တိုက်ခန်းတွေ အရစ်ကျစနစ်နဲ့ ရောင်းချနေပေမဲ့ ဝယ်ယူနိုင်သူ နည်းပါး - Property News in Myanmar from iMyanmarHouse.com
4679 Views

တိုက်ခန်းတွေ အရစ်ကျစနစ်နဲ့ ရောင်းချနေပေမဲ့ ဝယ်ယူနိုင်သူ နည်းပါး

တိုက်ခန်းတွေကို အရစ် ကျစနစ်တွေနဲ့ ရောင်းချနေပေမဲ့ ဝယ်ယူနိုင်သူတွေ နည်းပါးနေသေးတယ်လို့ သိရ ပါတယ်။

“ပွဲလုပ်ရင်တော့ အမြဲတမ်း ပါဖြစ်တယ်၊ ဝယ်တဲ့သူတွေက ရုံးခန်းဖွင့်မယ့်သူတွေ၊ အေးအေးဆေးဆေးနေချင်တဲ့သူတွေဝယ်တာများတယ်၊ အခု အရစ်ကျနဲ့ ရောင်းနေတာတွေကို လခစား ဝန်ထမ်းတွေ၊ နေ့စားဝန်ထမ်းတွေကတော့ မဝယ် နိုင်ကြသေးဘူး၊ လိုချင်ရင်တောင်မှ သွင်းရမယ့် ငွေကို မတတ်နိုင်လို့ မဝယ်တာတွေလဲ ရှိတယ်၊ ကိုယ်ပိုင် စီးပွားရေးလုပ်နေတဲ့ သူတွေ၊ နိုင်ငံခြားသွားနေတဲ့သူတွေပဲ ဝယ်တာများတယ်၊ လခစားတွေကတော့လိုချင် တယ်၊သွင်းရမယ့်ငွေကြောင့်မဝယ်တာတွေလဲရှိတယ်”လို့ချမ်းသာဆောက်လုပ်ရေးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ခန်းအရစ်ကျစနစ်နဲ့ ရောင်းချနေ တာတွေက တစ်နှစ်အရစ်ကျ၊ ငါးနှစ်အရစ်ကျ၊၁၀ နှစ်အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ ကွန်ဒိုတွေကို ရောင်းချပေးကြသလို တန်ဖိုးသင့် သိန်း ၁၀ဝ၊သိန်း၂၀ဝ တိုက်ခန်းတွေကို အရစ်ကျရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ သည်လို ရောင်းချမှုကို ပြပွဲတွေ ပြုလုပ်ပြီး ရောင်း ချတာ ဖြစ်ပါတယ်။

“အန်တီတို့က အရစ်ကျနဲ့ရောင်းတယ်ဆိုလို့ လာကြည့်တာပါ၊ လိုတော့လိုချင်တာပေါ့၊ အိမ်ပိုင်လေးနဲ့ဆိုတော့ ပိုကောင်း တာ ပေါ့၊ အရစ်ကျဝယ်ရတာကိုတော့ သိတယ်၊ ဘယ်လိုဝယ်ရလဲဆိုတာကို တော့ မသိဘူး၊ အခုဒီမှာကျတော့ ဘဏ်နဲ့ ချိတ်သွင်းရတာ ဆိုတော့လေ၊ပြီးတော့သွင်းရမယ့်နှုန်းထားကိုလဲ မတတ်နိုင် ဘူးလေ၊ ဝယ်ဖြစ်မယ် တော့ မထင်ပါဘူး၊ ချိန်နေတာနဲ့ မဝယ်ဖြစ် လောက်ပါဘူး”လို့   လာရောက်ကြည့်သူ ဒေါ်ခင်ခင်ဌေးက ပြောပါတယ်။

သည်လို အရစ်ကျရောင်းနေတဲ့ တန်ဖိုးနည်းတိုက်ခန်းတွေကို ဝယ်ယူတဲ့ သူတွေကလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေ၊ အိမ်ပြန်ငှားဖို့ ဝယ်တဲ့သူတွေက များတယ်လို့ သိရပါတယ်။လခစားဝန်ထမ်းတွေအတွက်ကတော့ သွင်းရမယ့် ငွေကြေးကို မတတ်နိုင်တာတွေကြောင့်လည်း အရစ်ကျတိုက်ခန်းတွေကို ဝယ်ယူသူ နည်းပါး နေတာလည်း ဖြစ်ပါတယ်။


Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service