နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၃ ကျပ်အထိ ဆက်လက်ကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
2350 Views

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၃ ကျပ်အထိ ဆက်လက်ကျဆင်းလာ

၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၃ ကျပ်အထိ ဆက်လက်ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းထား ဖြစ်လာခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ဇန်န၀ါရီ ၂ ရက်တွင် ကမ္ဘာ့ငွေကြေး ဈေးကွက်မဖွင့်ဘဲ ဒီဇင်ဘာ ၃၀ ရက်ညနေပိုင်းတွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေး အညွှန်းကိန်း ၁၀၂ ဒသမ ၃၇ ပွိုင့်ဖြင့်ဈေး ပိတ်ခဲ့သည်။ ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ကျရိပ်ပြလာသော်လည်း အမြင့်ဈေးတွင် ဆက်ရှိနေဆဲ ဖြစ်သည်။

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ကျရိပ်ပြလာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင်လည်း ဒီဇင်ဘာ တတိယပတ်မှ စတင်ကာ ဈေးနှုန်းတဖြည်းဖြည်း ကျဆင်းလာသည်။ ဒီဇင်ဘာ ၁၆ ရက်၌ တစ်ဒေါ်လာ ၁၄၃၈ ကျပ်အထိ မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ ၁၉ ရက်တွင် ၁၃၈၃ ကျပ်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက် တွင် ၁၃၉၇ ကျပ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ၁၄၀၅ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၂ ရက်တွင် ၁၃၉၇ ကျပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ၁၃၇၆ ကျပ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ၁၃၆၃ ကျပ်အထိ ပြန်လည် ကျဆင်းလာခဲ့သည်။

ကမ္ဘာ့ဈေးကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဒီဇင်ဘာ ၂၅ ရက်တွင် ၁၃၆၆ ကျပ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် ၁၃၇၄ ကျပ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ၁၃၇၉ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၈ ရက်တွင် ကျပ် ၁၃၇၀၊ ဒီဇင်ဘာ၂၉ ရက်တွင် ၁၃၆၃ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၃၆၁ ကျပ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ၁၃၆၄ ကျပ်၊ ဇန်န၀ါရီ ၁ ရက်တွင် ၁၃၆၁ ကျပ်ဈေးများ ဖြစ်ပေါ်ခဲ့ပြီး ဇန်န၀ါရီ ၂ ရက်တွင် ကျပ် ၁၃၆၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့သည်။ ဇန်န၀ါ ရီ ၂ ရက် နံနက်ပိုင်းတွင် ၁၃၆၁ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော ဒေါ်လာဈေးသည် မွန်းလွဲပိုင်းတွင် ၁၃၅၃ ကျပ်အထိ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ဖြစ်ပေါ်သော ၁၃၅၉ ကျပ်နှင့် နှိုင်းယှဉ်ပါက တစ်လအတွင်း အနိမ့်ဆုံးနှုန်းထား ဖြစ်လာသည်။

တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၂၇ ရက်တွင် ၁၃၇၉ ကျပ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ၁၃၇၄ ကျပ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၆၅ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၃၆၄ ကျပ်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ၁၃၆၃ ကျပ်၊ ဇန်န၀ါရီ ၁ ရက်တွင် ၁၃၆၁ ကျပ်၊ ဇန်န၀ါရီ ၂ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၃၆၁ ကျပ် ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၃၅၃ ကျပ်ဖြစ်သည်။

ဈေးကွက်အတွင်း ဒေါ်လာဈေး ကျရိပ်ပြနေခြင်းကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဇန်န၀ါရီ ၂ ရက်တွင် ကျပ် ၁၃၆၀ အဖြစ် ငါးကျပ်လျှော့ချ သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို ဒီဇင်ဘာ ၂၆၊ ၂၇ ရက်တို့ တွင် ၁၃၇၀ အဖြစ်သတ်မှတ်ခဲ့ပြီး ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀ ရက်တို့တွင် ၁၃၆၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ကာ ဇန်န၀ါရီ ၂ ရက်တွင် ကျပ် ၁၃၆၀ အဖြစ် ငါးကျပ် လျှော့ချခဲ့ခြင်း ဖြစ်သည်။



Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service