ဒီဇင်ဘာ တစ်လတာ ရောင်းဝယ်ငှားဈေးကွက် အနေအထားများ - Property News in Myanmar from iMyanmarHouse.com
2135 Views

ဒီဇင်ဘာ တစ်လတာ ရောင်းဝယ်ငှားဈေးကွက် အနေအထားများ

ရန်ကုန် အိမ် ခြံ မြေ ဈေးကွက်ရဲ့ တစ်လတာရောင်းဝယ်ငှားဈေးကွက်ကို ခြုံ ကြည့်ရရင် အရင်လတွေထက် အတန်ငယ်ပြန်လည်ဦးမော့လာတာတွေ့ရပါတယ်။ဒီတစ်လမှာတော့ ဈေးကွက်ဟာ ဒေါ်လာဈေးစံချိန်တင်မြင့်တက်မှု၊ ရွှေ ဈေးကြီးမြင့်သွားမှု၊ ကားဈေး ကားမူဝါဒ မတည်ငြိမ်မှုတွေကြောင့် အိမ် ခြံ မြေ ဘက်ကိုဦးလှည့်ခဲ့တာကြောင့်
အားယူနေခဲ့ရတဲ့ ဈေးကွက်ကတော့ အားကောင်းလာပါတယ်။

ဈေးကွက်အနေအထားအရလည်း စီမံကိန်းအများစု၊investment အသစ်တွေအများစုရှိနေတာကြောင့် ၂၀၁၇ ခုနှစ်ဟာ အိမ် ခြံ မြေ ရွှေခေတ်ပြန်ဖြစ်လာဖို့လည်းရှိနေပါတယ်။အခုဒီဇင်ဘာလ တစ်လတာအတွင်းရ န်ကုန်ရဲ့ မြို့နယ် အများစု ရောင်းဝယ်ငှား အနေအထားတွေကို တွေ့ရှိရသမျှ ပြန်လည်တင်ပြပေးမှာပါ။

မြို့နယ်တွေရဲ့ အိမ် ခြံ မြေ အကွက်တွေထက်စာရင် လတ်တလောမှာ ဒဂုံတောင်စက်မှုဇုန်နဲ့ အသုံးပြုဖို့အဆင်သင့်ဖြစ်နေတဲ့ ဇုန်မြေတွေအနည်းငယ် အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။မြို့နယ် တစ်ခုချင်းစီနဲ့ အရောင်းအဝယ် အငှား ဖြစ်တဲ့နေရာတွေကို သုံးသပ် ဖော်ပြပေးလိုက်ပါတယ်။

ဗဟန်းမြို့နယ်

အရောင်းအဝယ်ဈေးကွက်ပြန်လည် ဦးမော့လာတယ်ဆိုတာနဲ့အမျှ မြေကျန်အများဆုံးရှိနေတဲ့ ဗဟန်းမြို့နယ်ကတော့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။အရောင်းအဝယ်ဖြစ်ခဲ့တဲ့နေရာမှာ များများစားစား ဖြစ်ခဲ့တာမျိုးမဟုတ်ဘဲ ငွေကြေးဖော်လိုသူနဲ့ ရင်းနီးမြုပ်နှံလိုသူအကြားဖြစ်ခဲ့တာတွေလောက်ပဲရှိတယ်လို့သိရပါတယ်။""ဈေးက ပြောရင် ယုံမှာတောင်မဟုတ်ဘူးပေါ့။လက်ရှိကာလပေါက်ဈေးထက် ရှစ်ရာ တစ်ထောင်မက ခွာပြီး ပြန်ရောင်းတယ်။ပြောရရင် ငွေဖော်တာပေါ့။ကြိုက်တဲ့သူကလည်း ဝယ်တယ်။ဒါမျိုးပုံစံတွေအဖြစ်များတယ်။""ဟု အကျိုးဆောင်မှပြောသည်။

အငှားသွက်လာတဲ့ကျောက်တံတားနှင့် မြို့တွင်းခြောက်မြို့နယ်

ဝါကျွတ်ကာလပြီးနောက်ပိုင်း အငှားအားသန်နေတဲ့ မြို့နယ်တွေပဲဖြစ်ခဲပါတယ်။တိုက်ခန်းအရောင်းနဲ့ အငှား မှာ အငှားအားက သိသိသာသာကောင်းခဲ့ပါတယ်။အငှားခ ဈေးနှုန်းတွေကတော့ နေရာအနေအထားနဲ့ အထပ်အနိမ့်အမြင့်တွေအပေါ်မှာ မူတည်ပြီး ဈေးနှုန်းကွာခြားပေမယ့် အရောင်းအဝယ်ထက် အငှားအားသိသိသာသာ ကောင်းမွန်ခဲ့ပါတယ်။မြေနေရာ အနေအထားအရလည်း မြေနေရာ ရှားပါးတဲ မြို့နယ်တွေဖြစ်တာကြောင့် ထူးထူးခြားခြားဖြစ်တဲ့ အရောင်းအဝယ်မရှိခဲ့ကြောင်း စုံစမ်းသိရပါတယ်။အငှား ဈေးကွက်မှာတော့ နှစ်သိန်း ၊ သုံးသိန်း အဖိုးနှုန်းနဲ့ အငှားလိုက်နေတယ်လို့ကြားသိရပါတယ်။

