ဒေါ်လာတွေ နိုင်ငံထဲကိုဝင်လာဖို့ နည်းလမ်းနှစ်သွယ် - Property News in Myanmar from iMyanmarHouse.com
2692 Views

ဒေါ်လာတွေ နိုင်ငံထဲကိုဝင်လာဖို့ နည်းလမ်းနှစ်သွယ်

ဒေါ်လာတွေ ပြန်ဝင်လာဖို့က ပြည်တွင်းမှာရှိပြီးသား ဒေါ်လာတွေဈေးကွက်ထဲကို စီးဝင်လာအောင်လုပ်တာနဲ့ တခြား နိုင်ငံမှာရှိတဲ့ ဒေါ်လာတွေ ပြည်တွင်းကိုစီးဝင်လာအောင်လုပ်တာဆိုပြီး နှစ်မျိုး လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

လတ်တလောမှာ ဒေါ်လာဈေးတွေ စံချိန်တင်မြင့်တက်နေပါတယ်။ ဒေါ်လာဈေးတက်လာတာနဲ့အတူအခြေခံစားသောက်ကုန်နဲ့လူသုံးကုန်  တွေကလည်းဈေးတွေလိုက်တက်နေပါတယ်။ ကုန်ဈေးနှုန်းတွေတက်ခြင်းကြောင့် ငွေကြေးဖောင်းပွမှုတွေ မြင့်မားလာလို့ ဒါကိုကာကွယ်ချင် ရင်တော့ နိုင်ငံခြားငွေတွေ ပြည်တွင်းကိုစီးဝင်လာဖို့လိုတယ်လို့လည်းသိရပါတယ်။

ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ငွေကြေးဖောင်းပွမှုနှုန်းကို ကာကွယ်ချင်တယ်ဆိုရင် နောက်ထပ်အရေးကြီးဆုံးအချက်ကတော့  ပြည်တွင်းကို နိုင်ငံခြားသုံးငွေတွေ စီးဝင်လာဖို့လိုပါတယ်လို့ ပြောပါတယ်။

ပြည်တွင်းကို ဒေါ်လာတွေစီးဝင်လာဖို့ဆိုတာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူပါလာမယ့် ဒေါ်လာနဲ့ ပို့ကုန်တင်ပို့ခြင်းကနေဒေါ်လာတွေ ပြည်တွင်းကို စီးဝင်လာဖို့လိုနေတာ ဖြစ်ပါတယ်။
သည်လို ဆောင်ရွက်နိုင်ဖို့က ရင်းနှီးမြှုပ်နှံမှုကိုတာဝန်ယူတဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပို့ကုန်၊ သွင်းကုန်တာဝန်ယူတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တခြားသက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

စီးပွားရေးအတွက် အကျိုးသက်ရောက်မှုက နိုင်ငံရဲ့ကုန်ထုတ်စွမ်းအား တိုးတက်အောင်လုပ်ဖို့ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်လာအောင်၊ နောက်တစ်ခုက ပြည်တွင်းမှာရှိနေတဲ့ ကိုင်ထားတဲ့ ငွေရင်းနှီးမြှုပ်နှံမှုတွေက ထုပ်လုပ် မှုစွမ်းအားတက်အောင် ဆောင်ရွက်ဖို့လိုတယ်လို့ သိရပါတယ်။

တချို့သော ကုန်စည်တွေရဲ့ သွင်းကုန်တွေက နိုင်ငံခြားကနေတစ်ဆင့်တင်သွင်းပြီးမှ ထုတ်လုပ်ရတဲ့အခါကျတော့ ငွေ ဖောင်းပွတဲ့အခါပေးရတဲ့ တန်ဖိုးတွေပိုများ လာတဲ့အခါ၊ သူ့ရဲ့ကုန်ကြမ်းဈေးနှုန်းက များလာတဲ့အခါ မှာ သူ့ရဲ့ထုတ်ကုန်ဈေးနှုန်းကတက်လာ ပြီးတော့ ထွက်လာတဲ့ ကုန်စည်ကို ပြန်ရောင်းတဲ့အခါမှာလဲ ဈေးကများသွားမယ်၊ ဒီလိုအနေအထားတွေဖြစ်စေတယ်၊ ငွေကြေးဖောင်းပွမှု ဖြစ်တဲ့အခါ မှာexport လုပ်တဲ့အခါမှာတော့ အကျိုးအမြတ်ပိုရှိပါတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဝါဝါမောင်က ပြောပါ တယ်။

