ဒုတိယဗဟို အထူးစီးပွားရေးဇုန်(မင်းဓမ္မ) စီမံကိန်း၌ ကြယ်ငါးပွင့် အဆင့်ရှိ Dusit Thani Yangon Hote ထည့်သွင်းတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
4583 Views

ဒုတိယဗဟို အထူးစီးပွားရေးဇုန်(မင်းဓမ္မ) စီမံကိန်း၌ ကြယ်ငါးပွင့် အဆင့်ရှိ Dusit Thani Yangon Hote ထည့်သွင်းတည်ဆောက်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေဖြစ်သည့် တော်ဝင်လမ်းနှင့် မင်းဓမ္မလမ်းအကြားရှိ အကျယ် ၃၆ ဒသမ ၅၅၁ ဧကရှိသော ဒုတိယ
ဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ)စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ထိုအထဲ၌ ကိုရီးယားဗိသုကာပညာဖြင့် ကြယ်ငါးပွင့်အဆင့်ရှိDusit Thani Yangon Hote တစ်လုံးကို ထည့်သွင်းတည်ဆောက်နေပြီဖြစ်ကြောင်း ဒုတိယ ဗဟို အထူးစီးပွားရေးဇုန်(မင်းဓမ္မ)စီမံကိန်း ဖော်ဆောင်နေသည့် Myanmar V -Pile Group of Companies
နှင့်Dusit International Group မှ သိရသည်။

အဆိုပါ ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ)စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Myanmar V - Pile Group of Companies မှ ၂ဝ၁၆ ခုနှစ် နှစ်စပိုင်းတွင် စတင် တည်ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်းမြေနေရာမှာ ရန်ကုန်မြို့၏ အချက်အချာကျသောနေရာတွင်တည်ရှိကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်မြို့လယ်တို့ကိုပါ ဆက်သွယ်သွားလာရ လွယ်ကူသောနေရာလည်းဖြစ်သည်။

စီမံကိန်း၏ ပထမလုပ်ကွက်အတွက် လူဦးရေ ၄ဝဝဝ ကျော် ဆံ့သော နိုင်ငံတကာအဆင့်ရှိ ကွန်ဗင်းရှင်းစင်တာကြီး ကိုတည်ဆောက်လျက်ရှိရာ ယခုအခါတွင် ပထမအဆင့်အနေဖြင့် ကွန်ဗင်းရှင်းစင်တာကြီးနှင့်တွဲဖက်၍Dusit Thani Yangon Hotel စီမံကိန်း တည်ဆောက်နေခြင်းဖြစ်သည်။

အသစ်တည်ဆောက်နေသည့် အဆိုပါ ကြယ်ငါးပွင့်အဆင့်ရှိDusit Thani Yangon Hotel ကို ကိုရီးယားနိုင်ငံ ဗိသုကာဒီဇိုင်းဖြင့် တည်ဆောက်
နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအခြေပြု ဟိုတယ်လုပ်ငန်းစုDusit International Group ၏ ဟိုတယ်စီမံခန့်ခွဲမှုအစီအမံများဖြင့်လည်း တည်ဆောက်နေခြင်းဖြစ် သည်။

ကြယ်ငါးပွင့်အဆင့်ရှိ Dusit Thani Yangon Hotel ကြီးအတွင်း အခန်းပေါင်း ၃၃၈ ခန်းပါဝင်မည် ဖြစ်ပြီးBallroom Function and Meeting Room များ၊ စားသောက်ဆိုင်များ၊ ယာဉ်ရပ်နားရန် ကားပါကင်နေရာများနှင့် အခြားကြယ်ငါးပွင့်အဆင့်မီ ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်သည်။

ထပ်မံ၍ ဒုတိယလုပ်ကွက်တွင်လည်း ရုံးခန်းအဆောက်အအုံ လေးလုံး၊ Service Appartments အဆောက်အအုံ ခုနစ်လုံး၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ အီလက်ထရွန်နစ်နှင့်ကုန်သွယ်ရေး စင်တာများနှင့် ငါးထပ်ပါရှိသော ဈေးဝယ်စင်တာများအစရှိသည့် ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ)နှင့် သက်ဆိုင်သည့်
စီးပွားရေးအဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီးကွန်ဗင်းရှင်းစင်တာအသစ်ကိုလည်း ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကာ ရန်ကုန်မြို့တွင် ပထမဦးဆုံးသော Integrated Mixed Developmentအဖြစ်စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းကြီးတစ်ခုလည်း ဖြစ်သည်။

''မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာလာပြီဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအပေါ်အခြေခံပြီး နိုင်ငံခြား ခရီးသွားတွေဟာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမို
ဝင်ရောက်လာတာတွေ့ရပါတယ်။ အခု တည်ဆောက်သွားမယ့် ကြယ်ငါးပွင့်အဆင့်ရှိDusit ဟိုတယ်ကလည်း နိုင်ငံတကာအဆင့်မီ တည်ဆောက်မှာဖြစ်တာမို့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကိုပါ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ဒါ့အပြင့် လူဦးရေ လေးထောင် ကျော်ဆံ့တဲ့ နိုင်ငံတကာအဆင့်မီ MCC ခန်းမကြီးကို လည်း တည်ဆောက်လျက်ရှိနေပါပြီ။ ဒီအထူး စီးပွားရေးဇုန်ကြီးမှာ အခြားအဆောက်အအုံများ လည်း ပါဝင်မှာဖြစ်ပြီး ဟိုတယ်ကြီးကိုတော့ လာမယ့် ၂ဝ၂ဝ ခုနှစ်မှာ ဖွင့်လှစ်မှာဖြစ်တာကြောင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်အောင် စီစဉ်ထားပါတယ်''ဟု Myanmar V- Pile Group of Companies မှ ဒါရိုက်တာ ဒေါ်သင်းသင်းဟန်က ပြောသည်။

ရန်ကုန်မြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်က ဝင်ရောက်လူဦးရေ ၁ ဒသမ ၃ သန်းခန့်ရှိပြီး နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့်တိုးတက်လျက်ရှိကြောင်း သိရသည်။

လာမည့် ၂ဝ၂ဝ ခုနှစ်၌ ဝင်ရောက်လာကြမည့် နိုင်ငံတကာခရီးသွားဧည့်သည်မှာ ၇ ဒသမ ၄ သန်း
အထိ မြင့်တက်လာမည်ဟု ထိုင်းနိုင်ငံအခြေစိုက် ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာ Dusit International Group မှ ခန့်မှန်းထားရာ ယခုအသစ်တည်ဆောက်သွားမည့် ဟိုတယ်ကြီး၌ ပြည်ပခရီးသွားဧည့်သည် များအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မည်ဖြစ် ကြောင်း ဒုတိယဗဟိုအထူးစီးပွားရေးဇုန်(မင်းဓမ္မ) စီမံကိန်းလုပ်ငန်းခွင်မှသိရသည်။

Credit: The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service