ပုဇွန်တောင်မြို့နယ်

ကျောက်တံတား လသာ ပန်းဘဲတန်းစတဲ့ နေရာတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြေနေရာ အနည်းငယ်ကျန်ရှိနေသေးတာကြောင့် မြေကွက်အရောင်းအဝယ်ပြုနိုင်သော်လည်း ဈေးကွက်ပါးမှုကို ကြုံတွေ့နေရဆဲပဲဖြစ်တယ်လို့ အကျိုးဆောင်တွေကဆိုပါတယ်။အငှားဈေးကွက်မှာတော့ ပုံမှန်အနေအထားနဲ့သာ ဆက်လက် သွားနေတယ်လို့သိရပါတယ်။

တောင်ဥက္ကလာမြို့နယ်၊သင်္ဃန်းကျွန်းမြို့နယ်

ဈေးကွက်ပြန်လှုပ်စပြုလာတာနဲ့အမျှ တောင်ဥက္ကလာမြို့နယ်ဟာလည်း အရောင်းအဝယ်ဖြစ်နေပါတယ်။သိန်း သုံးထောင်မှ တစ်သောင်းဝန်းကျင်ကြား မြေကွက်တွေအရောင်းအဝယ်ဖြစ်နေပြီး အငှားအားလည်း ကောင်းနေတယ်လို့ စုံစမ်းသိရပါတယ်။သင်္ဃန်းကျွန်းမြို့နယ်ဟာလည်း အခြေခံလူတန်းစား၊လူလတ်တန်းစားအငှား ဈေးကွက်ဖြစ်ထွန်းနေကြောင်းရပါတယ်။အငှားရဲ့ ပျမ်းမျှ ဈေးနှုန်းကတော့ တစ်သိန်းဝန်းကျင်၊နှစ်သိန်းဝန်းကျင်နဲ့ ဈေးကွက်လည်ပတ်နေပါတယ်။

ဒဂုံ ဆိပ်ကမ်းမြို့နယ်

ဒီမြို့နယ်မှာ ၂၀၁၆နှစ်ဆန်းပိုင်းအထိ အရောင်းအဝယ် အခြေအနေကောင်းခဲ့ပေမယ် နှစ်လယ်က စကာ ဈေးကွက်အေးခဲ့ပါတယ်။ လက်ရှိကာလမှာ ဈေးနှုန်းအနည်ငယ်ကျဆင်းလာမှုများရှိ တာကြောင့် င့်ပြန်လည်ရောင်းချလိုသူများပြားလာသော်လည်း ဝယ်ယူရင်းနှီးမြုပ်နှံလိုသူနည်းပါးနေဆဲဖြစ်တယ်လို့သိရပါတယ်။အငှားဈေးကွက်ကတော့တန်ဖိုးနည်းမြို့နယ်ဖြစ်တာနဲ့အညီအခြေခံလူတန်းစားအများစုလာရောက်ငှားရမ်းနေထိုင်ကြ
တယ်လို့သိရပါတယ်။

သန်လျင်

သန်လျင်မြို့နယ်ကတော့ လတ်တလောမှာ ထွက်ပေါ်နေတဲ တံတားသတင်းတွေကြောင့် ဈေးနှုန်း အနည်းငယ်ငြိမ်သက်နေခဲ့ပါတယ်။ဒါပေမယ့် လာရောက်ရင်းနှီးမြုပ်နှံသူတွေ မရှိသလောက်နည်းပါးတာကြောင့် အရောင်းဝယ်သိပ်မဖြစ်ကြောင်းစုံစမ်းသိရပါတယ်။အငှားဈေးကွက်ကတော့ သီလဝါ ဇုန်မြေ ဧကကွက်တွေ အငှားဖြစ်တယ်လို့သိရပါတယ်။

ဇုန်မြေများ

ဟံသာဝတီလေဆိပ်စီမံကိန်း ၊ မြို့သစ်စီမံကိန်း ၊တံတားစီမံကိန်းနဲ့ အတူ စက်မှုဇုန်မြေဈေးကွက်ဟာလည်း အရောင်းအဝယ် အခြေအနေနဲ့ ဈေးနှုန်းအရအားကောင်းနေတယ်လို့သိရပါတယ်။အဖြစ်များတဲ့ဇုန်မြေနေရာတွေကတော့အရံသင့်သုံးဖို့အဆင်သင့်ဖြစ်နေတဲ့ နေရာတွေဟာ ဈေးနှုန်းအရ တစ် ဧက လျှင် ကျပ်သိန်းတစ်ထောင်ဝန်းကျင်မှ သိန်းတစ်သောင်းဝန်းကျင်အထိ ဈေးကွက်အတွင်းပေါက်ဈေးရှိကြောင်းသိရပါတယ်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service