နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေကို ဆေးရုံသုံးကိရိယာနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ ကုန်သွယ်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
3533 Views

နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေကို ဆေးရုံသုံးကိရိယာနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ ကုန်သွယ်ခွင့်ပြု

နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေကို ဆေးရုံသုံးကိရိယာ ၆၉ လိုင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း  ၄၆၁ လိုင်းကို ကုန်သွယ်ခွင့်ပေးလိုက်ပြီလို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာနက ထုတ်ပြန်ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ကုန်သွယ်မှု လုပ်ငန်းတွေ ပိုမိုတိုးတက်လာအောင် ဖြေလျှော့ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

သည်လုပ်ငန်းတွေရဲ့ကုန်သွယ်ခွင့်ကို ယခင်က နိုင်ငံသား လုပ်ငန်းရှင်တွေကိုသာခွင့်ပြုတာပါ။ နိုင်ငံခြားဖက်စပ်ကုမ္ပဏီကိုတော့ အခုမှ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံခြား  ဖက်စပ်ကုမ္ပဏီတွေကို ကုန်သွယ်ခွင့်ပြုတဲ့ ဆေးရုံသုံး  ကိရိယာ ပစ္စည်း တွေကတော့  ဓာတ်မှန်ဖလင်နဲ့ ဖလင်လိပ်၊ သွားတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ပလတ် စတစ်မို၊ ခွဲစိတ်ခန်းနဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်း(အအေးခံစက်)၊ အာရ်ထရာ ဆောင်းစက် (င်္ံCT Scan စက်၊ မျက်စိစမ်း သပ်စက်နဲ့ အခြား ဆေးရုံသုံး ကိရိယာတွေ) နဲ့ ဆေးရုံဆေးခန်းခွဲစိတ်ခန်းသုံး ပစ္စည်း (ခုတင်၊ သွားဆေးခန်းသုံးခုံ၊ မီးချောင်း၊ စားပွဲတင်မီးအိမ်)တို့  ဖြစ်ပါတယ်။

ကုန်သွယ်ခွင့်  ပြုလိုက်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေကတော့ ဘိလပ်မြေနဲ့ အလှဆင် ကျောက်၊ အိမ် သုတ်ဆေးအမျိုးမျိုး (နံရံသုတ်ဆေး၊ သင်္ဘောဆေးအမျိုးမျိုး)၊ ပိုက် (ပိုက်ခေါင်း နဲ့ ပိုက်ဆက်ပစ္စည်း (ပလတ်စတစ်) ၊ ကြိတ် သား ပြားနဲ့ အထပ်သား ၊ ပုံလောင်း ကျောက်ပြား၊ ကြွေပြား၊ အမိုးပြား၊ ဘိလပ် မြေပြား၊ အုတ်၊ ကြမ်းခင်းပြား၊  စက်ရုံသုံး အုတ်၊ ဘိလပ်မြေနဲ့ ပြုလုပ်ထားတဲ့ အုတ် ပြား၊ အမိုးပြား၊ အခင်းပြား၊ မှန်(ရုံးခန်း၊ အိမ်သာအတွင်းခန်းသုံး အလှဆင်မှန်၊ အ ဆောက်အအုံသုံးမှန်၊ သံချောင်း၊ သံပြား၊ (U,L,T) ပုံစံ၊သံချောင်း၊သံပိုက်၊ စတီးပိုက်၊ ဝါယာချောင်း၊ ဝါယာကြိုး၊ အိမ်ရိုက်သံ၊ စကူ၊ နပ်၊ စတီးဘေစင်(သံ၊စတီးနဲ့ ပြုလုပ်တဲ့ ပိုက်၊ ကြိုးနဲ့ ပစ္စည်း)၊ ကြေးနီပိုက်နဲ့ ပိုက် ဆက်ပစ္စည်းတွေ၊ သတ္တုပိုက်၊ သတ္တပြား၊ အလူမီနီယံဝါယာ၊ အလူမီနီယံပြား၊ အလူ မီနီယံtubes နဲ့ ပိုက်၊ သွပ်ပြား၊ သွပ်နဲ့ လုပ်တဲ့ ပိုက်နဲ့ ပိုက်ဆက်ပစ္စည်း၊ တံခါးလော့ခ်၊ ပတ္တာ၊ ဘေစင်ပိုက်၊ ပိုက်ခေါင်းနဲ့ သံမှိုတို့ ဖြစ်ပါတယ်။


Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service