ဧဒင်ကုမ္ပဏီအုပ်စုက တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းနှင့် ချေးငွေများထုတ်ချေးရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
4162 Views

ဧဒင်ကုမ္ပဏီအုပ်စုက တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းနှင့် ချေးငွေများထုတ်ချေးရန် စီစဉ်

ဧဒင်ကုမ္ပဏီအုပ်စုသည် မြန်မာနိုင်ငံ၌ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်ရန်နှင့် ချေးငွေများထုတ်ချေးရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

‘‘အဓိကကတော့ ကျေး လက်ကို ဦးစားပေးပြီး တည် ဆောက်သွားမယ်။ တန်ဖိုးကမျှတ ပြီး ပြည်သူတွေဝယ်ပြီး နေနိုင် အောင် တည်ဆောက်ဖို့ အခု ကျွန် တော်တို့ ကုမ္ပဏီက လေ့လာမှု တွေ လုပ်နေပါတယ်’’ဟု ဧဒင် ကုမ္ပဏီ အုပ်စု အမှုဆောင်ဒါရိုက် တာ ကိုရဲမင်းအောင်က 7Day Daily အား ပြောသည်။

ဧဒင်ကုမ္ပဏီအုပ်စု လက် အောက်ရှိ ဘဏ်လုပ်ငန်းစုဖြစ် သည့် Myanmar Apex Bank က လည်း ပြည်တွင်းမှ အိမ်ရာများကို ပြည်သူများဝယ်ယူနိုင်ရန် ငွေချေး မည့် အစီအစဉ်များလည်း လုပ် ကိုင်ရန် ရည်မှန်းထားကြောင်း ကိုရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ရာဝယ် ယူရန် ချေးငွေထုတ်ချေးရာ၌ ကာ လတိုချေးငွေသာ ထုတ်ချေးနိုင်ပြီး ကာလရှည်ချေးငွေ ၀န်ဆောင်မှု မပေးနိုင်သေးကြောင်း ၎င်းက ရှင်းပြသည်။

ထို့ကြောင့် ကာလရှည် နှစ် ၂၀ နှစ် ၃၀ အထိ အိမ်ရာဝယ်ယူ ရန် ချေးငွေများထုတ်ချေးနိုင်ရန် ဗဟိုဘဏ်နှင့် ဆွေးနွေးမှုအချို့ ပြုလုပ်မည်ဖြစ်ကြောင်း ဧဒင် ကုမ္ပဏီအုပ်စုက ရည်ရွယ်ထား သည်။

ဆောက်လုပ်ရေးလုပ်ငန်း များ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ လုပ်ကိုင်နေ သည့် ဧဒင်ကုမ္ပဏီသည် မြို့စွန် ဧရိယာများတွင် တန်ဖိုးနည်းအိမ် ရာစီမံကိန်းများ အကောင်အထည် ဖော်ရန် အစီအစဉ်များမရှိကြောင်း ဧဒင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဒီဇင်ဘာအတွင်း ဂျပန်နိုင်ငံ တို ကျိုမြို့တွင် ပြုလုပ်သည့် မြန်မာ့ စီးပွားရေးဆွေးနွေးပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။

မြို့လယ်ကောင်တွင် နေရာ ကျဉ်းမြောင်းပြီး အကန့်အသတ် များရှိနေခြင်းအတွက် မြန်မာနိုင်ငံ ၌ ရင်းနှီးမြှုပ်နှံရာတွင် ရွေးချယ် စရာ အခွင့်အလမ်းနည်းပါးကြောင်း ဦးချစ်ခိုင်က ပြောကြားခဲ့သည်။

နိုင်ငံ၏ စီးပွားရေးမှာ ကိန်း ဂဏန်းများနှင့် ခန့်မှန်းချက်များအ ရ တိုးတက်မည်ဟု ဆိုထားသော် လည်း အိမ်ခြံမြေဈေးကွက်မှာ လတ်တလောတွင် အခြေအနေမ ကောင်းကြောင်း ဦးချစ်ခိုင်၏ ပြောကြားချက်ကို ဂျပန်နိုင်ငံအ ခြေစိုက် Nikkei Asia Review သ တင်းဌာနက ပြန်လည်ရေးသား ဖော်ပြသည်။

၁၉၉၀ ပြည့်နှစ်ကစတင်ပြီး ပြည်တွင်း၌ စီးပွားရေးလုပ်ငန်း များ လုပ်ကိုင်သည့် ဧဒင်ကုမ္ပဏီ သည် ဆောက်လုပ်ရေး၊ ဘဏ် လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ ဆန်စပါးလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံထားသော ထိပ် သီးကုမ္ပဏီတစ်ခုဖြစ်သည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service