တောင်သမန်(ဦးပိန်)တံတားကြီးကို နည်းလမ်းနှစ်သွယ်ဖြင့် ပြုပြင်ထိန်း သိမ်းရန် ဗိသုကာကောင်စီမှ အကြံပြု - Property News in Myanmar from iMyanmarHouse.com
1499 Views

တောင်သမန်(ဦးပိန်)တံတားကြီးကို နည်းလမ်းနှစ်သွယ်ဖြင့် ပြုပြင်ထိန်း သိမ်းရန် ဗိသုကာကောင်စီမှ အကြံပြု

ကမ္ဘာကျော် တောင်သမန်(ဦးပိန်)တံတားကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရန်နှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရန်အတွက် နည်းလမ်းနှစ်သွယ်ဖြင့် ပြုပြင် ထိန်းသိမ်းမှုများဆောင်ရွက်နိုင်ရန် မြန်မာဗိသုကာပညာရှင်များ ကောင်စီက အကြံပြုထားကြောင်းသိရသည်။

အဆိုပါအကြံပြုချက်များအနေဖြင့် နည်းလမ်း(၁)မှာ တံတားကြီးအား လက်ရှိ အများပြည်သူအသုံးပြုနေမှုကို ကန့်သတ်၍ ရှေးဟောင်းအမွေအနှစ်အဖြစ် သီးသန့်ထားရှိထိန်းသိမ်းရန်ဖြစ်ပြီး နည်းလမ်း(၂)မှာ လက်ရှိအတိုင်း အများပြည်သူအသုံးပြုမှု ဆက်လက်ထားရှိ၍ ပြုပြင်ထိန်းသိမ်းရန်တို့ဖြစ်သည်။

အဆိုပါနည်းလမ်း နှစ်သွယ်အနက် နည်းလမ်းတစ်ခုကို သာ ရွေးချယ်အသုံးပြုရန်ဖြစ်ပြီး ဖြစ်နိုင်ခြေအများဆုံး နည်းလမ်းတစ်ခုကို ကျန်အဖွဲ့အစည်းအသီးသီးတို့၏ အကြံပြု ချက်များဖြင့် ပေါင်းစပ်၍ အမြင်ရှင်းလင်းသော ထိန်းသိမ်းမှု ဖြစ်စေရန် မီဒီယာမှတစ်ဆင့် အများပြည်သူသို့ ဆောလျင်စွာ ချပြရန်လိုအပ်ကြောင်း အဆိုပါအကြံပြုချက်တွင်ထည့်သွင်းပြောကြားထားသည်။

''တံတားကြီး ပြန်လည်ပြုပြင်ဖို့အတွက် ဗိသုကာပညာရှင်တွေရဲ့ အကြံပြုချက်တွေရရှိထားတဲ့အပြင် သစ်သားထိန်းသိမ်း မှုကျွမ်းကျင်တဲ့ ပညာရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ အကြံပြုချက်တွေ ရယူနိုင်အောင် ဒီဇင်ဘာလအတွင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံသွားမှာ ပါ''ဟု တောင်သမန်အင်း သန့်ရှင်းသာယာလှပရေးနှင့် ဦးပိန်တံတား ရေရှည်တည်တံ့ခိုင်မြဲရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။

အကြံပြုချက်နည်းလမ်း(၁)အတိုင်း ဆောင်ရွက်မည်ဆိုပါက တံတားပေါ် တက်ရောက်ဖြတ်သန်းခွင့် ကန့်သတ်ရန်ဖြစ်ပြီး နိုင်ငံခြားသားနှင့် ပြည်တွင်းခရီးသွားများအား ဝင်ကြေးသတ်မှတ် ကောက်ခံခွင့်ပြုနိုင်သဖြင့် တံတားထိန်းသိမ်းရန် ဝင်ငွေရရှိသကဲ့သို့ တံတားပေါ် လူအများ ဝန်ပိပျက်စီးခြင်းမှလည်း ရှောင်လွှဲနိုင်သည်။

သို့သော် လက်ရှိအသုံးပြုနေသော ဒေသခံပြည်သူများ အခက်အခဲဖြစ်ပေါ် စေနိုင်သဖြင့် ကောင်းမွန်လုံခြုံသော ကန်ပတ်လမ်းဖောက်လုပ်ပေးခြင်း တည်းဟူသော နည်းလမ်းများကိုလည်း ကြိုတင်စဉ်းစားအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း အကြံပြုချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နည်းလမ်း (၂)အတိုင်း ပြုပြင်မည်ဆိုပါက သာမန်အချိန်တွင် တံတားကြံ့ခိုင်မှုအား ထိန်းသိမ်းထားနိုင်သော်လည်း အခါကြီးရက်ကြီးများတွင် ထိန်းချုပ်ရန်ခက်ခဲနိုင်သဖြင့် လူအများထိခိုက်နိုင်သော တံတားပျက်စီးမှုနှင့် ကြုံတွေ့နိုင်သည်။

ထို့ကြောင့် တံတားကြံ့ခိုင်မှုကို အဓိကအသားပေးထိန်းသိမ်းရန် လိုအပ်သောကြောင့် ရှေးဟောင်းအမွေအနှစ်များကို ထိခိုက်နိုင်သော နည်းပညာအသုံးပြုမှုများ ရှိလာနိုင်သဖြင့် တံတားတစ်ခုလုံးမှအစိတ် အပိုင်းတစ်ခုကို ရှေးဟောင်းလက်ရာအတိုင်း ရရှိစေရန်ပြုလုပ်ထားရန် လိုအပ်ကြောင်းလည်း အကြံပြုထားသည်။

အကြံပြုနည်းလမ်း နှစ်ခုမှ ရွေးချယ်မည့် နည်းလမ်းအတိုင်းဆောင်ရွက်ပါက အသုံးပြုသောသစ်သားများမှာ အမျိုးအစားမှန်ကန်ကောင်းမွန် ခိုင်ခံ့မှုရှိစေရန် နှင့် ပြုပြင်ထိန်းသိမ်းမည့် လက်သမား၊ အလုပ်သမားများအား ရှေးခေတ် လက်သမားအတတ်ပညာကို စနစ်တကျသင်တန်းပေးပြီး ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရေးပညာရှင်များ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဆောင်ရွက်ရန် သတိပြုစေလိုကြောင်း သိရသည်။


Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service