မြန်မာနိုင်ငံ၌ ငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ နိုင်ရန် ကန်ဒေါ်လာ သန်း ၁၀၀ အား ကမ္ဘာဘဏ်မှ ချေးငွေအဖြစ် ပေးအပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
2000 Views

မြန်မာနိုင်ငံ၌ ငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ နိုင်ရန် ကန်ဒေါ်လာ သန်း ၁၀၀ အား ကမ္ဘာဘဏ်မှ ချေးငွေအဖြစ် ပေးအပ်သွားမည်

မြန်မာနိုင်ငံရှိ ပြည်သူများ ၊ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အကျိုးပြုနိုင်မည့် ငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် မြန်မာနိုင်ငံ အစိုးရအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေ အဖြစ် ပေးအပ်သွားမည်ဟု ကမ္ဘာ့ ဘဏ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့ မှ အတည်ပြု လိုက်ကြောင်း ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုချေးငွေ၏ သက်တမ်းမှာ ၃၈ နှစ် ဖြစ်ပြီး ချေးငွေ ပြန်ဆပ်ရန် ဆိုင်းငံ့ ကာလ ၆ နှစ် ရရှိမည် ဖြစ်ပြီး အတိုးမဲ့ နှစ်ရှည် ချေးငွေ ဖြစ်ပြီး ချေးငွေသည် ဖွံ့ ဖြိုးဆဲ နိုင်ငံများ အတွက် အထူး ရည်ရွယ်ထားသည့် ကမ္ဘာ့ ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ ဖြိုးရေး အဖွဲ့ ၏ ရန်ပုံငွေမှ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး စီမံကိန်းသည် ခိုင်မာ အားကောင်းပြီး တည်ငြိမ်သည့် ငွေရေးကြေးရေး ကဏ္ဍတစ်ရပ်ကို ဖော်ဆောင် မြှင့်တင်နိုင်ရန် ရည်ရွယ်ထားပြီး တစ်နိုင်ငံလုံးတွင် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများ တိုးချဲ့ နိုင်ရန် ၊ ချေးငွေ နှင့် ငွေရေးကြေးရေး ၀န်ဆောင်မှု အမျိုးမျိုးကို တိုးတက် ရရှိနိုင်စေရန် ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး တိုင်းပြည်၏ တိုးတက်ရန် အားယူနေသည့် အသေးစား ငွေချေး လုပ်ငန်းများနှင့် အာမခံ လုပ်ငန်း ကဏ္ဍများကိုလည်း မြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


“ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် တစ်နိုင်ငံလုံးက ပြည်သူတွေ ငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်း အမျိုးမျိုးနဲ့ အသေးစား ချေးငွေတွေကို ရရှိနိုင်လာမှာ ဖြစ်ပါတယ်။ချေးငွေတွေ ပိုရရှိလာတာနဲ့ အမျှ စီးပွားရေး လုပ်ငန်းတွေကို တိုးချဲ့ လာနိုင်မှာ ဖြစ်ပြီး ဒါဟာ ၀င်ငွေတွေ ပိုမို တိုးတက်လာဖို့ အခွင့်အလမ်း တစ်ခု ဖြစ်သလို လူတွေကိုလည်း အလုပ်တွေ ပေးနိုင်ပါလိမ့်မယ်။တောင်သူ လယ်သမားတွေ ၊ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေ ၊ ၀င်ငွေ နည်းပါးတဲ့ မိသားစုတွေ အားလုံး အကျိုးခံစားရမှာ ဖြစ်ပါတယ်။”ဟု ကမ္ဘာ့ ဘဏ်၏ အရှေ့ တောင် အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ပြောသည်။

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍသည် တိုင်းပြည်၏ တိုးတက်လျက် ရှိသည့် စီးပွားရေး လုပ်ငန်းများ၏ လိုအပ်ချက်များကို ထိထိရောက်ရောက် မဖြည့်ဆည်း ပေးနိုင်သေးဘဲ ကမ္ဘာပေါ်တွင် ငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်းများ အသုံးပြုနိုင်မှုတွင် နောက်အကျဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေဆဲ ဖြစ်ကြောင်း ၊ အရွယ်ရောက်ပြီးသူများ အားလုံး၏ ၃၀ ရာခိုင်နှုန်း အောက်သာ ငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်းများ ရရှိကြကာ ကျေးလက် ဒေသများတွင် ထိုထက်ပင် ပိုမို နည်းပါးသေးကြောင်း ၊ စီးပွားရေး လုပ်ငန်းများ အတွက် အကြီးဆုံးသော အခက်အခဲ အတားအဆီးတစ်ခုမှာ ငွေကြေးအရင်းအနှီး ရရှိရန် ခက်ခဲသည့် အပိုင်းပင် ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောကြားကြကြောင်း ဖော်ပြထားသည်။

Credit: Xinhua

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service