၂၀၁၇ နှစ်ဆန်းပိုင်းမှာ ရွှေဈေးအနည်းငယ်တက်လာနိုင် - Property News in Myanmar from iMyanmarHouse.com
688 Views

၂၀၁၇ နှစ်ဆန်းပိုင်းမှာ ရွှေဈေးအနည်းငယ်တက်လာနိုင်

မြန်မာရွှေဈေးဟာ 2016 ခုနှစ်အတွင်းမှာ အတက်အကျမတည်ငြိမ်ဖြစ်ခဲ့ပြီး 2017 နှစ်ဆန်းပိုင်းမှာ အနည်းငယ်မြင့်တက်လာနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ခန့်မှန်းပြောဆိုပါတယ်။

' ကျမယ်၊ ကျပြီးရင် ဖြည်းဖြည်းချင်း ပြန်တက်လာတယ်။ ကမ္ဘာ့ရွှေဈေးက တစ်ထရိုင်အောင်စကို 1127 ဒေါ်လာကနေ 1058 ဒေါ်လာအထိပြုတ်ကျထာပြီးပြီ ' လို့ ရွှေလုပ်ငန်းရှင်းတစ်ဦးက ပြောပါတယ်။

အောင်သမာဓိရွှေဆိုင်က ဦးမော်ကလည်း '၂၀၁၅ နောက်ပိုင်းကတည်းကမှန်းလို့မမှန်တော့တာ။ ငွေဈေးကမမှန်းနိုင်တဲ့အတွက် ရွှေဈေးကမှန်းလို့ခက်တယ်။ ဒါပေမဲ့ ရွှေဈေးအသွားအလာအရဆိုရင် ၉၀၀၀၀၀ ကျော်အထိ အမြင့်ဆုံးတက်ခဲ့တဲ့ရွှေဈေးဟာ ကျပ် ၈၅၅, ၀၀၀ ဝန်းကျင်အထိ ကျပြီးရင် ပြန်ပြန်တက်တယ်' လို့ပြောပါတယ်။

မြန်မာ့ရွှေဟာ ဒေါ်လာဈေးနဲ့ကမ္ဘာ့ရွှေဈေးအပေါ်မှာ မူတည်နေတာဖြစ်တဲ့အတွက် မြန်မာ့ရွှေဈေးအလားအလာကို ၂၀၁၅ ခုနှစ်နောက်ပိုင်းကတည်းက ခန့်မှန်းရခက်လာခဲ့တယ်လို့သိရပါတယ်။

ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၈၄၀,၀၀၀ ဝန်းကျင်မှာ ရှိနေတယ်လို့သိရပါတယ်။ ၂၀၁၆ ခုနှစ်အောက်တိုဘာလအတွင်းမှာ မြန်မာ့ရွှေဈေးဟာတစ်ကျပ်သားကို ကျပ် ၉၀၀,၅၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းကျပေမဲ့ ဒေါ်လာငွေဈေးက မတည်ငြိမ်တဲ့အတွက် မြန်မာ့ရွှေဈေးဟာလည်း အဘက်ဘက်မှာ တင်းခံနေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ၂၀၁၆ ခုနှစ်ဆန်းမှာ တစ်ထရိုင် အောင်စကို ၁၃၆၆ ဒေါ်လာဝန်းကျင်အထိ ပြန်တက်လာခဲ့တယ်လို့ သိရပါတယ်။

အခုလ(၂၄)ရက်မှာ ကမ္ဘာ့ရွှေဈေးက တစ်ထရိုင်အောင်စကို ၁၁၃၅ ဒေါ်လာရှိပါတယ်။
'အမှန်တကယ်ရွှေဈေးက ဒီထက်မကဘူး၊ အများကြီးကျရမှာကို ဒေါ်လာဈေးက ဆွဲခံထားတဲ့အတွက် ကျသင့်သလောက်မကျဘဲ တင်းနေတာ ကမ္ဘာ့ဈေးကွက်ထဲက၀ယ်တဲ့ ရွှေတစ်ကျပ်သား တန်ဖိုးက မြန်မာပြည်မှာ ဖြစ်နေတဲ့ ရွှေဈေးအောက်မှာ ကျပ် ၂၀,၀၀၀ ဝန်းကျင်လောက်လျော့နေတာ' လို့ ဦးမော်က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဒေါ်လာငွေဈေးကို ပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေက ကစားနေတဲ့အတွက် ဒေါ်လာဈေး မတည်မငြိမ်ဖြစ်ပြီး မြန်မာ့ရွှေဈေးကိုလည်း မခန့်မှန်းနိုင်တာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ အခုလ ၂၄ ရက်ကဒေါ်လာဈေး ၁၃၇၀ အထိရှိခဲ့တယ်လို့သိရပါတယ်။

'ဒေါ်လာဈေး ၁၃၇၀ ဆိုတာ တစ်ခါမှမကြားခဲ့ခူးတာကိုး၊ အရင်က ဒေါ်လာဈေးနည်းနည်းတက်ပြီဆိုရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ဝင်လိုက်ရင် ငွေဈေးက တက်နေရာကနေ လျေလျောဆို ကျသွားတာ။ အခုကျအဲဒီလိုမဟုတ်တော့ဘူး ' လို့ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရွှေအထွက်နှုန်း

မြန်မာ့ရွှေအထွက်နှုန်းတွေဟာလည်း နှစ်စဉ်ရွှေထွက်ရှိမှုကို လျော့နည်းလာတယ်လို့ ရွှေလုပ်ငန်းရှင် တွေက ဆိုပါတယ်။ မြန်မာ့ရွှေထုတ်လုပ်မှု ကျဆင်းလာတာဟာ ရွှေထွက်ပင်ရင်းတွေမှာ ရွှေပါဝါနှုန်း နည်းပါးလာတာ၊ လက်ရှိ ရွှေထုတ်လုပ်မှုကို သက်တမ်းတိုးမပေးတာ၊ ရွှေလုပ်ကွက်အသစ်တွေ ချထားမပေးထတာတွေကြောင့် ကျဆင်းလာတာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းက ရွှေထွက်နှုန်းတွေ တဖြည်းဖြည်းနည်းပါးလာပြီဖြစ်တယ်လို့ သိရပါတယ်။

အရောင်းအဝယ်

၂၀၁၇ ခုနှစ်မှာ ရွှေအရောင်းအဝယ်တွေက ပုံမှန်လောက်ပဲ အရောင်းအဝယ်တွေက ပုံမှန်လောက်ပဲအရောင်းအဝယ်ရှိနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မြန်မာ့ရွှေမှာ ရင်းနှီးမြှုပ်နှံမှုတွေနည်းပါးလာတာ၊ စီးပွားရေးအကျပ်အတည်းတွေကြောင့် ရွှေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြတာတွေကြောင့် အရောင်းအဝယ်တွေက အရင်နှစ်တွေထက် နည်းပါလာတယ်လို့ သိရပါတယ်။

' အရင်က ၁၀ ယောက်လောက်က ရွှေဝယ်ပြီးစုရင် အခုငါးယောက်လောက်ပဲစုနိုင်တော့တယ် ' လို့ဦးမော်က ပြောပါတယ်။
မြန်မာ့ရွှေဈေးဟာ ဒေါ်လာငွေဈေးနဲ့ကမ္ဘာ့ရွှေဈေးပေါ်မှာ မှီတည်နေတာဖြစ်တဲ့အတွက် ၂၀၁၇ ခုနှစ် တစ်နှစ်ပတ်လုံးမှာလည်း တည်ငြိမ်မှုမရှိနိုင်ဘူးလို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service