ဩဘာကုမ္ပဏီက IFC ချေးငွေဖြင့် စိုက်ပျိုးရေးသုံး ဆေးဝါးထုတ်လုပ်သည့်စက်ရုံ စတင်တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
1100 Views

ဩဘာကုမ္ပဏီက IFC ချေးငွေဖြင့် စိုက်ပျိုးရေးသုံး ဆေးဝါးထုတ်လုပ်သည့်စက်ရုံ စတင်တည်ဆောက်

မြန်မာ့ဩဘာလုပ်ငန်းစုသည် ကမ္ဘာ့ဘဏ်၏လုပ်ငန်းခွဲတစ်ခုဖြစ်သော International Finance Corporation (IFC) ထံမှ ရရှိသည့် ချေးငွေဖြင့် စိုက်ပျိုးရေးဆေးများ ဖျော်စပ်ထုတ်လုပ်မည့် စက်ရုံကို စတင်တည်ဆောက်ေ နပြီး ၂၀၁၇ ဧပြီတွင် စီမံကိန်း ပထမပိုင်းပြီးစီးမည်ဖြစ်ကြောင်း ကုမ္ပဏီက သတင်း ထုတ်ပြန်သည်။

အဆိုပါစက်ရုံကို မှော်ဘီမြို့ ၀ါးနက်ချောင်းကျေးရွာအုပ်စုအတွင်းရှိ အစိုးရက သတ်မှတ်ထားသောပိုးသတ်ဆေးစက်ရုံများတည်ဆောက်သည့် မြေဧရိယာအတွင်းရှိ မြေဧက၇၅ဧကပေါ်တွင်တည်ဆောက်မည် ဖြစ်ကြောင်း မြန်မာ့ဩဘာလုပ်ငန်းစု၊ ပီတိ ပြည့်စုံကုမ္ပဏီ စီမံခန့်ခွဲမှုအရာရှိချုပ် ဦးဉာဏ် လင်းဖြိုးက ပြောသည်။

"မြန်မာနိုင်ငံကစိုက်ပျိုးရေးသုံး ဆေးဝါးလိုအပ်ချက်ရဲ့၅၀ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးနိုင်ဖို့လျာထားတယ်။ဒီစက်ရုံကနေစိုက်ပျိုးရေးဆေးအမျိုးအစား နှစ်မျိုးဖြစ်တဲ့ အရည်နဲ့ အမှုန့်ပဲ ထုတ်ပါမယ်။ လက်ရှိမှာ တော့ စက်ရုံကို မြေသား တူးဖော်တဲ့ လုပ်ငန်း တွေ စတင်လုပ်ဆောင်နေပါပြီ။ လာမယ့် ၂၀၁၇ ဧပြီမှာ ပထမပိုင်းကို ဆောက်လုပ် ပြီးစီးပါမယ်"ဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေးဆေး ဖျော်စပ်ထုတ်လုပ်မည့် စက်ရုံပထမပိုင်းကို မြေဧက သုံးဧ ကပေါ်တွင်ဆောက်လုပ်မည်ဖြစ်ပြီး ယင်းပထမပိုင်းပြီးစီးပါက လုပ်ငန်း စတင်လည်ပတ်နိုင်မည်ဖြစ်ပြီးလုပ်ငန်း၏ ၄၅ ရာခိုင်နှုန်းခန့် ပြီးစီးခြင်းဖြစ်ေ ကြာင်း ၎င်းက ပြောသည်။

"ကျွန်တော်တို့ လျာထားတဲ့အတိုင်း ၂၀၁၇ ခုနှစ် ဧပြီမှာ စက်ရုံရဲ့ ပထမပိုင်း ပြီးတာနဲ့ လုပ်ငန်းစတင်လည်ပတ်မှာ ဖြစ်ပါတယ်။ စတင်လည်ပတ် တဲ့ အခါမှာ စိုက်ပျိုးရေးဆေးရည် လီတာသုံးသန်းနဲ့ စိုက်ပျိုးရေးဆေးမှုန့် ကီ လို နှစ်သန်းအထက် ထုတ်ဖို့ လျာထားပါတယ်။စက်ရုံတစ်ခုလုံး ပြီးစီးမှာကတော့ လာမယ့် ၂၀၂၀ မှာပြီးမှာပါ" ဟု ဦးဉာဏ်လင်းဖြိုးက
ပြောသည်။

