ရှန်ဟိုင်းအိမ်ဈေးများ သုံးလအတွင်း အနိမ့်ဆုံးကျဆင်း - Property News in Myanmar from iMyanmarHouse.com
895 Views

ရှန်ဟိုင်းအိမ်ဈေးများ သုံးလအတွင်း အနိမ့်ဆုံးကျဆင်း

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေမူဝါဒအပြောင်းအလဲများကြောင့် အိမ်သစ်ဈေးနှုန်းများသည် ပြီးခဲ့သည့် ၃ လခန့်အတွင်း အနိမ့်ဆုံးအမှတ်သို့ ကျဆင်းခဲ့ပြီး အိမ်ဝယ်လက်များ၏ အိမ်ဝယ်လိုအားသည်လည်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထပ်မံကျဆင်းခဲ့သည်။

အစိုးရမတည်သည့် တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ်ရောင်းချရမှုဧရိယာသည် ဒီဇင်ဘာလ ၁၁ ရက်တွင် ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ၁၃၁,၀၀၀ စတုရန်းမီတာ ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၁၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline PropertyConsultants Co က ဒီဇင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပျမ်းမျှတန်ဖိုးအးဖြင့် ၁ စတုရန်းမီတာလျှင် ၄၀,၇၁၂ ယွမ် (အမေရိကန်ဒေါ်လာ ၅၈၇၂)ဖြင့် ရောင်းချခဲ့ရသည်။ ၎င်းသည်လည်း ယင်းမတိုင်မီသီတင်းပတ်အောက် ၈ ဒသမ ၅ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည့် ပရောဂျက် ၁၀ ခု၏ ထက်ဝက်ကို ၁ စတုရန်းမီတာလျှင် ယွမ် ၃၀,၀၀၀ အောက်နှုန်းဖြင့် ရောင်းချခဲ့ရခြင်းဖြစ်သည်။ ဈေးနှုန်းအမြင့်ဆုံးအဖြစ်အဆင့်မြင့်ပရောဂျက် ၂ ခု၏ အခန်းများအား ၁ စတုရန်းမီတာလျှင် ယွမ် ၁၀၀,၀၀၀ အထက်ဖြင့် ရောင်းချခဲ့ရသည်။

ရောင်းလိုအားတွင်လည်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်သစ် စတုရန်းမီတာ၁၇၃,၀၀၀ ခန့် ၀င်ရောက်ခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ထက် ၂ ဆများပြားခဲ့ကြောင်းShanghai Centaline Property Consultants Co က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နိုဝင်ဘာလတွင် ရှန်ဟိုင်းမြို့၌ မြို့အစိုးရက စီးပွားသမားများ၏ အိမ်ခြံမြေဈေးကစားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့် အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ်ယခင်ထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။

ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင်အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူဖြစ်ရမည့်အပြင် နိုင်ငံတစ်ဝန်းရှိ မည်သည့်ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှုအတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်မှတ်လိုက်သည်။

ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်သေးသော်လည်း ထိုဘဏ်များ၊ အဖွဲ့အစည်းများထံမှ အိမ်ချေးငွေလျှောက်ထားသူဖူးသူများအား ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်သည်။ ယင်းစည်းမျဉ်း
များသည် နိုဝင်ဘာ ၂၉ ရက်မှစတင်အာဏာသက်ရောက်ပြီဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service