လုပ်သာကိုင်သာ လိုအပ်
ဒါပေမဲ့ မြန်မာနိုင်ငံက ပို့ကုန်နည်းပြီးသွင်းကုန်များတဲ့ နိုင်ငံဖြစ်နေပါတယ်။ ထုတ်လုပ်တဲ့လုပ်ငန်းတွေတိုးတက်အောင်လုပ်ဖို့ဆိုရင် လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်တွေဖန်တီးပေးဖို့ လိုပါတယ်။ ကုန်သွယ်မှုရေးရာ မူဝါဒတွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဖြေလျှော့တာတွေ၊ နိုင်ငံတကာ နဲ့ ပတ်သက်တဲ့ ငွေပေးချေမှုစနစ်တွေပိုမိုချောမွေ့လွယ်ကူစေဖို့လိုပါတယ်။နိုင်ငံတကာနဲ့ချိတ်ဆက်ဆောင် ရွက်တဲ့အခါမှာလည်း ဘဏ်စနစ်တွေ၊ ဝန်ဆောင်မှုတွေပိုမြန်လာတာ၊ ငွေပေးချေတဲ့ နေရာမှာ transition cost တွေလျော့နည်း ကျဆင်းစေဖို့လိုတယ်လို့လည်း သိရတယ်။

‘ဒုတိယ အချက်ကတော့ ဗဟိုဘဏ် နဲ့ ဆိုင်ပါတယ်၊ အပြင်ကနေ စီးဝင်လာတာမဟုတ်ဘဲနဲ့ အတွင်းကိုရောက်နေတဲ့ ဒေါ်လာတွေမှာ မှ တချို့ဘဏ်တွေမှာ ဒေါ်လာတွေအများကြီးရှိတယ်၊ တချို့ဘဏ်တွေမှာ ဒေါ်လာတွေမရှိဘူး၊   အဲဒီတော့ ဒေါ်လာတွေ ပိုလျှံနေတဲ့ဘဏ် တွေကနေ လိုအပ်နေတဲ့ဘဏ်တွေကို ဒေါ်လာတွေ စီးဝင်သွားအောင်လုပ်ရမှာဖြစ်ပါတယ်၊ တချို့ ဘဏ်တွေက ဒေါ်လာတွေ  ပိုလျှံပြီးကိုင် ထားပြီးတော့ ဈေးကွက်မရှိတဲ့အတွက် အရောင်းအဝယ်မဖြစ်တဲ့အခါ တကယ်တမ်းဈေးကွက်ထဲမှာ ခန်းခြောက်သလို ဖြစ်သွားပါတယ်လို့ ဦးဆက်အောင်က ပြောပါတယ်။

ဈေးကွက် စီးပွားရေးမှာ ဈေးကစားခြင်းကို ထိန်းချုပ်မှုနဲ့ ဘုံစီးပွားရေးမှာ ဈေးကစားခြင်းကို ထိန်းချုပ်မှုက မတူညီတာကြောင့်ဈေးကစား ခြင်းကို ထိန်းချုပ်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ကာ ပြည်တွင်းကိုဒေါ်လာတွေ စီးဝင်လာဖို့ က အရေးကြီးတယ်လို့သိရပါတယ်။
ဦးဆက်အောင်က ဈေးကစားခြင်းနဲ့ ပတ်သက်ပြီး ‘နောက်တစ်ခုကကျွန်တော်တို့ဆီမှာ အဓိကဖြစ်နေတဲ့ ပြဿနာကတော့ ဈေးကစားခြင်း ဖြစ်ပါတယ်၊ ဈေးကစားခြင်းဆိုတာက မှန်းဆပြီးတော့ လုပ်ရတဲ့ စနစ်ဖြစ်ပါတယ်၊  ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ စနစ်ကိုက ဘုံစီးပွားရေးစနစ်မှာ ဈေးကစားခြင်းကို ထိန်းချုပ်ဖို့ အကျွမ်းတဝင်ဖြစ်နေပါပြီ၊ ဈေးကွက်စီးပွားရေးမှာ ဈေးကစားခြင်းကို ထိန်းချုပ်ဖို့ အကျွမ်းတဝင် မဖြစ်သေးပါဘူးလို့ ဆို ပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ငွေကြေးဖောင်းပွမှုကို မည်ကဲ့သို့ထိန်းချုပ်ရမည်၊ ငွေကြေးဖောင်းပွမှုနှုန်းနှင့်အတူ နိုင်ငံခြားငွေတိုးတက်မြင့် မားလာမှုတွေ၊ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်မှုတွေနဲ့ ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်နဲ့ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဝါဝါမောင် တို့က တွေ့ဆုံဆွေးနွေးရာ နိုင်ငံပိုင်မီဒီယာမှာ ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။


Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service