်ပြေစေရေး
သီးသန့်အတွက် စင်္ကာပူဒေါ်လာ သန်း ၃၀ သုံးစွဲခဲ့ရပြီးဖြစ်သည်။

သက်ကြီးရွယ်အိုများအိမ်တွင်းသွားလာလှုပ်ရှားရအဆင်ပြေစေရေးအတွက်မူ
တိုက်ခန်းတစ်ခန်းလျှင် ကုန်ကျစရိတ် စင်္ကာပူဒေါ်လာ ၂၅၀၀ သတ်မှတ်ထားကြောင်း
သိရသည်။

ယင်းတွင် တိုက်ခန်းအမျိုးအစားပေါ်မူတည်၍ လှောက်ထားသူတိုက်ခန်း
ပိုင်ရှင်က စင်္ကာပူဒေါ်လာ ၁၂၅ မှ ၃၁၂ ဒသမ ၅၀ အကြားသာ ပေးဆောင်ရခြင်း
ဖြစ်သည်။

၁၉၈၆ ခုနှစ်အောက် တည်ဆောက်ခဲ့သည့် တိုက်ခန်းများမူ ယင်းအစီအစဉ်တွင် အကျုံး
မ၀င်ပေ။

၎င်းအစီအစဉ်သည် စစ်တမ်းတစ်ခုတွင် ပျမ်းမျှထောက်ခံနှုန်း ၉၀ ဒသမ ၁ ရာခိုင်နှုန်း ရှိ
ခြင်းက သက်သေတစ်ခုအဖြစ်ဖြင့် ရေပန်းစားလာသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service