စက်ရုံတစ်ခုလုံး၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှုမှာ အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး IFC ထံမှရရှိသည့် ချေးငွေ မှာ အမေရိကန်ဒေါ်လာ ၁၀ သန်းဖြစ်သည့် အတွက် ကုမ္ပဏီက
ကိုယ်ပိုင်စိုက်ထုတ်ငွေ ငါးသန်း အသုံးပြုရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ မှော်ဘီမြို့နယ် ၀ါးနက်ချောင်းကျေးရွာအုပ်စု အတွင်းရှိ သည့် ပိုးသတ်ဆေးထုတ်လုပ်နိုင်သည့် မြေဧရိယာအတွင်းတွင် ဘီအိုတီစ နစ်ဖြင့်အစိုးရနှင့်ပုဂ္ဂလိကကုမ္ပဏီနှစ်ခုပူးပေါင်းကာ မြန်မာ့ပိုးသတ်ဆေးထုတ်စက်ရုံကို လည်ပတ် လျက်ရှိသည်။ မြန်မာ့ဩဘာကတည်ဆောက် လည်ပတ်မည့်စက်ရုံမှာယင်းစက်ရုံဘေးတွင်ရှိပြီးသဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ဆောင်မည်ဟုဦးဥာဏ်လင်းဖြိုးက ပြောသည်။

"လူတွေရဲ့ထင်မြင်ချက်က ဆိုးကျိုးတွေ အရမ်းထွက်တယ်လို့ ထင်ကြပါတယ်။ စိုက်ပျိုး ရေးဆေးစက်ရုံကနိုင်ငံတိုင်းမှာ ရှိနေတာ ပါ။ အဲဒါကြောင့် ကျွန်တော်တို့ကလည်း ပတ်ဝန်းကျင်ဆိုးကျိုး မရှိစေဖို့အတွက်
ကမ္ဘာ့အကောင်းဆုံး စိုက်ပျိုးရေးသုံးဆေးတွေ ထုတ်လုပ်တဲ့စနစ်ကို အသုံးပြုပြီး ဆိုးကျိုး အနည်းဆုံးဖြစ်အောင် တည်ဆောက်မှာဖြစ် ပါတယ်"ဟု ၎င်းက ပြောသည်။

မြန်မာ့ဩဘာ၏စိုက်ပျိုးရေးသုံးဆေးထုတ်လုပ်သည့်စက်ရုံတည်ဆောက်မှုကို ဒေသခံအချို့ကကန့်ကွက်မှုများ ရှိသော် လည်း ကုမ္ပဏီအနေဖြင့် လုပ်ငန်း ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်းကုမ္ပဏီ တာဝန်ရှိသူများ က ပြောသည်။

"ဝေဖန်ခံရမှုတွေ ရှိတယ်။ လုပ်ငန်းကိုတော့ ဆက်လက်ဆောင်ရွက်မယ်။ ကျွန်တော် တို့ကပွင့်ပွင့်လင်းလင်းပြောရင် မဟုတ်တာ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စုပေါင်းကော်မတီဖွဲ့မယ်။
ဒေသခံတွေ စိုးရိမ် မှုနဲ့ ပြောတာကို နားထောင်မယ်။ ဒီကော် မတီမှာ ဩဘာပါမယ်။ စက်ရုံနဲ့နှစ်မိုင်အကွာ က လူတွေနဲ့တွေ့မယ်။ တာဝန်ရှိသူတွေ ပါမယ်။ သူတို့ပြောဆိုမှုတွေ ရှိလာတဲ့အခါ
ဖြေရှင်းပေးပါမယ်"ဟု ၎င်းက ပြောသည်။

အဆိုပါစက်ရုံ ပထမပိုင်းပြီးစီးပါက အလုပ်သမား ၁၅၀ က ၂၀၀ အထိ အသုံးပြုမည်ဖြစ်ပြီးနောက်ဆုံးအဆင့် ပြီးစီးပါက အလုပ်သမား ၄၀၀ က ၅၀၀ ထိ လိုအပ်လာမည်ဖြစ်သည့်အတွက်ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း တိုးလာမည်ဖြစ်ကြောင်း ကုမ္ပဏီက
သတင်း ထုတ်ပြန်သည်။


Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service